ဖုယွန်ခရိုင်အနောက်ပိုင်းရှိ လေအားလျှပ်စစ်စီမံကိန်း၏ စက်အုပ်စုယူနစ် ၁၃၅ ခု သည် ဓာတ်အားထုတ်လွှတ်နေပြီဖြစ်
2023-05-19 10:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၈ ရက်နေ့ နံနက် ၆ နာရီနှင့် ၅၃ မိနစ်တွင် လေအားလျှပ်စစ်တာဘိုင် LH85 နှင့် ကွန်ရက် အောင်မြင်စွာ ချိတ်ဆက်ခဲ့သည်နှင့်အမျှ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (State Power Investment Corporation-SPIC) ၏ ယူနန်ပြည်နယ် ဖုယွန်ခရိုင်အနောက်ပိုင်းရှိ နိုင်ငံတကာ လေအားလျှပ်စစ်စီမံကိန်း၏ စက်အုပ်စုယူနစ် ၁၃၅ ခု အကုန်လုံး ဓာတ်အားထုတ်လွှတ်နေပြီဖြစ်၍ ၎င်းမှာ တရုတ်နိုင်ငံတွင် လေအားလျှပ်စစ်တာဘိုင် တပ်ဆင်ထားမှု အတိုင်းအတာ အကြီးဆုံးသော ကုန်းပြင်မြင့် လေအားလျှပ်စစ် အခြေခံစခန်း အောင်မြင်စွာ စတင်လည်ပတ်ခြင်း၏ အမှတ်သင်္ကေတ ဖြစ်သည်။
ဖုယွန်ခရိုင်အနောက်ပိုင်းရှိ လေအားလျှပ်စစ်စီမံကိန်းသည် ယူနန်ပြည်နယ်၏ အရေးကြီးသော စီမံကိန်းတစ်ခုဖြစ်၍ ၎င်း၏ စုစုပေါင်းစက်တပ်ဆင်နိုင်စွမ်းအား မဂ္ဂါဝပ် ၈၀၀ ရှိပြီး စက်အုပ်စုယူနစ် ၁၃၅ ခုကို တပ်ဆင်ထား၍ စီမံကိန်း၏ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် လုပ်ငန်းစဉ်တို့သည် ဖုယွန်ခရိုင်၊ ဇိုင်ယိရပ်ကွက်နှင့် ချီလျင်ရပ်ကွက်တို့တွင် ခွဲခြားတည်ရှိသည် ဖြစ်သည်။ ဤစီမံကိန်းသည်လည်း "၈+၃" စီမံကိန်းများထဲမှ တစ်ခုတွင် လေအားလျှပ်စစ်တာဘိုင် တပ်ဆင်ထားမှု အတိုင်းအတာ အကြီးဆုံးသော စွမ်းအင်သစ်စီမံကိန်းဖြစ်၍ SPIC ၏ ယူနန်ပြည်နယ် နိုင်ငံတကာ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တည်ဆောက်ပေးသည်ဖြစ်သည်။ မီမံကိန်းသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ ကီလိုဝပ်နာရီ ၁.၉၆ ဘီလီယံ ရှိနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၁၂၃ သောင်းအတွက် လျှပ်စစ်စွမ်းအင်ကို ထောက်ပံ့နိုင်မည်ဖြစ်ပြီး နှစ်စဉ် စံပြကျောက်မီးသွေး တန်ချိန် ၆၄.၁ သောင်းကို ခြိုးခြုံးနိုင်မည်ဖြစ်ပြီး ကာဗွန်တိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် ၁၇၃.၂ သောင်းနှင့် ဆာလဖာတိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် ၁၁၇၁.၈ တို့ကို လျှော့ချနိုင်မည်ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


