ယူနန်ပြည်နယ် မန်စီမြို့ရှိ တောထဲတွင် မျောက်မျက်ကွင်းဖြူကလေးသည် ချစ်စရာကောင်း
2023-04-13 16:11|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် တက်ဟုန်းတိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ရှိ စည်စည်ဝေဝေ ပြွတ်ပြွတ်သိပ်သိပ်ရှိသည့် သစ်တောထဲတွင် အရောင်ပြောင်းနိုင်သော "မျက်လုံးကြီးပြီး ချစ်စရာကောင်းသောမျောက်" တစ်မျိုးဖြစ်သည့် မျောက်မျက်ကွင်းဖြူများသည် နေထိုင်ကြသည်။ ကလေးသည် မွေးစချိန်တွင် တစ်ကိုယ်လုံး ရွှေဝါရောင်ဖြစ်ပြီး အရွယ် ၃ လနီးပါးတွင် ငွေညိုရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အခုတလော၊ သဘာဝဂေဟစနစ်ဆိုင်ရာ ဓာတ်ပုံဆရာတစ်ဦးသည် သစ်တောထဲတွင် မျောက်မျက်ကွင်းဖြူကလေး၏ အဖိုတန်လှသော ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးရခဲ့သည်ဖြစ်၍ ဤလက်ရာတွင် "မျောက်ရွှေကလေး" သည် တစ်ကိုယ်လုံး ငွေညိုရောင်ဖြစ်သည့် မိခင်နှင့် ဖခင်တို့၏ ရင်ခွင်ထဲတွင် ခုံလှုံ၍နေကာ ပန်းချီကားမျက်နှာပြင်သည် အလွန်ချစ်စရာကောင်းသည်။
မျောက်မျက်ကွင်းဖြူသည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမတန်းစား အလေးပေး ကာကွယ်ထိန်းသိမ်းရေး တောရိုင်းတိရိစ္ဆာန်တစ်မျိုး ဖြစ်၍ ၄င်းတို့သည် ချစ်စရာကောင်းရုံသာမက မျောက်များထဲမှ "လိမ္မာကလေး"လည်း ဖြစ်၍ လယ်ယာစိုက်ပျိုးရေးသီးနှံများကို ဖျက်ဆီးသည့် "မှတ်တမ်းဆိုး"များ မရှိသဘောက်သာ ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့








