ကူမင်းမြို့မှ လွမ်ပရာဘန်မြို့သို့ တိုက်ရိုက်ပျံသန်းခြင်း လေကြောင်းလိုင်းကို တရားဝင် ပြန်ဖွင့်
2023-05-25 16:26|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၂၀ ရက်နေ့မှစ၍ Yunnnan Lucky Air LLC သည် ကူမင်း-လွမ်ပရာဘန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကို တရားဝင် ပြန်ဖွင့်ခဲ့သည်ဖြစ်ကြောင်း Lucky Air မှ သတင်းအရ သိရခဲ့သည်။
ဤလေကြောင်းလိုင်းသည် အခုအချိန်တွင် ကူမင်းနှင့် လွမ်ပရာဘန်တို့အကြားမှ တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည်၊ Airbus ကုမ္ပဏီ၏ A320 လေယာဉ်နှင့် ဘိုးရင်းB737-800 လေယာဉ်တို့ဖြင့် ပျံသန်းမည်ကို စီစဉ်၍ လေယာဉ်အမှတ် 8L863/4 ဖြစ်သည်။ သွားသည့်ခရီးစဉ်တွင် ကူမင်းမြို့မှ ၁၅ နာရီနှင့် ၅ မိနစ်တွင် ပျံသန်းထွက်ခွာပြီး လွမ်ပရာဘန်မြို့သို့ ၁၅ နာရီ ၃၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ပြန်သည့်ခရီးစဉ်တွင် လွမ်ပရာဘန်မြို့မှ ၁၆ နာရီ ၃၅ မိနစ်တွင် ပျံသန်းထွက်ခွာပြီး ကူမင်းမြို့သို့ ၁၉ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဇွန်လ ၁ ရက်နေ့မှစ၍ ကူမင်း-လွမ်ပရာဘန် လေကြောင်းလိုင်း၏ ပျံသန်းသည့် အချိန်ကို စတင် ပြန်လည်စီစဉ်မည်ဖြစ်ကာ သွားသည့်ခရီးစဉ်တွင် ကူမင်းမြို့မှ ၁၅ နာရီတွင် ပျံသန်းထွက်ခွာပြီး လွမ်ပရာဘန်မြို့သို့ ၁၅ နာရီ ၃၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်၍ ပြန်သည့်ခရီးစဉ်တွင် လွမ်ပရာဘန်မြို့မှ ၁၆ နာရီ ၃၅ မိနစ်တွင် ပျံသန်းထွက်ခွာပြီး ကူမင်းမြို့သို့ ၁၉ နာရီနှင့် ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်စလုံးသည် ဒေသစံတော်ချိန်ဖြစ်သည်။
ယခုအချိန်တွင် Lucky Air သည် ပြည်တွင်းပြည်ပ အလွှဲအပြောင်းနှင့် ပူးတွဲပို့ဆောင်ရေး ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကာ ခရီးသည်များသည် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၇၀ ကျော်မှ ထွက်ခွာပြီး ကူမင်းမြို့မှတစ်ဆင့် အရှေ့တောင်အာရှရှိ နိုင်ငံတကာမြို့များသို့ လွှဲပြောင်းနိုင်သောကြောင့် လွှဲပြောင်းရာတွင် ပိုမို လွယ်ကူချောမွေ့စေသည်။ ကူမင်း-လွမ်ပရာဘန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှာ Lucky Air သည် ကူမင်း-ဗီယင်ကျန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြန်ဖွင့်ပြီးနောက် ထပ်မံပြန်ဖွင့်သည့် လာအိုနိုင်ငံသို့ လေကြောင်းလိုင်းနောက်တစ်ခု ဖြစ်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချင်းမိုင်မြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ လေကြောင်းလိုင်း ပြန်ဖွင့်ပြီးနောက် ပြန်ဖွင့်သည့် စတုတ္ထမြောက် အရှေ့တောင်အာရှမြို့သို့ လေကြောင်းလိုင်းလည်းဖြစ်သည်။
昆明信息港讯 记者上官艳君 记者从云南祥鹏航空有限责任公司(下称“祥鹏航空”)获悉,5月20日起,祥鹏航空昆明=琅勃拉邦国际航线正式复航。
据了解,祥鹏航空昆明=琅勃拉邦航线是目前两地间独飞航线,计划由空客A320和波音B737-800机型执飞,航班号为8L863/4。去程将于15:05自昆明起飞,15:35到达老挝琅勃拉邦;回程于16:35自琅勃拉邦起飞,19:00抵达昆明。
6月1日起,昆明=琅勃拉邦航线,航班时刻将进行调整,去程将于15:00自昆明起飞,15:35到达老挝琅勃拉邦;回程于16:35自琅勃拉邦起飞,19:05抵达昆明。航班进出港时刻均为当地时间。
目前,祥鹏航空已推出国内国际中转联运服务,旅客可从国内70余个城市经昆明双向中转至东南亚国际城市,中转更加轻松、顺畅。昆明=琅勃拉邦国际航线,是继昆明=万象国际航线后,祥鹏航空恢复执行的又一条老挝航线,也是继泰国曼谷、清迈,老挝万象后,祥鹏航空恢复通航的第四个东南亚城市。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့