ပညာရှင်များသည် ကူမင်းတက္ကသိုလ် လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ လူချွန်ပြုစုပျိုးထောင်မှုလုပ်ငန်းကို အာရုံစူးစိုက်
2023-05-19 16:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ကူမင်းတက္ကသိုလ် လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ ပူးတွဲအစည်းအဝေး ဦးဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ကူမင်းတက္ကသိုလ်၌ ကျင်းပခဲ့သည်။ နိုင်ငံခြားကုန်သွယ်ရေးကောလိပ်ကျောင်း၊ ယူနန်ပြည်နယ် ပညာရေးဌာန၊ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန၊ ကူမင်းမြို့ ပညာရေးနှင့် အားကစားရေးရာဦးစီးဌာန၊ ကူမင်းမြို့ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) ၏ စီမံခန့်ခွဲမှုကော်မတီ စသည်တို့မှ သက်ဆိုင်ရာ တာဝန်ခံသူများနှင့် ပညာရှင်များသည် ဤအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြ၍ ကူမင်းတက္ကသိုလ် လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှု လုပ်ငန်းများကို ရှေ့သို့တွန်းတင်ရန် နက်ရိုင်းသော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။
ဤအကြိမ် ဆွေးနွေးပွဲတွင် အစည်းအဝေး ပါဝင်လာသည့် ပညာရှင်များသည် "လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ ပူးတွဲအစည်းအဝေးစနစ်၊ ၂၀၂၃ခုနှစ် လုပ်ငန်းအစီအစဉ်"ကို အခြေခံပြုပြီး လွတ်လပ်သောကုန်သွယ်ရေးပညာကောလိပ်၏ လူချွန်များ ပြုစုပျိုးထောင်မှု၊ သိပ္ပံနည်းကျသုတေသန၊ နိုင်ငံခြားနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို အာရုံစူးစိုက်၍ ပညာရပ်များ၏ ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်အောင် ထိန်းညှိခြင်း၊ ပြည်နယ်အဆင့် ပထမတန်းစား ပညာရပ်များနှင့် မဟာဘွဲ့ဌာနများ၏ တည်ဆောက်ခြင်း၊ လုပ်ငန်းဖြတ်ကျော်ပြီး ပညာရပ်ဖြတ်ကျော်ခြင်းအားဖြင့် သင်ကြားရေးအရင်းအမြစ်များကို ပေါင်းစပ်ခြင်း၊ အစိုးရ၊ လုပ်ငန်း၊ ကျောင်းနှင့် သုတေသနလုပ်ငန်းအဖွဲ့များ ပူးတွဲပြီး သင်ကြားပို့ချရေး ဆောင်ရွက်သည့် ရေရှည်စနစ်တစ်ခုကို တည်ထောင်ခြင်း၊ ဖြာထွက်ခြင်းစင်တာ၊ ပေါက်ရောက်ရာလမ်းစီးပွားရေး၊ ဆိပ်ကမ်းစီးပွားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ RCEP သုတေသနပြုခြင်းနှင့် နိုင်ငံတကာပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေခြင်း စသည့်နယ်ပယ်များကို ဆွေးနွေးခဲ့ကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


