ဧပြီလမှစ၍ ကူမင်းမှ ဟောင်ကောင်သို့ မြန်နှုန်းမြင့်ရထားဖြင့် တောက်လျှောက်ရောက်နိုင်မည်

2023-03-31 17:59|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဧပြီလ ၁ ရက်နေ့မှစ၍ ရထားဌာနသည် ကွန်ကျူး- ရှန်ကျန်း- ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်းမှ ဟောင်ကောင်ဒေသရှိ West Kowloon ဘူတာရုံနှင့် ကွန်တုံးပြည်နယ်တွင်းတို့အကြားမှ နယ်စပ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထား အစီး ၄၀၊ ကွန်တုံးပြည်နယ်ရပ်ခြားတို့အကြားမှ နယ်စပ်ဖြတ်ကျော် ခရီးဝေး မြန်နှုန်းမြင့်ရထား ၂၂ စီးကို တဖြည်းဖြည်းချင်း တိုးပွားဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုအခါရောက်လျှင် ကွန်ကျူး- ရှန်ကျန်း- ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် နေ့စဉ်ပြေးဆွဲနေသည့် နယ်စပ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထား အရေအတွက်သည် လက်ရှိ ၁၀၂ စီးမှ ၁၆၄ စီးအထိ တိုးလာမည်ဖြစ်၍ ဘူတာရုံ ၆၆ ခုမှ ဟောင်ကောင်ဒေသရှိ West Kowloon ဘူတာရုံသို့ တောက်လျှောက်ရောက်နိုင်မည် ဖြစ်၍ ၂၀၁၉ ခုနှစ်တွင် ပြေးဆွဲခဲ့သည့် အဆင့်သို့ ပြန်သွားခဲ့သည် ဖြစ်ကြောင်း China State Railway Group Co.,Ltd. မှ သိရှိရခဲ့သည်။

ဧပြီလ ၁ ရက်နေ့မှစ၍ အပြည့်အဝ ပြန်လည်လည်ပတ်မည့် နယ်စပ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထား ၁၆၄ စီးသည် ဟောင်ကောင်ဒေသရှိ West Kowloon မှ ကွန်ကျူး တောင်ပိုင်းသို့ ၃၈ စီး၊ ကွန်ကျူး အရှေ့ပိုင်းသို့ ၁၃ စီး၊ ရှန်ကျန်း မြောက်ပိုင်းသို့ ၄၉ စီး၊ ဖူထျန်သို့ ၃၀ စီး၊ စောင်စန့်သို့ ၈ စီး၊ စန့်ထုတ်သို့ ၂ စီး၊ ဇောက်ချင့် အရှေ့ပိုင်းသို့ ၂ စီး၊ ချမ်စား တောင်ပိုင်းသို့ ၂ စီး၊ ပီကင်းအနောက်ပိုင်းသို့ ၂ စီး၊ ကူမင်းတောင်ပိုင်းသို့ ၂ စီး၊ ရှန်ဟိုင်း ဟုံချောင်သို့ ၂ စီး၊ ထျန်းကင်းအနောက်ပိုင်းသို့ ၂ စီး၊ ချုံချင့်အနောက်ပိုင်းသို့ ၂ စီး၊ နန်နင်အရှေ့ပိုင်းသို့ ၂ စီး၊ ဖူကျူးသို့ ၂ စီး၊ ရှန့်မေသို့ ၆ စီးတို့ကို ပါဝင်ထားသည်။ သစ်လွင့်ဖွင့်လှစ်မည့် ဘူတာရုံ၏ ရထားလက်မှတ်များကို မတ်လ ၂၃ ရက်နေ့မှ စတင်ရောင်းချခဲ့သည် ဖြစ်ကြောင်း Mass Transit Railway (MTR) မှ သတင်းရရှိခဲ့သည်။

ခရီးသည်များသည် ရထားလမ်း 12306 ဝဘ်ဆိုဒ် (သို့မဟုတ် APP)၊ ဘူတာရုံရှိ လက်မှတ်ရောင်းပြတင်းပေါက်၊ လက်မှတ်ရောင်းပေးရာနေရာ၊ အလိုအလျောက် လက်မှတ် အရောင်း (ယူ) စက် စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်မကြီးနှင့် ဟောင်ကောင်ဒေသတို့အကြားမှ သွားလာသည့် မြန်နှုန်းမြင့်ရထားလက်မှတ်များကို ဝယ်နိုင်မည်ဖြစ်သည်။

၄င်းတို့အနက်၊ ရထားလမ်း 12306 ဝဘ်ဆိုဒ် (သို့မဟုတ် APP)၏ အချက်အလက်များအရ ကူမင်းတောင်ပိုင်းမှ ဟောင်ကောင်ရှိ West Kowloon သို့ မြန်နှုန်းမြင့်ရထားများသည် ဧပြီလ ၂ ရက်နေ့မှစ၍ ပြေးဆွဲမည်ဖြစ်ပြီး ရထားနံပါတ် G410/07 ဖြစ်၍ နံနက် ၈ နာရီ ၁၃ မိနစ်တွင် ကူမင်းမှ ထွက်ခွာပြီး ကွေ့ယန်မြောက်ပိုင်း၊ ကွေ့လင်အနောက်ပိုင်း၊ ကွန်ကျူးတောင်ပိုင်းနှင့် ရှန်ကျန်းမြောက်ပိုင်း ဘူတာရုံတို့ကို ဖြတ်သန်းရပ်နားပြီး ညနေပိုင်း ၁၆ နာရီ ၅၃ မိနစ်တွင် ဟောင်ကောင်ဒေသ West Kowloon ဘူတာရုံသို့ ရောက်ရှိမည်ဖြစ်သည်။ ဟောင်ကောင်ရှိ West Kowloon မှ ကူမင်းတောင်ပိုင်းသို့ မြန်နှုန်းမြင့်ရထားများသည် ဧပြီလ ၁ ရက်နေ့မှစ၍ ပြေးဆွဲမည်ဖြစ်ပြီး ရထားနံပါတ် G408/9 ဖြစ်၍ နေ့လယ်ပိုင်း ၁၂ နာရီနှင့် ၅ မိနစ်တွင် West Kowloon မှ ထွက်ခွာပြီး ရှန်ကျန်းမြောက်ပိုင်း၊ ဟူမေ၊ ကွန်ကျူးတောင်ပိုင်း၊ ကွေ့လင်အနောက်ပိုင်းနှင့် ကွေ့ယန်မြောက်ပိုင်း ဘူတာရုံတို့ကို ဖြတ်သန်းရပ်နားပြီး ည ၂၀ နာရီ ၅၀ မိနစ်တွင် ကူမင်းတောင်ပိုင်းဘူတာရုံသို့ ရောက်ရှိမည်ဖြစ်သည်။ အခုအချိန်တွင် အဆိုပါလက်မှတ်များကို စတင်ရောင်းချသည် မဟုတ်ပါ၊ အမှန်တကယ်ရောင်းချမှုကို 12306 အရ သိနိုင်မည်ဖြစ်သည်။

1354596_2048x2048

1354597_2048x2048

Mass Transit Railway (MTR) သည် ထုတ်ပြန်ခဲ့သည့် လက်မှတ်ခဆိုင်ရာ စာရင်းများအရ ကူမင်းတောင်ပိုင်း- ဟောင်ကောင်ရှိ West Kowloon ၏ လက်မှတ်ခသည် လူကြီးများဆိုလျှင် ဒုတိယတန်းထိုင်ခုံ ၇၁၇ ယွမ်ဖြစ်ပြီး အထူးတန်းစားထိုင်ခုံ ၁၃၁၄.၅ ယွမ် ဖြစ်ကာ ကလေးများဆိုလျှင် ဒုတိယတန်းထိုင်ခုံ ၃၇၄.၅ ယွမ်၊ အထူးတန်းစားထိုင်ခုံ ၆၈၆ ယွမ်ဖြစ်ကြောင်း သိရှိရခဲ့သည်။

1354598_2048x2048

据中国铁路消息,4月1日起,铁路部门将逐步增开广深港高铁香港西九龙站与广东省内跨境高铁列车40列、与广东省外的长途跨境高铁列车22列,届时广深港高铁每日跨境高铁列车开行数量由目前的102列增至164列,66个站直通香港西九龙站,基本恢复至2019年开行水平。

4月1日全面恢复开行的164列跨境高铁列车的运营方案为:香港西九龙至广州南间38列、至广州东间13列、至深圳北间49列、至福田间30列、至潮汕间8列、至汕头间2列、至肇庆东间2列、至长沙南间2列、至北京西间2列、至昆明南间2列、至上海虹桥间2列、至天津西间2列、至重庆西间2列、至南宁东间2列、至福州间2列、至厦门间6列。据港铁消息,新重开站点的车票于3月23日起发售。

旅客朋友可通过铁路12306网站(含客户端)、车站售票窗口、代售点、自动售(取)票机等多种方式购买内地与香港往来的高铁票。

其中,根据铁路12306录入数据,昆明南至香港西九龙动车自4月2日起开行,车次为G410/07次,昆明南8:13开,经停贵阳北、桂林西、广州南、深圳北,于16:53终到香港西九龙。香港西九龙至昆明南动车自4月1日起开行,车次为G408/9次,香港西九龙12:05开,经停深圳北、虎门、广州南、桂林西、贵阳北,于20:50终到昆明南。目前车次暂未售票,以12306实际售票情况为准。

1354596_2048x2048

1354597_2048x2048

据港铁发布的车费表显示:昆明南⇋香港西九龙,成人二等车厢为717元,特等车厢为1314.5元;儿童二等车厢为374.5元,特等车厢为686元。(春城晚报-开屏新闻)

1354598_2048x2048


အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်