လည်ပင်းနက်ကြိုးကြာငှက် ၁၉ ကောင်သည် ယူနန်ပြည်နယ် တာ့ဆန်းပေါင်းရှိ ဆောင်းခိုရာနေရာ၌ ရပ်နေသေး
2023-05-18 14:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ နောက်ဆုံးစောင့်ကြည့်လေ့လာမှုအရ မေလ ၈ ရက်နေ့အထိ လည်ပင်းနက်ကြိုးကြာငှက် ၁၉ ကောင်သည် အစာရှာရန်၊ နားနေရန်နှင့် စိတ်အားထက်သန်ပြည့်ဖြိုးလာအောင် နားနေအပန်းဖြေရန် ဤထိန်းသိမ်းရေးနယ်မြေ၌ ရပ်နေသေးသည်ကို တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်နှင့်များနှင့် နှိုင်းယှဉ်လျှင် ၄င်းသည် အလွန်ရှားပါးသည် ဖြစ်သည်။
လည်ပင်းနက်ကြိုးကြာငှက်သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး နိုင်ငံတကာတွင် အများအသိအမှတ်ပြုသော ရှားပါး၊ သို့မဟုတ် လုံးဝပပျောက်တော့မည့် တိရစ္ဆာန်လည်း ဖြစ်၍ "ငှက်မျိုးထဲမှ ပန်ဒါဝက်ဝံကြီး"ဟု ခေါ်ဝေါ်လျက်ရှိသည်။ ယူနန်ပြည်နယ် ဇောင်းထုံးမြို့ ဇောင်းယန်ခရိုင်၌ တည်ရှိသော တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေသည် တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဧရိယာများထဲတွင် လည်ပင်းနက်ကြိုးကြာ အကောင်ရေ အများဆုံးသော ကျက်စားရာနေရာတစ်ခု ဖြစ်၍ လည်ပင်းနက်ကြိုးကြာများ၏ ယူနန်-ကွေ့ကျိုး ကုန်းပြင်မြင့်ရှိ အရေးအကြီးဆုံးသော ဆောင်းခိုရာနှင့် ရွှေ့ပြောင်းနေထိုင်ရာတို့လည်း ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ လကုန်ကာလထဲတွင် လည်ပင်းနက်ကြိုးကြာငှက်များသည် တာ့ဆန်းပေါင်းသို့ ဆောင်းခိုးရန် ပျံသန်းရောက်လာ၍ နောက်နှစ်မတ်လတွင် ၎င်းတို့၏ မျိုးပွားရာနေရာသို့ ပြန်သွားရန် မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် ရွှေ့ပြောင်းလျက်ရှိကြသည်။ လည်ပင်းနက်ကြိုးကြာငှက်များ၏ "အဖွဲ့ကြီး"သည် ယခင်နှစ်များတွင် မတ်လ၏ ဒုတိယဆယ်ရက်ပိုင်းမှ တတိယဆယ်ရက်ပိုင်းအတွင်း မြောက်ဘက်သို့ ရွှေ့ပြောင်းခြင်းကို ဆောင်ရွက်ပြီးမြောက်ပြီး ကြိုးကြာငှက် အနည်းငယ်သည် အချိန်ပိုကြာရှည်စွာ ရပ်နေနိုင်လျက်ရှိခဲ့ကြသည် ဖြစ်သည်။ ယခင်နှစ်များ၏ အခြေအနေများနှင့် နှိုင်းယှဉ်လျှင် မေလထဲသို့ ဝင်ရောက်ပြီးနောက် လည်ပင်းနက်ကြိုးကြာငှက် ၁၀ ကောင်ကျော်သည် တာ့ဆန်းပေါင်း၌ ရပ်နေသေးသည်မှာ အလွန်ရှားပါးသည်။
ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ ဝန်ထမ်းဖြစ်သူ ဇိတ်ယွန်ကျန့်၏ မိတ်ဆက်ခြင်းအရ အဆိုပါ ရပ်နေသေးသည့် ကြိုးကြာငှက်အဖွဲ့တွင် ကြိုးကြာငှက်ကြီး ၁ ကောင်နှင့် ကြိုးကြာငှက်ကလေး ၁၈ ကောင်တို့ ပါဝင်၍ ကြိုးကြာငှက်ကလေးများ၏ မိဘများသည် မွေးကင်းစကလေးများကို မွေးဖွားရန် မျိုးပွားရာနေရာသို့ ကြိုတင်ပြန်သွားသောကြောင့် ကြိုးကြာငှက်ကလေးများ စောင့်ရှောက်ရန် ဤကြိုးကြာငှက်ကြီးကို လွှဲအပ်ပေးခဲ့ကြကြောင်း၊ ကြိုးကြာငှက်ကလေးများသည် ဤကြိုးကြာငှက်ကြီး၏ ဦးဆောင်မှုအောက်တွင် အစာရှာနေရာများကို ရှာဖွေခြင်း၊ သဘာဝရန်သူများကို ရှောင်ရှားခြင်းနှင့် ပျံသန်းခြင်း စသည့် ရှင်သန်မှုစွမ်းရည်များကို သင်ယူကြ၍ မေလကုန်တွင် ကြိုးကြာငှက်ကလေးများ၏ ပျံသန်းမှုစွမ်းရည်နှင့် ကိုယ်အားသိုလှောင်ထားမှုတို့ ပိုမိုကောင်းမွန်လာသောအခါ ဤကြိုးကြာငှက်ကြီး၏ ဦးဆောင်မှုအောက်တွင် မြောက်ဘက်သို့ ရွှေ့ပြောင်းသွားမည်ဟု ခန့်မှန်းရသည်ဖြစ်ကြောင်း သိရှိခဲ့သည်။
新华社昆明5月9日电(记者林碧锋)云南大山包黑颈鹤国家级自然保护区管护局最新监测发现,截至5月8日,仍有19只黑颈鹤停留在该保护区觅食栖息、养精蓄锐。与往年相比,这种情况十分罕见。
黑颈鹤是国家一级重点保护野生动物,也是国际公认的珍稀濒危动物,被称为“鸟类大熊猫”。位于云南省昭通市昭阳区的大山包黑颈鹤国家级自然保护区是我国黑颈鹤单位面积数量分布最多的保护区之一,也是黑颈鹤在云贵高原上重要的越冬栖息地和迁徙中转站。
每年10月底,黑颈鹤都会飞到大山包越冬,次年3月陆续北迁返回繁殖地。黑颈鹤“大部队”往年通常在3月中下旬完成北迁,少数幼鹤会多留一段时间。据悉,对比往年情况,进入5月后,仍有10只以上黑颈鹤停留在大山包的情况十分罕见。
保护区管护局工作人员郑远见介绍,停留的鹤群由1只成年鹤和18只幼鹤组成,幼鹤们的父母提前返回繁殖地孕育新宝宝,将幼鹤托付给这只成年鹤照顾。幼鹤们在成年鹤的带领下学习寻找觅食点、躲避天敌、飞行等生存技能,“预计到5月底,等幼鹤们的飞行技能和体力储备更好的时候,就会由成年鹤带领着北迁。”
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ