ယူနန်ပြည်နယ်၌ ဆောင်းရာသီကူးနေကြသည့် လည်ပင်းနက်ကြိုးကြာငှက်များသည် ကြီးမားသောအတိုင်းအတာဖြင့် မြောက်ဘက်သို့ စတင်ရွှေ့ပြောင်း
2023-04-17 16:06|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မတ်လမှစ၍ ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်နှင့် ဟွေ့ဇယ် လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်တို့မှ အမှုဝန်ထမ်းများ၏ စောင့်ကြည့်လေ့လာမှုအရ ဤသဘာဝထိန်းသိမ်းရေးဇုန် ၂ ခုထဲရှိ ဆောင်းရာသီကူးနေကြသည့် လည်ပင်းနက်ကြိုးကြာငှက်များသည် ကြီးမားသောအတိုင်းအတာဖြင့် မြောက်ဘက်ဒေသသို့ စတင်ရွှေ့ပြောင်းခဲ့ကြောင်း သိရှိခဲ့သည်။
မတ်လမှစ၍ ရွှေ့ပြောင်းသည့် လည်ပင်းနက်ကြိုးကြာငှက်များသည် အကောင် ၁.၈ ထောင်ကျော်မှ အကောင် ၂ ထောင်ကျော်အထိ တဖြည်းဖြည်းတိုးလာပြီးနောက် တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်ဖြစ်၍ ၄င်းသည် ယူနန်-ကွေ့ကျူး ကုန်းပြင်မြင့်တွင် ဆောင်းရာသီကူးနေသော လည်ပင်းနက်ကြိုးကြာငှက်များသည် တာ့ဆန်းပေါင်း သဘာဝထိန်းသိမ်းရေးဇုန်သို့ စုရုံးရောက်ရှိပြီး ကြီးမားသောအတိုင်းအတာဖြင့် မြောက်ဘက်ဒေသသို့ စတင်ရွှေ့ပြောင်းခဲ့ကြသည်ကို ဖော်ပြနိုင်သည်ဖြစ်ကြောင်း ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ အမှုဝန်ထမ်းသည် မိတ်ဆက်ခဲ့သည်။ လည်ပင်းနက်ကြိုးကြာငှက်များသည် လုံခြုံစွာ ထွက်ခွာနိုင်ရန် ခိုင်မာသောအာမခံ ပေးနိုင်သည့်အတွက် အမှုဝန်ထမ်းများသည် လည်ပင်းနက်ကြိုးကြာငှက်များ၏ ညအိပ်တည်းခိုရာနေရာနှင့် ဗဟိုနေရာများအတွက် တစ်နေ့လုံး စောင့်ကြည့်လေ့လာမှု၊ တောရိုင်းလှည့်လည်စစ်ဆေးမှုနှင့် ထိန်းသိမ်းမှုဆိုင်ရာ အင်အားများကို အဆက်မပြတ် ပိုမိုထည့်ပေးမည် ဖြစ်သည်။
လည်ပင်းနက်ကြိုးကြာငှက်များသည် ဤသဘာဝထိန်းသိမ်းရေးဇုန်၂ ခု၌ ဆောင်းရာသီကူးချိန်တွင် အမှုဝန်ထမ်းများသည် ၄င်းတို့အတွက် များပြားသော အစားအစာအရင်းအမြစ်များကို ပေးခဲ့ကြ၍ ဆောင်းရာသီလာကူးသည့် လည်ပင်းနက်ကြိုးကြာငှက်နှင့် ရေငှက်များ၏ အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။ အခုနှစ်များတွင် တာ့ဆန်းပေါင်း သဘာဝထိန်းသိမ်းရေးဇုန်သည် Subalpine wet meadows၊ စိုစွတ်မြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်း၊ Gully များအတွက် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်း၊ မူလအခြေသို့ ပြန်ရောက်စေခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့သောကြောင့်၊ လည်ပင်းနက်ကြိုးကြာငှက်များ၏ စားနပ်ရိက္ခာရင်းမြစ် အခြေခံစခန်းများကို တည်ဆောက်ရန် တောရိုင်းတိရစ္ဆာန် ကူးစက်ရောဂါများကို စောင့်ကြည့်ကာကွယ်ခြင်းနှင့် ကုသခြင်းတို့ကို ဆောင်ရွက်ရန် အားဖြည့်ပေးခဲ့သောကြောင့်၊ ပြည်တွင်း သုတေသနဌာနများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများနှင့် စုံစမ်းစစ်ဆေးမှုနှင့် သုတေသနပြုမှုများကို ပူးတွဲဆောင်ရွက်ခဲ့သောကြောင့် စိုစွတ်မြေ၏ ဂေဟပတ်ဝန်းကျင် အရည်အသွေးကို ဆက်လက် ကောင်းမွန်လာစေခဲ့သည်။ ဟွေ့ဇယ် လည်ပင်းနက်ကြိုးကြာငှက်များ ထိန်းချုပ်ရေးဌာနသည် စိုစွတ်မြေ၏ ဧရိယာအကျယ်အဝန်းကို တိုးမြှင့်ခြင်း၊ လည်ပင်းနက်ကြိုးကြာငှက်များ၏ စားနပ်ရိက္ခာရင်းမြစ် အခြေခံစခန်းကို တည်ဆောင်ခြင်း၊ အီလက်ထရွန် စောင့်ကြည့်ရေးခြံစည်းရိုးများကို တပ်ဆင်ခြင်း၊ အပြင်မှလူများ ဝင်ရောက်မှုကို ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်းရာသီကူးသည့် ဧည့်သည်ငှက်များအတွက် လုံခြုံသော နားနေပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ၂၀၂၂ ခုနှစ်တွင် လည်ပင်းနက်ကြိုးကြာငှက် အကောင် ၁၃၆၀ ခန့်သည် ဆောင်းရာသီကူးရန် ဟွေ့ဇယ်သဘာဝထိန်းသိမ်းရေးဇုန်သို့ လာရောက်ခဲ့ကြသည်။
3月以来,云南大山包黑颈鹤国家级自然保护区和会泽黑颈鹤国家级自然保护区的工作人员监测发现,两个保护区的越冬黑颈鹤开始大规模北迁。
云南大山包黑颈鹤国家级自然保护区工作人员介绍,3月开始,迁徙的黑颈鹤先是从1800多只逐渐上升到2000多只,然后又逐渐下降,说明到云贵高原越冬的黑颈鹤种群已向大山包保护区集结,并开始大规模北迁。工作人员将继续加大对鹤群夜宿地和核心区的全天候动态监测和野外巡护力度,确保鹤群安全离开。
据介绍,黑颈鹤在这两个保护区越冬期间,保护区均为它们提供了大量的食物来源,越冬黑颈鹤及水鸟数量逐年攀升。近年来,大山包保护区持续开展亚高山沼泽化草甸、湿地、裸地、冲蚀沟的修复恢复治理,加强黑颈鹤食物源基地建设、野生动物疫源疫病监测防控和救护,积极与国内多家研究所及高校联合开展调查研究,湿地生态环境质量持续向好。会泽鹤管局通过增加湿地面积、建设黑颈鹤食物源基地、安装电子监控围栏、控制外来访客进入等举措,为越冬候鸟营造了一个安全的栖息环境。2022年,约有1360只黑颈鹤到会泽保护区越冬。(记者张雯 沈迅 通讯员代玉春 秦本林 吴太平 赵子蛟)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ