အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်၏ နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ ပြေးဆွဲခဲ့
2023-04-06 09:46|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၃ ရက်နေ့တွင် ပေ ၄၀ ရှည်လျားသော ကွန်တိန်နာ ၃၂ လုံး တင်ဆောင်ထားသည့် အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်၏ ပထမဆုံး နယ်စပ်ဖြတ်ကျော်ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ (ချုံချင့်-ရွှေလီ-မြန်မာ) သည် ချုံချင့်မြို့ ရှောင်နန်းယာ ရထားပို့ဆောင်ရေးစင်တာမှ ထွက်ခွာခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံပြည်တွင်း၌ တယ်ဟုန်၏ နယ်စပ်ဂိတ်များမှတစ်ဆင့် ပထမဆုံးအကြိမ် ပြေးဆွဲသည့် အနောက်ပိုင်း ကုန်းတွင်း- ပင်လယ်စင်္ကြံသစ်၏ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားလမ်းကြောင်း ဖြစ်သည်ဟု သိရပါသည်။
ပထမဆုံး ပို့ဆောင်ရေး ရထားတွဲသည် ဓာတ်မြေသြဇာကုန်ကြမ်းများနှင့် မော်တော်ဆိုင်ကယ် ဆက်စပ်ပစ္စည်းများ စသည့် ကုန်စည် တန်ချိန် ၆ဝဝ နီးပါး သယ်ဆောင်လာပြီး ကုန်စည်တန်ဖိုးမှာ ယွမ် ၁၆ သန်းကျော် ရှိသည်။ ယူနန်ပြည်နယ် ပေါင်စန်း မြောက်ဘက်ဘူတာရုံသို့ ရောက်ရှိပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးဖြင့် တယ်ဟုန်၏ နယ်စပ်ဂိတ်များမှတစ်တင့် မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။
ထို့အပြင် တည်ဆောက်နေဆဲ တရုတ်-မြန်မာ ရထားလမ်းရှိ တာ့လီ-ရွှေလီ မီးရထားလမ်း၏ ပေါင်စန်း-ရွှေလီ ရထားလမ်းပိုင်းကို ဖွင့်လှစ်ပြေးဆွဲပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းရထားတွဲများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းနယ်စပ်ဂိတ်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။
"ချုံချင့်-ရွှေလီ-မြန်မာ" နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ၏ ပြေးဆွဲခြင်းမှာ ချုံချင့်မြို့နှင့် ယူနန်ပြည်နယ်တို့သည် အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ် တည်ဆောက်ရန် အတူတကွ ရှေ့သို့တွန်းတင်ခြင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတကွ ညှိနှိုင်းဆောင်ရွက်ခြင်း ၊ အတူတကွ တည်ဆောက်ခြင်း နှင့် အတူတကွ မျှဝေခြင်း၊ အပြန်အလှန်သွားလာရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ခြင်း၊ တောင်အာရှ အရှေ့တောင်အာရှသို့ မျက်နှာမူပြီး အိန္ဒိယသမုဒ္ဒရာ ဝိုင်းပတ်သည့် နိုင်ငံတကာ ပေါက်ရောက်ရာလမ်းကြီး ပူးတွဲပို့ဆောင်ရေးကို တည်ဆောက်သည့် အသက်ပါသည့် လက်တွေ့ဆောင်ရွက်မှုနှင့် အကျိုးရှိသည့် စူးစမ်းရှာဖွေမှုတို့ ဖြစ်သည်။
အဆိုပါ ရထားလမ်း ဖွင့်လှစ်နိုင်သည့်အတွက် တရုတ်နိုင်ငံ ချုံချင့်မြို့မှ မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ရေး အကွာအဝေးနှင့် ကုန်ကျစရိတ်ကို များစွာ လျော့ချနိုင်မည်ဖြစ်ပြီး မိရိုးဖလာ မြစ်-ပင်လယ်လမ်းကြောင်း ပူးတွဲပို့ဆောင်ရေးအချိန်နှင့် နှိုင်းယှဉ်ပါက ရက်ပေါင်း ၂၀ ခန့် သက်သာကြောင်း သိရပါသည်။ ချုံချင့်မြို့ ကျန်းကျင်ဇုန်နှင့် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတို့သည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့အကြား အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ် အတူတည်ဆောက်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်တို့သည် လမ်းကြောင်းများ၊ ပလက်ဖောင်းများ၊ ဇုန်များ၊ နည်းပညာဆိုင်ရာ လူရည်ချွန်များနှင့် အခြားနယ်ပယ်များတွင် ပို၍ ကျယ်ပြန့်သော အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်ကာ တံခါးဖွင့်မှုအဆင့်ကို မြှင့်တင်သွားမည်ဖြစ်သည်။
4月3日,一列满载32个40英尺集装箱的西部陆海新通道跨境铁公联运班列(重庆—瑞丽—缅甸)从重庆市小南垭铁路物流中心发出,这是国内开行的首趟经德宏多个口岸出口的西部陆海新通道中缅跨境铁公联运班列新路线。
首趟班列拉载了化肥原料、摩托车配件等近600吨货物,货值超1600万元。到达云南保山北站后,将通过公路运输方式从德宏多个口岸出口至缅甸。
据了解,待正在建设中的中缅铁路通道大瑞铁路保山至瑞丽段通车后,国内班列将可直达中缅最大陆路口岸。
“重庆—瑞丽—缅甸”跨境铁公联运班列的开通,是重庆市、云南省携手推进西部陆海新通道建设、共商共建共享中缅经济走廊,实现双向奔赴、联动发展,构建面向南亚东南亚和环印度洋国际大通道多式联运的生动实践和有益探索。
班列的开行将大大缩短重庆至缅甸的运输距离和成本,比传统江海联运节约20天左右。重庆市江津区与云南省德宏州签订了政府和企业间共建西部陆海新通道战略合作协议,双方进一步深化在通道、平台、园区、技术人才及其他领域更为广泛的交流合作,提升对外开放层次和水平。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ