ကူမင်းအာကာသသိပ္ပံပညာပေးရေးပြတိုက်ကို ဖွင့်လှစ်

2023-04-30 17:20|ရောင်စုံတိမ်တံတား

1310713819_16824041478231n

(ရောင်စုံတိမ်တံတား ကိုကိုမောင်ဧပြီလ ၂၄ ရက်နေ့သည် အဋ္ဌမအကြိမ်မြောက် "တရုတ်အာကာသနေ့"ဖြစ်၍ ဤနေ့တွင် ကူမင်း အာကာသသိပ္ပံပညာပေးရေး ပြတိုက်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ ကူမင်း အာကာသသိပ္ပံပညာပေးရေး ပြတိုက်သည် အာကာသသိပ္ပံပညာပေးရေး၊ သိပ္ပံဆိုင်ရာပညာရေး၊ နည်းပညာတီထွင်မှု ဟူသော ဘာသာရပ်သုံးခုကို ရောနှောပေါင်းစပ်ထားကာ ယူနန်ပြည်နယ်ရှိ အာကာသယဉ်ကျေးမှု၊ အာကာသသိပ္ပံပညာပေးရေးနှင့် အာကာသဆိုင်ရာ အထိမ်းအမှတ် စုဆောင်းမှုများကို သိမ်းသွင်းထားသည့် ဘက်စုံအာကာသပြတိုက် တစ်ခုဖြစ်သည်။ 

1310713819_16824041478901n

ကူမင်း အာကာသသိပ္ပံပညာပေးရေး ပြတိုက်သည် ကူမင်းတိန်ချီးနိုင်ငံတကာပြသရေးစင်တာ၌ တည်ရှိပြီး"ဗုံးနှစ်လုံးနှင့် ဂြိုလ်တုတစ်လုံး"စိတ်ဓာတ်၊ ခေတ်သစ်တွင် Beidou စိတ်ဓာတ်၊ လူလိုက်ပါသောအာကာသ စိတ်ဓာတ်၊ လကိုစူးစမ်သော စိတ်ဓာတ်တို့ကို ဖြစ်ထွန်းစေအောင် ဆောင်ရွက်ရန် ရည်ရွယ်ကာ ပြပွဲပြသမှု၊ အတွေ့အကြုံဆိုင်ရာ အပြန်အလှန်တုံ့ပြန်မှုနှင့် သုတေသနအလေ့အကျင့်တို့ကို အဓိကပိုင်းခြားမှုများအဖြစ် တွေ့ကြုံနိုင်မှုကြီးမားသော၊ စိတ်ဝင်စားမှု မြင့်မားသော၊ အသိပညာ မြှင့်တင်နိုင်သော ဘက်စုံသိပ္ပံပညာပေးရေးနှင့် သုတေသန ဆန်းသစ်တီထွင်မှုစင်တာကို ဖန်တီးမည်ဖြစ်သည်။

1310713819_16824041479401n

ကူမင်း အာကာသသိပ္ပံပညာပေးရေးပြတိုက်ထဲတွင် VR အပြန်အလှန်တုံ့ပြန်မှုဧရိယာ၊ အလင်းရောင်နှင့် အရိပ်ဥမင်လိုဏ်ခေါင်းနှင့် အမိုးခုံးပြဇာတ်ရုံစသည့် စွမ်းဆောင်နိုင်မှု မတူသော နေရာအများအပြားကို တည်ထောင်ထားသည်။ သိပ္ပံပညာပေးရေးပြတိုက်သည် "အာကာသသိပ္ပံပညာပေးရေး" နှင့် "VR နည်းပညာ"တို့ကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားပြီး ခံစားမှုဖြစ်စဉ်တွင် ခရီးသည်များသည် "ကြယ်များနှင့် ကောင်းကင်တို့ကို ဖက်တွယ်" နိုင်ပြီး အာကာသအိပ်မက်ကို အကောင်အထည်ဖော်နိုင်သည်။

1310713819_16824041479901n

တရားဝင်ဖွင့်လှစ်ပြီးနောက် ကူမင်း အာကာသသိပ္ပံပညာပေးရေးပြတိုက်သည် သိပ္ပံပညာပေးသည့် အကြောင်းအရာနှင့် လည်ပတ်သည့် နည်းလမ်းများကိုလည်း အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ အာကာသသိပ္ပံပညာပေးရေး၊ သိပ္ပံဆိုင်ရာပညာရေး၊ နည်းပညာတီထွင်မှု ဟူသော ဘာသာရပ်သုံးခု၏ ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ် ချဲ့ထွင်ပြီး ယူနန်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ အာကာသသိပ္ပံပညာပေးရေး၊ အာကာသသိပ္ပံနှင့် နည်းပညာတီထွင်မှုပညာရေး၊ အာကာသ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် စွမ်းဆောင်ပေးမည်။

1310713819_16824041478231n

新华网昆明4月25日电(康静 徐华陵)4月24日,在第八个“中国航天日”到来之际,昆明航天科普馆正式开馆。昆明航天科普馆将航天科普、科教、科创“三科”融合,是云南省首个囊括航天文化、航天知识科普与航天纪念珍藏的综合性航天展馆。

1310713819_16824041478901n

昆明航天科普馆位于昆明滇池国际会展中心,科普馆旨在弘扬“两弹一星”精神、新时代北斗精神、载人航天精神、探月精神,并以展览展示、体验互动、研学实践为核心分区,打造强体验、高趣味和涨知识的综合性科普研学创新中心。

1310713819_16824041479401n

昆明航天科普馆内设有VR互动体验区、光影隧道、球幕影院等多个功能空间。科普馆将“航天科普”与“VR技术”深度融合,在体验中,游客可以“拥抱星辰大海”,实现航天梦。

1310713819_16824041479901n

据了解,正式开馆后,昆明航天科普馆还将持续优化科普内容和运营方式,不断拓展科普、科教、科创“三科”融合式发展,为云南乃至全国青少年的航天科普知识普及、航天科创教育,以及航天科技创新产业的发展产生促进作用。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်