ကူမင်းမြို့ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး၏ အကျိုးရလဒ်သည် သိသာထင်ရှား

2023-05-26 14:43|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ယခုနှစ်များတွင် ကူမင်းမြို့သည် စည်းစနစ်များကို ချမှတ်ခဲ့ပြီး ပြုမူဆောင်ရွက်မှုများကို အတူတူ လက်တွေ့ကျင့်သုံးခဲ့၍ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးလုပ်ငန်းများကို သိသာထင်ရှားသော အကျိုးရလဒ်များကို ရရှိစေခဲ့သည်ဟု သတင်းထောက်က အခုတလော ကျင်းပခဲ့သည့် ကူမင်းမြို့ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရှိရခဲ့သည်။

တောရိုင်းတိရိစ္ဆာန်နှင့် အပင်အရင်းအမြစ်များ ကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ "ကူမင်းမြို့ ဇီဝအမျိုးအစားများစာရင်း (၂၀၂၁ ခုနှစ်တွင် ထုတ်ဝေ)" ကို ရေးဆွဲပြီးဆုံးခဲ့ပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပုံနှိပ်ထုတ်ဝေခဲ့၍ ၄င်းသည် တရုတ်နိုင်ငံအတွင်းရှိ ပထမဆုံး ပြည်နယ်ခွဲ (မြို့)အဆင့် ဇီဝအမျိုးအစားများစာရင်း ဖြစ်ပြီး ကူမင်းမြို့တစ်ခုလုံးရှိ ဇီဝအမျိုးအစားများ၏ အချက်အလက် မရှင်းလင်းသော ပြဿနာကို ကနဦးဖြေရှင်းပေးခဲ့သည်ဖြစ်သည်။ ကူမင်းမြို့တစ်ခုလုံးရှိ တရုတ်နိုင်ငံ၏ အဓိက ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရိစ္ဆာန်နှင့် အပင်များ၏ ပြန့်နှံ့မှုကို သုံးသပ်စစ်ဆေးခဲ့သည်၊ ယူနန်ပြည်နယ် ကျောက်ဇီတောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်၌ တရုတ်နိုင်ငံ ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် ရွှေလင်းယုန်၊ တရုတ်နိုင်ငံ ဒုတိယအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် Troides aeacus၊ Carabus yunanensis နှင့် Naemorhedus griseus စသည်တို့ကို ယခုနှစ်များတွင် ပထမဆုံး တွေ့ရှိခဲ့သည် ဖြစ်သည်။

တိန်ချီးရေကန်ဘေးနားရှိ သဘာဝစိုစွတ်မြေများ ကာကွယ်ရေးလုပ်ငန်းများကို ကောင်းမွန်အောင် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ တိန်ချီးရေကန်၏ ကန်ရည်နှင့် ဆိပ်ကမ်းပင်လယ်ကွေ့များရှိ အကြီးစားရေနေပင်များ၊ အပင်မျှောလှေးများ၊ ရေမျောကောင်များ၊ ရေအောက်ကြမ်းပြင်နေသတ္တဝါများ၊ တိန်ချီးရေကန်၏ ရေပတ်ဝန်းကျင်နှင့် ရေကန်ပတ်စိုစွတ်မြေများ၏ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ဆိုင်ရာ အခြေအနေများကို ဆက်လက်စုံစမ်းခဲ့၍ စိုစွတ်မြေတစ်ခုစီရှိ ပြဿနာများကို တစ်ခုပြီးတစ်ခု ခွဲခြားသိမြင်ခဲ့သည် ဖြစ်သည်။

တိန်ချီးရေကန်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး၏ အကျိုးရလဒ်သည် သိသာထင်ရှားခဲ့သည်။ တိန်ချီးရေကန် တစ်ဝိုက်ရှိ ရုက္ခပင် လွှမ်းခြုံမှုနှုန်းသည် ၂၀၀၇ ခုနှစ်တွင် ၁၃.၁ ရာခိုင်နှုန်းမှ အခုအချိန်တွင် ၈၁ ရာခိုင်နှုန်းကျော်အထိ တိုးလာ၍ ရေကန်ဘေးနားနှင့် ရေကန်အတွင်းရှိ ရေသောက်မြစ်ရှိသောအပင်များ၏ ဇီဝအမျိုးအစား ပမာဏသည် ၃၀၃ မျိုးအထိ တိုးလာပြီး ငှက်မျိုးပမာဏသည် ၁၇၅ မျိုးအထိ တိုးလာ၍ အခုအချိန်တွင် ငါးမျိုး ၂၆ မျိုးရှိပြီး မူရင်းငါးမျိုးသည် ၆ မျိုးသို့ ပြန်လည်တိုးလာခဲ့သည် ဖြစ်သည်။

"ထိန်းချုပ်မှုမျဉ်း သုံးသွယ်"၏ ပိုင်းခြားသတ်မှတ်ခြင်းလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ မြို့တစ်ခုလုံးတွင် ပိုင်းခြားသတ်မှတ်သည့် ဂေဟစနစ် ကာကွယ်ရေး အနီရောင်မျဉ်း၏ စုစုပေါင်းဧရိယာသည် ၄၆၆၂.၅၃ စတုရန်းကီလိုမီတာ ရှိပြီး မြို့တစ်ခုလုံး၏ ပိုင်နက်နယ်မြေဧရိယာ၏ ၂၂.၁၉ ရာခိုင်နှုန်း ရှိနေကာ ပိုင်နက်နယ်မြေ အသိုင်းအဝိုင်း အထွေထွေစီမံကိန်း၏ ရေးဆွဲခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး ပိုင်နက်နယ်မြေ အသိုင်းအဝိုင်း၏ အထွေထွေအခင်းအကျင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီး မြို့ပြလုံခြုံရေး၏ ပျော့ပျောင်းကြံ့ခိုင်မှုကို အားဖြည့်ပေးခဲ့၍ ဂေဟစနစ် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်း၊ ပိုင်နက်နယ်မြေ အထွေထွေပြုပြင်ခြင်းနှင့် မြို့ပြသစ်လွင်လာခြင်းတို့ကို ရှေ့သို့တွန်းတင်ခဲ့ကာ သဘာဝထိန်းသိမ်းရေးနေရာ၏ ထိန်းသိမ်းရေးနှင့် အုပ်ချုပ်ရေးတို့ကို အားဖြည့်ပေးခဲ့ပြီး သဘာဝထိန်းသိမ်းရေးနေရာ အခု ၂၀ ကို တည်ဆောက်ပြီးဖြစ်ကာ သစ်တောဂေဟစနစ် တည်ဆောက်မှုကို အားဖြည့်ပေးခဲ့၍ မြို့တစ်ခုလုံး သစ်တောလွှမ်းခြုံမှုနှုန်းသည် ၅၂.၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး သစ်တောပမာဏသည် ကုဗမီတာ ၆၀.၅၇ သန်းရှိခဲ့သည် ဖြစ်သည်။

နောက်နောင်တွင် ကူမင်းမြို့သည် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးဆိုင်ရာ ပြေပြစ်ညီညွတ်ရေးနှင့် စီမံခန့်ခွဲရေးစနစ်များကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်မည်ဖြစ်၍ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် ပြည့်မီအောင် ဖော်ဆောင်မည်ဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး စီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ကာ ဂေဟစနစ် ကာကွယ်ရေး အနီရောင်မျဉ်းကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး  ဂေဟစနစ် ကာကွယ်ရေး အနီရောင်မျဉ်းနှင့် သဘာဝထိန်းသိမ်းရေးနေရာများကို ထိရောက်စွာ ချိတ်ဆက်မည်ဖြစ်၍ သဘာဝထိန်းသိမ်းရေးနေရာများ၏ အသိုင်းအဝိုင်း အခင်းအကျင်းကို ပိုမိုကောင်းမွန်ပြီးပြည့်စုံအောင် ဆောင်ရွက်မည်ဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးဆိုင်ရာ အခြေခံသုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စုံစမ်းခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆက်လက်ရှေ့တိုးမည် ဖြစ်၍ ကူမင်းမြို့ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ဒေတာဘေ့စ်ကို တည်ဆောက်မည်ဖြစ်၍ မြို့တစ်ခုလုံး၏ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှနေပြီးစီမံခန့်ခွဲမည် ဖြစ်သည်။

记者从近日召开的昆明市生物多样性保护工作新闻通报会上获悉,近年来,昆明市建章立制,多措并举,推动生物多样性保护工作取得显著成效。

加大野生动植物资源保护。《昆明市生物物种名录(2021版)》已经编制完成,并于2022年10月出版,是国内第一个州市级生物物种名录,初步解决了全市生物物种本底不清的问题。梳理核实全市国家重点保护陆生野生动植物分布,在云南轿子山国家级自然保护区,近年来首次发现国家I级保护动物金雕、国家Ⅱ级保护动物金裳凤蝶、滇川大步甲和川西斑羚等。

组织做好滇池湖滨生态湿地保护。持续对滇池水体、湖湾的大型水生植物、浮游植物、浮游动物、底栖动物、滇池水环境,以及环湖湿地的建设运行管理情况进行调查,逐一识别各块湿地存在的问题。

滇池生物多样性保护成效明显。滇池环湖植被覆盖率从2007年的13.1%提升为目前的81%以上,湖滨及湖内维管束植物物种数量提高至303种,鸟类增加至175种,现有鱼类26种,土著鱼类恢复至6种。

积极开展“三线”划定工作。全市划定生态保护红线总面积为4662.53平方公里,占全市国土面积的22.19%;组织开展国土空间总体规划编制,优化空间总体格局,完善基础设施建设,增强城市安全韧性,推进生态修复、国土综合整治与城市更新;加强自然保护地保护管理,已建立自然保护地20个;加强林业生态建设,全市森林覆盖率达到52.6%,森林蓄积量6057万立方米。

下一步,昆明市将进一步完善生物多样性保护协调管理机制,严格落实相关法律法规,实施生物多样性保护工程,严守生态保护红线,有效衔接生态保护红线和各类自然保护地,优化完善自然保护地空间布局。继续开展生物多样性保护基础研究,持续推进生物多样性调查监测,构建昆明市生物多样性数据库,统筹全市生物多样性保护工作。(云南日报 记者王琼梅)


အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်