ကူမင်းမြို့တွင် တောရိုင်းမှို အနည်းငယ် စတင်ရောင်းချ၍ Collybia albuminosa တစ်ကီလိုဂရမ်ကို ယွမ် ၃၀၀၀ ဖြင့် ရောင်း

2023-04-19 09:44|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်နှစ်စဉ်နှစ်တိုင်း တောရိုင်းမှိုရောင်းချသည့် အချိန်သို့ ဝင်ရောက်ပြီ။ ယခုလအစပိုင်းတွင် ကူမင်းမြို့ရှိ ယူနန်မုရွှေဟွား တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ တောရိုင်းမှိုအနည်းငယ် ထွက်ပေါ်လာခဲ့သည်။

图片

တောရိုင်းမှိုကို ရှေ့စဉ်နောက်ဆက် စတင်ရောင်းချခြင်း

Collybia albuminosa တစ်ကီလို ယွမ် ၃၀၀၀

图片

မနက်ပိုင်းတွင် မုရွှေဟွား တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ လတ်ဆတ်သော တောရိုင်းမှို ရောင်းချသည့် ကုန်သည် အနည်းငယ်သာရှိနေသည်ကို သတင်းထောက်က တွေ့ရှိခဲ့သည်။ Collybia albuminosa ရောင်းနေသည့် ကုန်သည်တစ်ယောက်သာ ရှိသည်ဖြစ်၍ အလုံးပိုကြီးသော Collybia albuminosa သုံးလေးငါးလုံးကို ပလတ်စတစ်တောင်းထဲတွင် ထည့်ထားပြီး မှိုရိုးပေါ်တွင် မြေစေးများ ပါရှိနေကြောင်း တွေ့ရှိသည်ဖြစ်၍ ဤ Collybia albuminosa အားလုံးမှာ ကက်ကျုပ်မြို့မှ သယ်ပို့လာသည်ဖြစ်ကြောင်း ကုန်သည်က ပြောခဲ့သည်။

图片

သတင်းထောက် ကုန်သည်များကို မေးမြန်းခြင်း

"အခုမှာ Collybia albuminosa ဘက်လောက်လဲ။"

"တစ်ကီလိုဂရမ် အယွမ် ၃၀၀၀ ဖြစ်တယ်။"

"ဝယ်တဲ့သူ ရှိလား၊ အခုတလော မေးတဲ့သူ ရှိလား။"

"မနေ့က တစ်ကီလိုဂရမ်ကျော် ဝယ်ခဲ့တယ်၊ ဒီနေ့ တစ်ကီလိုဂရမ်ကျော်လဲ ဝယ်ခဲ့တယ်။"

图片

ယခုနှစ် စျေးထဲမှ ပထမဆုံး Collybia albuminosa ကို မတ်လကုန်တွင် စတင်ရောင်းချခဲ့သည်ဖြစ်၍  ဧပြီလဆန်းတွင် တဖြည်းဖြည်း များလာခဲ့သည်၊ ယခုလျှင် နေ့စဉ်နေ့တိုင်း Collybia albuminosa လေးငါး ကီလိုဂရမ်အထိ ရှိနိုင်ပြီး Agaricus deliciosus နှင့် Morchella esculenta တို့၏ အရေအတွက်သည် Collybia albuminosaထက် အနည်းငယ် ပိုများသော်လည်း ယခုနှစ်၏ ရာသီဥတုကြောင့် စုစုပေါင်းပမာဏသည် လွန်ခဲ့သည့်နှစ်များထက် နည်းပါးသည် ဖြစ်သည်။

图片

ယူနန်မုရွှေဟွား တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၏ တာဝန်ယူစီမံခန့်ခွဲသူ ဇိုင်ဇန့်စီက "ဒီနှစ် တောရိုင်းမှိုတွေကို စတင်ရောင်းချချိန်က အရင်နှစ်တွေထက် ပိုမိုနောက်ကျပြီး အရေအတွက်လဲ ပိုမိုနည်းပါးတယ်။ ဒီနှစ်က အရမ်းခြောက်သွေ့ပြီး မိုးမလုံလောက်တာကြောင့် အခုက အဓိကရောင်းချနေတဲ့ တောရိုင်းမှို နှစ်မျိုးသာရှိပြီး Collybia albuminosa နဲ့ Agaricus deliciosus တွေပါဝင်ပြီး စျေးနှုန်းကလဲ အတော်လေး ကြီးတယ်။ တစ်ခါတစ်ရံ Boletus luridus အနည်းငယ်ရှိတတ်တယ်၊ Boletus luridus နဲ့ Collybia albuminosa တွေရဲ့ စျေးနှုန်းက တစ်ကီလိုဂရမ် ယွမ် ၃၀၀၀ လောက်ရှိပြီး Agaricus deliciosus တွေက စျေးပိုသက်သာတယ်" ဟု ပြောကြားခဲ့သည်။

图片

Agaricus deliciosus ရောင်းနေသည့် ကုန်သည်လည်း အလွန်နည်းပါးသည် ဖြစ်ကြောင်း သတင်းထောက်က တွေ့ရခဲ့သည်။ လက်ရှိအချိန်တွင် စျေးတွင် ရောင်းနေသည့် Agaricus deliciosus စလုံးသည် အခြားနေရာများမှ သယ်ပို့လာသည်ဖြစ်၍ ကူမင်းထွက်ကုန်များ မရှိနှင့်ဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။

图片

"ယူနန်ရဲ့ ရာသီဥတုဆိုရင် တောရိုင်းမှိုရှိဖို့ မဖြစ်နိုင်ဘူး၊ အခုရောင်းနေတဲ့ တောရိုင်းမှိုက ဟူနန်ပြည်နယ်နဲ့ ကွေ့ကျူးပြည်နယ်တို့က လာတာဖြစ်တယ်" ဟု ကုန်သည်က ပြောခဲ့သည်။

图片

"Agaricus deliciosus ကတော့ ဒီနေ့မနက်ပိုင်းမှာ များလာတာဖြစ်ပြီး ကီလိုဂရမ် ၅၀ က ၆၀ အထိရှိပြီး မနေ့မနက်ပိုင်းမှာ ကီလိုဂရမ် ၂၀ ပဲ ရှိတယ်"ဟု ကုန်သည်က ပြောခဲ့သည်။

图片

ယခင်နှစ်များ၏ မေလဝန်းကျင်တွင် တောရိုင်းမှိုကို စျေးတွင် များများစတင်ရောင်းချနိုင်ခဲ့သည် ဖြစ်သော်လည်း ခန့်မှန်းချက်အရ ဤနှစ်တွင် တောရိုင်းမှို အများဆုံး စတင်ရောင်းချသည့် အချိန်သည် ဇွန်လသို့မဟုတ် ဇူလိုင်လအထိ ရွှေ့ဆိုင်းနိုင်မည်ဖြစ်ပြီး ထိုအခါရောက်လျှင် စျေးနှုန်းလည်း ပိုမိုသက်သာသွားနိုင်မည် ဖြစ်ကြောင်း စျေးတန်းမှ အမှုဝန်ထမ်းသည် ပြောဆိုခဲ့သည်။

图片

အမှုဝန်ထမ်းများသည် စျေးတွင် ရောင်းချသည့် တောရိုင်းမှို၏ အရေအတွက်မှာ တဖြည်းဖြည်း များလာသည်နှင့်အမျှ တောရိုင်းမှိုဝယ်ယူခြင်းနှင့် စားသုံးခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာများကိုလည်း တိုးမြှင့်လာသင့်သည် ဖြစ်ကြောင်း သတိပေးခဲ့သည်၊ တောရိုင်းမှိုဝယ်ရန် ပုံမှန်နေရာများကို သွားပြီး မသိသော တောရိုင်းမှိုများကို မစားနှင့် ဖြစ်ကြောင်း အကြံပြုခဲ့သည်။

又到了每年野生菌上市的时候。本月初,木水花野生菌交易市场内就已经出现了少量野生菌的身影。

1

野生菌陆续上市

鸡枞每公斤售价3000元

2

上午,记者在木水花野生菌交易中心内看到,售卖新鲜野生菌的的商家十分稀少。仅有一名商户在售卖鸡枞,只见几朵个头较大的鸡枞被放在一个塑料筐里,菌柄上还带着泥土,商户说这些鸡枞都是从个旧送上来的。

3

记者对话商户:

“现在这个鸡枞卖多少钱?”

“3000块一公斤。”

“有人买吗?最近有人来问吗?”

“昨天买了一斤多,今天也有一斤多。”

4

市场工作人员介绍,今年市场内的第一朵鸡枞是三月底上市的,到四月初时逐渐多了一些,现在每天最多能有四五公斤鸡枞,谷熟菌和羊肚菌的量会稍微多一些,但整体数量都不及往年,而这也与今年的天气有关。

5

云南木水花野生菌交易中心市场部主管翟占世:“今年的野生菌比往年要晚一些,量要少一些。今年太干旱了雨水不足,现在主要有两种菌子一个是鸡枞,一个是谷熟菌,价格相对贵一点。偶尔还会有一点红葱,红葱和鸡枞的价格在3000块左右,谷熟菌要相对便宜点。”

6 

记者在市场内看到,售卖谷熟菌的商户也寥寥无几。商户们表示,目前市场上的谷熟菌都是从外地运来的,没有本地的。

7

商户:“像我们云南现在这种天气,根本不可能有,现在有的话是湖南,贵州过来的。”

8

商户:“谷熟菌是今早量才多,昨天早上只有二十斤,今天早上有个五六十斤。”

9

市场工作人员表示,往年五月份左右,野生菌就会大量上市了,但今年野生菌上市的高峰期估计会到推迟到六七月份左右,到时候价格也会相对实惠很多。

10

工作人员也提醒广大食客,随着野生菌的逐渐上市,买菌吃菌的安全意识也应该随之提高,建议到正规场所购买菌子,不随意食用不熟悉的菌子。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်