တယ်ချင်းခရိုင်၌ နဝမအကြိမ်မြောက် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မေလီနတ်တောင် ပူဇော်ပွဲကို ကျင်းပခဲ့
2023-06-01 10:32|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၂၉ ရက်နေ့တွင် "ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ကွယ်ကွယ်ထိန်းသိမ်းရန် အားဖြည့်ပေးခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးခြင်း" ဟူသော ခေါင်စဉ်ဖြင့် တယ်ချင်းခရိုင်ရှိ ၂၀၂၃ ခုနှစ် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့နှင့် တယ်ချင်းခရိုင်ရှိ နဝမအကြိမ်မြောက် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မေလီနတ်တောင် ပူဇော်ပွဲကို ဖေးလိုင်ဘုရားကျောင်းရှိ ရှုခင်းကြည့်စင်မြင့်၌ ကျင်းပခဲ့သည်။
တယ်ချင်းခရိုင် စီနုံကျေးရွာမှလာသည့် အကသမားများသည် ခေါင်းပေါ်တွင် "ဆူဇန်" (အနှံသဏ္ဍာန်ရှည်ရှိထားသော အနီရောင်ဦးထုပ်)ကို ဝတ်ဆင်ထားပြီး ဝတ်ကောင်းစားလှကို ဝတ်ဆင်ထားပြီး "ဓောင်းဇန်" (ရိုးရာ ပုံပြောတေးဆိုခြင်း အနုပညာတစ်မျိုး)ကို တင်ဆက်ပြသ ခဲ့ကြပြီး' တရုတ်နိုင်ငံ အမျိုးသားအဆင့် ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် ဘိမ်ဇေလန်ကော်ကျုံး (ရိုးရာအကတစ်မျိုး) ကိုလည်း အချိန်တူ ပြသခဲ့ကြကာ ရိုးရာယဉ်ကျေးမှုများနှင့် ဆီးနှင်းတောင်တို့ အချင်းချင်း ရောင်ပြန်ဟပ်ထားပြီး လှပသည့် အရာများ များပြားလှသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မေလီနတ်တောင် ပူဇော်ခြင်းကို စတုတ္ထအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များထဲမှ ကိုယ်စားလှယ်ပြုနိုင်သည့် စီမံကိန်းစားရင်းအဖြစ် အမည်ပေးခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် ထုတ်ပြန်ကြေညာခဲ့သည်။ နှစ်တိုင်း မေလ ၃၁ ရက်နေ့ကို "မေလီနတ်တောင် ပူဇော်ခြင်းနေ့" အဖြစ် သတ်မှတ်ခဲ့သည်ဟု ၂၀၁၆ ခုနှစ် မေလ ၇ ရက်နေ့တွင် တယ်ချင်းခရိုင်ရှိ ၁၃ ကြိမ်မြောက် ပြည်သူ့အစိုးရ၏ ၂၃ ကြိမ်မြောက် အမြဲတမ်းအစည်းအဝေးမှ အတည်ပြုခဲ့သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့










