ယူနန်ပြည်နယ်တွင် "နိုင်ငံတကာ လက်ဖက်ခြောက်နေ့" ဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပခဲ့
2023-05-25 10:56|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၂၁ ရက်နေ့သည် စတုတ္ထအကြိမ်မြောက်" နိုင်ငံတကာ လက်ဖက်ခြောက်နေ့" ဖြစ်၍ ပြည်နယ်တစ်ခုလုံး လက်ဖက်ခြောက်ထွက်ရာဒေသ အသီးသီးသည် ယူနန်ပြည်နယ်ရှိ လက်ဖက်ခြောက်လုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဗဟိုပြုပြီး သက်ဆိုင်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။
လက်ဖက်၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ချီးကျူးရန်နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်တိုင်း မေလ ၂၁ ရက်နေ့ကို "နိုင်ငံတကာ လက်ဖက်ခြောက်နေ့" အဖြစ် သတ်မှတ်ခဲ့သည်ဟု ကျေညာခဲ့သည်၊ "နိုင်ငံတကာ လက်ဖက်ခြောက်နေ့"သည် တရုတ်နိုင်ငံ ပထမဆုံး အောင်မြင်စွာ တွန်းဆော်ထူထောင်သည့် လယ်ယာစိုက်ပျိုးရေးနယ်ပယ်မှ အပြည်ပြည်ဆိုင်ရာပွဲတော်လည်း ဖြစ်လာသည်။ ဤနှစ် မေလ ၂၁ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် "မေလ ၂၁ ရက်နေ့၊ နိုင်ငံတကာ လက်ဖက်ခြောက်နေ့" ဟူသော လှုပ်ရှားမှုများကို ကူမင်းမြို့ ရှုံသာလက်ဖက်ခြောက်ရောင်းဝယ်ရေးစျေး၌ ကျင်းပခဲ့သည်။ ထိုနေ့တွင် ဖူအယ်မြို့၌ "နိုင်ငံတကာ လက်ဖက်ခြောက်နေ့" ဟူသော လှုပ်ရှားမှု ရက်သတ္တပတ်၏ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကာ လျင်ချမ်းမြို့တွင် "တရုတ်လက်ဖက်ရည်ကို အတူတူသောက်သုံးခြင်း၊ လျင်ချမ်းမြို့ စံပြနမူနာ၊ လက်ဖက်ခြောက် မှာယူလျှင် ရှီးကွေး ရွေးချယ်ပါ" ဟူသော ဖြန့်ဖြူးရေးလှုပ်ရှားမှုများကို ကျင်းပခဲ့သည်။
ယခုအချိန်သည် ယူနန်ပြည်နယ်တွင် နွေဦးလက်ဖက်ခြောက် ဆွတ်ခူးခြင်း၊ ထုတ်လုပ်ခြင်းနှင့် အချောကိုင်ခြင်းအတွက် အချိန်ကာလဖြစ်၍ လက်ဖက်ခြောက်ထွက်ရာဒေသ အသီးသီးတွင် ထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်ခုလုံး များပြားသည်။ ၂၀၂၃ ခုနှစ်တွင် စီးပွားရေး ပြန်လည်ကောင်းမွန်လာသည် နှင့်အမျှ လက်ဖက်ကုန်သည်များနှင့် လက်ဖက်ဖောက်သည်များ၏ အနာဂတ် ဝင်ငွေများနှင့်ပတ်သက်သည့် မျှော်လင့်ချက်သည် တိုးပွားလာ၍ လက်ဖက်ခြောက် ရောင်းဝယ်ရေးသည် ၂၀၂၂ ခုနှစ်ထက် ပိုမိုကောင်းမွန်လာမည်ဟု နယ်ပယ်အတွင်း လူပုဂ္ဂိုလ်များက ဆိုခဲ့ကြသည်။
လက်ဖက်ခြောက်လုပ်ငန်းသည် ယူနန်ပြည်နယ်တွင် အားသာချက်ရှိသည့် လုပ်ငန်း၊ ထူးခြားချက်ရှိသည့် လုပ်ငန်းနှင့် အဓိကလုပ်ငန်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ယူနန်ပြည်နယ်သည် "လက်ဖက်ခြောက်လုပ်ငန်း၏ စုစုပေါင်းထွက်ကုန်တန်ဖိုးသည် အယွမ် ၁၀၀ ဘီလျံ ကျော်လွန်ခြင်း" ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပြီးနောက် ၂၀၂၁ ခုနှစ်တွင် ယူနန့်လက်ဖက်ခြောက်လုပ်ငန်းသည် ဆက်လက် ကောင်းမွန်လာ၍ စုစုပေါင်းထွက်ကုန်တန်ဖိုးသည် အယွမ် ၁၀၇.၁၁ ဘီလျံအထိ ရောက်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူနန့် ထူးခြားချက်ရှိသည့် ထုတ်လုပ်မှုလုပ်ငန်းများသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ ယူနန့်လက်ဖက်ခြောက်လုပ်ငန်း တစ်ခုလုံး၏ စုစုပေါင်းထွက်ကုန်တန်ဖိုးသည် အယွမ် ၁၃၈ ဘီလျံအထိ ရောက်ရှိခဲ့၍ ကာလတူထက် အယွမ် ၃၀.၉၅ ဘီလျံ တိုးပွားလာခဲ့သည်။ ယူနန်ပြည်နယ် တစ်ခုလုံးတွင် လက်ဖက်စိုက်ခင်းဥယျာဉ်၏ အကျယ်အဝန်းဧရိယာ အမို ၇၄၃.၆ သောင်းရှိခဲ့၍ ကာလတူထက် ၀.၅ ရာခိုင်နှုန်း တိုးပွားလာခဲ့ကာ လက်ဖက်ခြောက်ထွက်ကုန်ပမာဏ တန်ချိန် ၅၁.၅ သောင်းရှိခဲ့၍ ကာလတူထက် ၅.၁ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် ညစ်ညမ်းမဲ့အစိမ်းရောင် လက်ဖက်စိုက်ခင်းဥယျာဉ်၏ အကျယ်အဝန်းဧရိယာ အမို ၂၄၄.၇ သောင်းအထိ ရောက်ရှိခဲ့၍ ကာလတူထက် ၅၂.၆ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ ယူနန့် ညစ်ညမ်းမဲ့အစိမ်းရောင် လက်ဖက်စိုက်ခင်းဥယျာဉ်၏ အသိအမှတ်ပြုဧရိယာနှင့် အသိအမှတ်ပြုထုတ်ကုန်အရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာတွင် နှစ်ပေါင်းများစွာ အများဆုံးဖြစ်ခဲ့ပြီ။
5月21日是第四个“国际茶日”,全省各茶区围绕云南茶叶产业高质量发展推出系列活动。
2019年12月,联合国大会宣布将每年5月21日确定为“国际茶日”,以赞美茶叶的经济、社会和文化价值,促进农业的可持续发展,“国际茶日”也成为我国首次成功推动设立的农业领域国际性节日。今年5月21日,第四届“5·21国际茶日”主题活动在昆明市雄达茶城举办。同日,普洱市举行“国际茶日”活动周启动仪式;临沧市推出“共饮一杯中国茶·临沧样本 茶定昔归”系列推广活动。
眼下正是云南春茶采摘、制作加工的时节,各大茶区产销两旺。业内人士纷纷表示,2023年,随着经济好转,茶商、茶客对未来的收入预期增加,茶叶市场会较2022年有所好转。
茶产业是我省的优势产业、特色产业、重点产业。继2020年我省实现“千亿云茶产业”目标后,2021年云茶产业继续向好,综合产值达1071.1亿元;2022年,随着云南特色产业快速发展,云茶产业全产业链实现综合产值1380亿元,同比增加309.5亿元。全省茶园面积743.6万亩,同比增长0.5%;茶叶产量51.5万吨,同比增长5.1%。全省绿色有机茶园面积达244.7万亩,同比增长52.6%。自2015年起,云南有机茶园认证面积和获证产品数已连续多年稳居全国第一。(云南日报 记者王淑娟)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ