၃ နှစ်ကြာကာလပြီးနောက် တရုတ်နိုင်ငံ ကူမင်းမြို့ နိုင်ငံတကာပန်းပြပွဲကို ပြန်လည်ကျင်းပမည်

2023-05-26 16:41|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၃ နှစ်ကြာကာလပြီးနောက် တရုတ်နိုင်ငံ ကူမင်းမြို့ နိုင်ငံတကာပန်းပြပွဲကို ပြန်လည်ကျင်းပမည်။ ၂၁ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်းမြို့ နိုင်ငံတကာပန်းပြပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ တိန်ချီး နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထောက်က မေလ ၁၈ ရက်နေ့တွင် ယူနန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဦးစီးဌာနမှ သတင်းရရှိခဲ့သည်။ ဤအကြိမ် ပြပွဲကို ယူနန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဦးစီးဌာနသည် ကြီးမှူးကျင်းပ၍ ယူနန်ပြည်နယ် ပန်းမန်နည်းပညာ လေ့ကျင့်ပျိုးထောင်ပေးရေးနှင့် ဖြန့်ဖြူးရေးစင်တာနှင့် ပီကင်း လစ်တယ် ပြသရေး ကုပ္မဏီလီမိတက်တို့သည် တာဝန်ယူကျင်းပသွားမည်ဖြစ်ကာ အခု ပြပွဲကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို တရားဝင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

1404576_2048x2048

1404577_2048x2048

ဤအကြိမ်ပန်းပြပွဲ၏ အဓိကကျင်းပရာနေရာသည် စတုရန်းမီတာ ၅ သောင်းအထိ ရှိမည် ခန့်မှန်းထားသည်။ ပြပွဲပါဝင်မည့် ကုမ္ပဏီများသည် ပြည်တွင်းပြည်ပ လူသိများသော ပန်းမန်နှင့် ပန်းမန်ဆိုင်ရာ ကုမ္ပဏီများ ပါဝင်ထားသည် ဖြစ်၍ နယ်သာလန်၊ အစ္စရေး၊ ဂျပန်၊ အိန္ဒိယ၊ အက်စ်တိုးနီးယား၊ ဂျာမဏီ၊ အမေရိကန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဗြိတိန်၊ အီကွေဒေါ စသည့်နိုင်ငံများမှ ကုမ္ပဏီများသည် ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင်၊ နယ်သာလန်နိုင်ငံကို ပြပွဲ၏ ဧည့်သည်တော်နိုင်ငံအဖြစ် ဖိတ်ကြား၍ ပြပွဲပါဝင်ရန် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ဧည့်သည်တော်နိုင်ငံဆိုင်ရာ ဖလှယ်ရေး လှုပ်ရှားမှုများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ Japan Flowers and Plants Export Association (JFPEA)သည် ပြပွဲပါဝင်ရန် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

"နာမည်ကျော်သောပန်း ၁၀ မျိုး"ဆိုင်ရာ ပြသရေးဧရိယာကို စီးစဉ်ထားပြီး ယူနန်ပန်းမန်လုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ကြည့်ရှုသူများအတွက် စုစည်းပြသ၍ "ယနန့်ပန်း"ဟူသော အမှတ်တံဆိပ်၏ အကျိုးသက်ရောက်မှုနှင့် နိုင်ငံတကာနာမည်ကျော်မှုကို ဆက်လက်မြှင့်တင်သွားမည် ဖြစ်သည်။ 

ပြပွဲကျင်းပရာတွင် ပန်းမန်လုပ်ငန်းရှိ စက်ပစ္စည်းများ ခေတ်မီတိုးတက်ရေး နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ၊ ယူနန့် ပန်းမန် မျိုးကောင်းမျိုးသန့်ပြုစုခြင်းဆိုင်ရာ အောင်မြင်မှု အသွင်ပြောင်းလဲမှု ပြသမိတ်ဆက်ခြင်းနှင့် နိုင်ငံတကာ သစ်လွင်ကောင်းမွန်သော အမျိုးအစားများ၏ ရေပန်းစားရှေ့အလားအလာကို ထုတ်ပြန်ခြင်း၊ ယူနန့် ပန်းမန် လုပ်ငန်းရှိ အောင်မြင်မှုများပြသရေးနှင့် "နာမည်ကျော်သောပန်း ၁၀ မျိုး" ဆိုင်ရာ ပြန်ကြားခြင်း၊ ဥယျာဉ်ဇုန်၏ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်းနှင့် မိတ်ဆက်ခြင်း၊ အခြေခံစခန်း၏ ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ကို ချိတ်ဆက်ခြင်း၊ ကျင်းပရာနေရာခွဲနှင့် ပေါင်းစပ်ခြင်း စသည့် အကြောင်းအရာ ကြွယ်ဝသော သီးခြားလှုပ်ရှားမှုများကို စီစဉ်ကျင်းပမည်။

1404578_2048x2048

1404579_2048x2048

1404580_2048x2048

ဤအကြိမ်ပန်းပြပွဲသည် "ရာသီလေးပါးမှ ယူနန့်ကုန်ပစ္စည်း၊ ကုန်ထွက်ရာဒေသ ယူနန်တွင်ရှိခြင်း" ဟူသော အားသာချက်များကို အပြည့်အဝ ထုတ်ဖော်ကာ ကျွမ်းကျင်မှုဖြစ်မြောက်ခြင်း၊ နိုင်ငံတကာ အသွင်ကူးပြောင်းရေး၊ ပေါင်းစပ်မှုဖြစ်မြောက်ခြင်း၊ အမှတ်တံဆိပ်ဖြစ်မြောက်ခြင်းတို့ကို အလေးဝန်အဖြစ်၊ ခေတ်မီပန်းမန်စိုက်ပျိုးရေးလုပ်ငန်း၊ ပန်းမန်ဆိုင်ရာ နည်းပညာဆန်းသစ်တီထွင်မှု၊ ပန်းမန်ဆိုင်ရာ အဆင်မြင့်စံချိန်စံနှုန်းဖြစ်သော စက်ပစ္စည်း၊ ဒစ်ဂျစ်တယ်ပန်းမန်းများကို ပြသရေးကဏ္ဍများအဖြစ်၊ ဒေသတွင်း အများပိုင်အမှတ်တံဆိပ်၊ လုပ်ငန်းကုမ္ပဏီအမှတ်တံဆိပ်နှင့် ထုတ်ကုန်အမှတ်တံဆိပ်တို့ ပေါင်းစပ်ဖြစ်လာသည့် အမှတ်တံဆိပ်အဝိုင်းကို အလေးပေးဖန်တီး၍ "ယူနန့်ပန်း" ဟူသော အမှတ်တံဆိပ်၏ နိုင်ငံတကာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်စေကာ ကူမင်းမြို့ပန်းပြပွဲကို အောင်မြင်မှု ပေါများကြွယ်ဝသော၊ ကောင်းမွန်မှု မျိုးစုံသည့် ပန်းမန်လုပ်ငန်းရှိ ကြီးကျယ်ခန်းနားသော ဖလှယ်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်၍ ကမ္ဘာ့အဆင့်မီ၊ အာရှနံပါတ်တစ်တို့ ဖြစ်သော သီးခြားသော ကုန်ထွက်ရာဒေသဆိုင်ရာ ပန်းပြပွဲ ဖြစ်အောင် ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

昆明信息港综合整理 时隔3年,中国昆明国际花卉展重启。记者5月18日从云南省农业农村厅获悉,第二十一届中国昆明国际花卉展将于2023年9月15—17日在昆明滇池国际会展中心举办。本届展会由省农业农村厅主办,云南省花卉技术培训推广中心和北京励德展览有限公司承办,目前筹展工作正式启动。

1404576_2048x2048

1404577_2048x2048

本届昆明花展主会场预计达到50000平方米。参展企业包括国内外多家知名花卉及花卉相关企业,将有来自荷兰、以色列、日本、印度、爱沙尼亚、德国、美国、丹麦、瑞典、英国、厄瓜多尔等国家的企业参展。同时,邀请荷兰作为展会主宾国,组团参展并开展主宾国系列交流活动。日本全国花卉输出扩大协议会(JFPEA)组团参展。

设置“10大名花”展区,向国内、国际参观者集中展示云南花卉产业高质量发展成效,持续提升“云花”品牌影响力和国际知名度。

展会期间,将组织花卉产业设施设备现代化发展国际研讨会、云南花卉育种成果转化展示推介及国际新优品种流行趋势发布、云南花卉产业成果展示及“10大名花”公共宣传、园区招商推介、基地产销对接及分会场同步联动等多场内容丰富的专业活动。

1404578_2048x2048

1404579_2048x2048

1404580_2048x2048

本届昆明花展将充分发挥“四季云品·产地云南”优势,以专业化、国际化、融合化、品牌化为重点,以现代花卉种业、花卉科技创新、花卉高标准设施设备、数字花卉为展示亮点,着力打造区域公共品牌+企业品牌+产品品牌的品牌矩阵,加速“云花”品牌打造国际化进程,力争把昆明花展真正办成成果丰硕、亮点纷呈的花卉行业交流盛会,持续向世界一流、亚洲第一的专业产地型花展迈进。


အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်