ယူနန်ပြည်နယ် မန်ဇီမြို့ရှိ ဘိစိဇိုက်မြေနီတင်းနစ်ကစားကွင်းကို "တရုတ် ပထမဆုံး မြေနီတင်းနစ်ကစားကွင်း" အဖြစ် အသိအမှတ်ပြုခဲ့
2023-04-13 16:03|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မတ်လ ၃၀ ရက်နေ့တွင် "တရုတ် ပထမဆုံး မြေနီတင်းနစ်ကစားကွင်း"၏ အသိအမှတ်ပြုခြင်း အခမ်းအနားကို ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်ဇီမြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ အိုလံပစ်အားကစားပွဲ၏ ရွှေတံဆိပ်ရသူ ဝေ့ချုပ်ရွက်၊ ချီကွမ်ဖူ၊ ဆွင်းထျန်ထျန်၊ ဇောင့်ယူလေနှင့် ကောဝေရမ် စသည်တို့သည် ဤတင်းနစ်ကစားကွင်းသို့ လက်တွေ့လေ့လာခံစားရန် သွားရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်မှစ၍ တရုတ်အမျိုးသားအားကစားဌာနမှ အားကစားနှင့် ယဉ်ကျေးမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ တရုတ်အားကစားပြတိုက်၊ တရုတ် အားကစားသိပ္ပံပညာအသင်းမှ အားကစားသမိုင်းအသင်းခွဲတို့သည် မန်ဇီမြို့ ဘိစိဇိုက်မြေနီတင်းနစ်ကစားကွင်းကို ဘက်စုံစူးစမ်းလေ့လာရန် တနိုင်ငံလုံးရှိ အားကစားသမိုင်း၊ တင်းနစ်၊ ပြတိုက်အသင်းနှင့် အခြားနယ်ပယ်များမှ သြဇာကြီးမားသော ကျွမ်းကျင်သူများကို စည်းရုံးခဲ့ကြသည်၊ သမိုင်းအကြောင်းအရာများ စုဆောင်းခြင်း၊ လက်တွေ့စုံစမ်းစစ်ဆေးခြင်း၊ တွေ့ဆုံမေးမြန်းခြင်း စသည့်နည်းလမ်းများအားဖြင့် နက်ရှိုင်းသော သုတေသနပြုခြင်းနှင့် သက်သေထူပြခြင်းတို့ကို ဆောင်ရွက်ပြီးနောက် မန်ဇီမြို့ ဘိစိဇိုက်ကျေးရွာရှိ တရုတ်ယူနန်-ဗီယက်နမ် ရထားလမ်း သမိုင်းယဉ်ကျေးမှု ဥယျာဉ်ခြံမြေထဲ၌ တည်ရှိသော ဘိစိဇိုက်မြေနီတင်းနစ်ကစားကွင်းကို "တရုတ် ပထမဆုံး မြေနီတင်းနစ်ကစားကွင်း" အဖြစ် အသိမှတ်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




