ယူနန်ပြည်နယ် နင်လန့်-ရုံစိန့် အဝေးပြေးလမ်းမကြီး တစ်လျှောက်လုံး တည်ဆောက်ပြီးစီးဖွင့်လှစ်

2023-03-24 14:49|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မတ်လ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ် နင်လန့်-ရုံစိန့် အဝေးပြေးလမ်းမကြီး၏ ဇန့်ဟယ်မှ ရုံစိန့်မြောက်ပိုင်းသို့ စုစုပေါင်း ၂၈.၄၀၂ ကီလိုမီတာ ရှည်သည့် လမ်းထောင့်သည် ဖွင့်လှစ်ခဲ့သည်ဖြစ်၍ ယခုအထိ နင်လန့်-ရုံစိန့် အဝေးပြေးလမ်းမကြီး တစ်လျှောက်လုံး တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့သည် ဖြစ်သည်။

နင်လန့်-ရုံစိန့် အဝေးပြေးလမ်းမကြီးသည် ယူနန်ပြည်နယ်၏ နှစ်လယ်မှ ကာလရှည် အဝေးပြေးလမ်းမကြီးကွန်ယက် စီမံကိန်းထဲမှ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကာ စီချွမ်ပြည်နယ်ရှိ စီချမ်မြို့၊ ဖန်ဇီဟွာနှင့် ယူနန်ပြည်နယ်ရှိ တာ့လီမြို့၊ လိကျန်းမြို့၊ ရှန်ဂရီလာမြို့ စသည့်နေရာများကို ထိရောက်စွာ ဆက်သွယ်နိုင်ကာ စီချွမ်ပြည်နည်နှင့် ချုံချင့်မြို့တို့မှ ယူနန်ပြည်နယ်သို့ ဝင်ရောက်ပြီး တောင်အာရှအရှေ့တောင်အာရှနှင့် အချင်းချင်းဆက်သွယ်သည့် အဓိကလမ်းဖြစ်သည်။ ဤလမ်းသည် နင်လန့်ခရိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ ဇီဟယ်ကျေးရွာမှ စ၍ ရုံစိန့်ခရိုင်၏ တောင်ဘက်ရှိ တာ့ချမ်ကျေးရွာတွင် အဆုံးသတ်ခြင်းဖြစ်ကာ အဓိကလမ်းကြောင်းသည် စုစုပေါင်း ၁၀၀.၃၅၇ ကီလိုမီတာ ရှည်လျားပြီး ယာဉ်ကြောလမ်းလေးခုစီပါရှိသည့် နှစ်လမ်းသွား အဝေးပြေးလမ်းမကြီး၏ စံချိန်စံညွှန်အတိုင်း တည်ဆောက်ထား၍ လမ်းအောက်ခြေခံ ၂၅.၅ မီတာရှည်၍ အဓိကလမ်းကြောင်း၏ တံတားနှင့်ဥမင်လိုဏ်ခေါင်းအချိုး ၅၂ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် တံတား ၁၅၁ ခု၊ ဥမင်လိုဏ်ခေါင်း ၁၄ ခု၊ ဖလိုင်းအိုဖါ ၈ ခု၊ ဝန်ဆောင်မှုဧရိယာ ၂ ခုနှင့် ကားရပ်နေရာ ၁ ခုကို ရှိသည်။

နင်လန့်-ရုံစိန့် အဝေးပြေးလမ်းမကြီး တည်ဆောက်ပြီးစီးဖွင့်လှစ်ပြီးနောက် နင်လန့်မှ ရုံစိန့်သို့ သွားရောက်ရန် အချိန် ၁ နာရီကြာသည့် စီးပွားရေးအသိုင်းအဝိုင်း ဖြစ်လာခဲ့၍ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့၏ အဝေးပြေးလမ်းမကြီးကွန်ရက် အခင်းအကျင်းကို ပြီးပြည့်စုံစေသည့်အတွက်၊ စီချွမ်ပြည်နယ်၏ အနောက်ပိုင်းဒေသနှင့် ယူနန်ပြည်နယ်ရှိ လိကျန်းမြို့၊ တာ့လီမြို့၊ ထိန်ချုံးမြို့၊ ရွှေလီမြို့ စသည့်နေရာများ၏ ခရီးသွားလာရေး အရင်းအမြစ်များကို ချိတ်ဆက်သည့်အတွက်၊ လမ်းတစ်လျှောက်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့သို့တွန်းတင် သည့်အတွက် အရေးကြီးသော အနက်အဓိပ္ပာယ်ရှိသည် ဖြစ်သည်။

昆明信息港讯(昆明日报 记者王绍芬 通讯员张建永)3月20日,宁蒗至永胜高速公路战河至永胜北共28.402公里通车,至此,宁蒗至永胜高速公路全线建成通车。

宁蒗至永胜高速公路是云南省中长期高速公路网规划重要组成部分,可有效联通四川西昌、攀枝花和云南大理、丽江、香格里拉等地,是川渝地区进入云南,与南亚东南亚联通的主要通道。路线起于宁蒗县城东北侧仁和村,止于永胜县南侧大厂村,主线全长100.357公里,采用双向四车道高速标准建设,路基宽度为25.5米,主线桥隧比高达52.38%。全线共设桥梁151座、隧道14座、互通立交8处、服务区2处、停车区1处。

宁蒗至永胜高速公路建成通车,形成了宁蒗至永胜1小时经济圈,对进一步完善国家和云南省高速公路网布局,串联川西旅游资源与云南丽江、大理、腾冲、瑞丽等地旅游资源,促进沿线经济发展具有十分重要的意义。


အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်