ဟုတ်ကဲ့၊ စုံချောင်ညစျေး ပြန်ရောက်လာပြီ

2023-03-22 15:35|ရောင်စုံတိမ်တံတား

图片

图片

图片

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၃ခုနှစ်တွင် ကူမင်းမြို့၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရာတွင် ဒေသခံ ညတွင်းကုန်ပစ္စည်းများ အဓိကစံပြဧရိယာကို ဖန်တီးရန် အာရုံစူးစိုက်မည်ဖြစ်၍ "ညတွင်းကူမင်း" ၏ အပန်းဖြေအငွေ့အသက်ကို ဖန်တီးရန်အတွက် ညတွင်းယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းများကို ဖန်တီးပေးမည်ဖြစ်၍ ညဈေးသည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

图片

ကူမင်းမြို့ရှိ ညစျေးလမ်းများကို ပြောရလျှင် နာမည်ကျော်ကြားပြီး ကောင်းစွာ လျှောက်လည်နိုင်သောလမ်းများသည် ကူမင်းရှေးဟောင်းလမ်းနှင့် နန်ချမ်လမ်းတို့ ပါဝင်၍ အစားအစာမျိုးစုံရှိသည့် လမ်းများသည် ယွန်ရှီးလမ်းနှင့် တာ့ကွမ်းညစျေးတို့ ပါဝင်သည့်အပြင် တုန်ကျားဝမ်း၊ ဟယ်ဖျင်ကျေးရွာနှင့် ကျန်းအန့်လူနေရပ်ကွက်တို့ရှိ ညစျေးလမ်းများလည်း ပါဝင်ထားကြသည်။ အထက်ပါလမ်းများကို လှည့်လည်ကြည့်ရှုပြီးနောက် စုံချောင်ညစျေးကို ပို၍ နှစ်သက်ကြိုက်သည်။

图片

အထူးဖြစ်တည်မှု ဖြစ်ခြင်း

စုံချောင်ညစျေးသည် ညစျေးစလုံးထဲမှ အထူးဖြစ်တည်မှုတစ်ခု ဖြစ်သည်။

图片

စုံချောင်ကျေးရွာသည် ကူမင်းမြို့ရှိ အစည်ကားဆုံးသော မြို့တွင်းကျေးရွာဖြစ်၍ မြောက်ဘက်တွင် စုံချောင်လမ်းသို့အထိ၊ တောင်ဘက်တွင် ဇယ်ရှင်လမ်းသို့အထိ၊ အနောက်ဘက်တွင် ချွင်ချမ်လမ်းသို့အထိ၊ အရှေ့ဘက်တွင် ပေါင်ဟိုင်လမ်းသို့အထိ၊ အားလုံးသည် စုံချောင်ကျေးရွာပိုင်နေရာ ဖြစ်သည်။

图片

ကူမင်းမြို့ရှိ မြို့တွင်းကျေးရွာစလုံးနှင့်တူ၍ ဤနေရာတွင် ရှုပ်ထွေးပွေလီသော လမ်းငယ်များနှင့် ပြတင်းပေါက်ဖွင့်သောအခါ လက်ဆွဲနှုတ်ဆက်နိုင်သော အဆောက်အအုံအကြားရှိ အကွာအဝေးတို့နှင့် ပြည့်နှက်နေသည်။ အစည်ကားဆုံးသော မြို့တွင်းကျေးရွာသည် လူစည်ကားဆုံးသော ညစျေးလမ်းကို "မွေးဖွား"လိမ့်မည်သာ ဖြစ်သည်။ ၄င်းသည် စုံချောင်ညစျေး ဖြစ်သည်။

图片

နေ့တာတွင် ဤနေရာသည် ရိုးရိုးသာမန်သော လမ်းဖြစ်၍ ဘဝအတွက် ကြိုးစားရန် ကမင်းသို့ရောက်လာကြသည့် မရေမတွက်နိုင်သော လူများ၏ အိပ်မက်များကို သယ်ဆောင်ထားကြသည်။ ညတွင် ဤသည် ကူမင်းမြို့ရှိ အစည်ကားဆုံးသော ညစျေးဖြစ်၍ လေးဘက်လေးတန်းမှလာသည့် ဧည့်သည်များကို ကြိုဆိုကာ တစ်နေ့၏ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေပြီး ဗိုက်ဆာနေသော ဗိုက်များကို သက်သာစေသည်။

图片

ရာသီဥတု တဖြည်းဖြည်း ပူလာသည်နှင့်အမျှ ညစျေး၏ မီးရှူးမီးပန်းများလည်း ထွက်ပေါ်လာ၍ သိကျွမ်းသော စုံချောင်ညစျေးသည် ပြန်ရောက်လာပြီ။

图片

စုံချောင်ညစျေး ပြန်ရောက်လာပြီ

သင်က စုံချောင်ညစျေးကို လည်ခဲ့လော။ ထိုလူသွားလူလာ များပြားသော၊ အော်သံများ အဆက်မပြတ်ထွက်လာသည့် စည်ကားသော အငွေ့အသက်များကို သင်က မည်မျှကြာကြာ မခံစားခဲ့ဖူးသနည်း။

图片

ညခင်းပိုင်းရောက်လျှင် စုံချောင်ညစျေး၏ အံ့ဖွယ်ကောင်းသောအရာများကို တရားဝင်ပြသရန် စတင်ပြင်ဆင်ထားသည်။ ရောင်းချသူများသည် စုံချောင်လမ်းရှိ ညစျေးအခြေအနေပြလမ်းတွင် စုစည်း၍ မျက်စိတစ်ဆုံးသို့ လှမ်းမျှော်ကြည့်လျှင် မီတာ ရာပေါင်းများစွာရှည်သည့် လမ်းများပေါ်တွင် အကွာအဝေး၊ အမြင့်အနိမ့် မတူသော လမ်းဘေးစျေးဆိုင်နှင့် ပြည့်စုံသည်။

图片

ရောင်းနေသည့် ကုန်ပစ္စည်းများသည် အလွန်များပြားပြည့်စုံ၍ အဓိကအားဖြင့် အစားအစာနှင့် သရေစာများ ပါဝင်ပြီး စျေးသည် အလွန်သက်သာသည်၊ ၄င်းသည်လည်း လူအများအပြားမှာ စုံချောင်ညစျေးကြုက်သည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း အရေးအကြီးဆုံးသော အကြောင်းရင်းသည် အရသာကောင်းခြင်း ဖြစ်သည်။

图片

ထို့ပြင်၊ မပြောလျှင် မဖြစ်သည့်တစ်ချက်သည် ဤနေရာကို လူသားများ အလွန်ကြိုက်သည်။ စနေတနင်္ဂနွေနေ့တွင် လူအသွားအလာများသည် နန်ချမ်လမ်း၏ နှစ်ဆကျော်ရှိသည်ဟု ခန့်မှန်း၍ လမ်းလျှောက်သည့်အခါ ခြေလှမ်းငယ်ငယ်လေးဖြင့်သာ ရှေ့သို့လှမ်းနိုင်သောကြောင့် မိဘများသည် ကလေးများကို ပခုံးပေါ်တွင် ထားလေ့ရှိကြသည်။

图片

မသိမသာနှင့် သင်က ကူမင်းမြို့တွင် နေထိုင်မှုဘဝ ရှိ၍ အသက်ရှင်သည်သာ ဖြစ်သည်မဟုပါဟု ယူဆသည်။

图片

အလုပ်သမားများ၏ ညဉ့်နက်စားသောက်ဆိုင်

စုံချောင်ညစျေးတွင် ဆိုင်ကြီးဆိုင်ငယ်ရှိ အစားအစာများကို သေသေချာချာ ရေတွက်လျှင် ထောင်ဖြင့် ယူနစ်အဖြစ် အသုံးပြုရမည်ဖြစ်၍ ပြိုင်ဆိုင်ခြင်း၏ ပြင်းထန်မှုကို မှန်းဆနိုင်သည်။ သို့သော်လည်း ရောင်းသူတိုင်းသည် ကုန်ပစ္စည်း လာရောင်းကြမှသာလျှင် လူများသည် စျေးသက်သာပြီး အမျိုးမျိုးအစုံစုံရှိသည့် အစားအစာများနှင့် သရေစာများကို မြည်းစမ်းနိုင်သည်။

图片

စုံချောင်ညစျေးတွင် နေရာတစ်ခုရနိုင်သည့် ဆိုင်များသည် အများအားဖြင့် အရသာမဆိုးဘူး။ စုံချောင်ညစျေးတွင် အနှစ် သုံးလေးငါးဆယ်ကြာ ဖွင့်ခဲ့သည့် ဆိုင်ဟောင်းများ၏ အရာသာကမူ ယခင်နှင့် မကွာပါ။

图片

တစ်ကြိမ်သာ သွားလည်ပြီးနောက် စုံချောင်ညစျေး ဘေးနားတွင် နေထိုင်သည့် လူများကို မည်မျှမြတ်နိုးသနည်းဟု သိနိုင်မည်ဖြစ်၍ နေထိုင်သည့်နေရာတွင် ဤမီးရှူးမီးပန်းများနှင့် ဘဝနေထိုင်မှု အငွေ့အသက်များနှင့် ပြည့်နှက်သည့် လမ်းတစ်ကြောင်းရှိလျှင် ရုံးဆင်းလာတိုင်း အရသာရှိသည့် အစားအစာများကို ရှာမတွေ့နိုင်နှင့်ဟူသော စိုးရိမ်မှုမလိုဖြစ်၍ အိမ်ပြန်ရောက်သည့်အခါ စျေးသက်သာပြီး အရသာရှိသော သရေစာများကို မြည်းစမ်းနိုင်မည်။

图片

BBQ Grill တစ်ခုကို ရှာပြီး၊ စားပွဲတစ်ခုကို ဝိုင်းဝန်ထိုင်၍ လျှာဖျားပေါ်ရှိ အရသာအမျိုးမျိုး၊ ခွက်နှင့် ပန်းကန်များထဲမှ လူရေးလူရာနှင့်၊ သံအိုးနှင့် သံယောက်မများ၏ ထိမိသံ၊ ရောင်းသူ၏ အော်သံ၊ ဟင်းကြော်ချိန် ထွက်လာသည့်အသံတို့ အချင်းချင်း ရောနှောထား၍ ၄င်းအားလုံးသည်  မမေ့နိုင်သော အမှတ်တရများ ဖြစ်လာသည်။

图片

၄င်းသည် စုံချောင်ညစျေး၏ အထင်ရှားဆုံးသော ညှိနိုင်စွမ်းဖြစ်သည်၊ မီးရှူးမီးပန်းများနှင့် နွေးထွေးမှုရှိပြီး မီးခိုးများ တလူလူလျက် အဆုံးမဲ့ဖြစ်သည်။

图片

စုံချောင်ညစျေး

အသိပေးချက်။ ။ စုံချောင်ညစျေးသို့ ဝင်ရောက်လျှင် ကိုယ်ရေးကိုယ်တာအရာများကို ထိန်းသိမ်းရန် သတိရပါ။

လိပ်စာ။ ။ ကူမင်းမြို့ ကွမ်းတုရပ်ကွက် ပေါင်လယ်လမ်း စုံချောင်ကျေးရွာရှိ လယ်ယာထွက်ကုန်ပစ္စည်းစျေး၏ အနောက်မြောက်ဘက်တွင် ၄င်းနှင့် မီတာ ၃၀ ခန့် ကွာဝေးသော နေရာတွင် ရှိသည်။

အချိန်။ ။ စနေတနင်္ဂနွေနေ့ ညတွင်းအချိန်သည် အစည်ကားဆုံး ဖြစ်သည်။


1

2

2023年的昆明文化和旅游发展,主打本土夜间产品核心示范区,将会打造一批夜间文化项目营造“夜昆明”休闲氛围,而夜市,就是其中之一。

3

说到昆明夜市街,闻名又好逛有昆明老街、南强街,好吃有园西路、大观夜市,除此之外还有董家湾、和平村、江岸小区夜市街。逛一圈下来,我发现,还是喜欢双桥夜市!

4

特别的存在

双桥夜市在所有夜市街中,是一个特别的存在。

5

双桥村是昆明最热闹的城中村,北至双桥路,南至日新路,西至春城路,东至宝海路,都是双桥村的地盘。

6

跟所有昆明城中村一样,这里有满是错综复杂的小巷道和打开窗户就能握手的楼间距。而最热闹的城中村,自然“孕育”出了最热闹的夜市街,双桥夜市。

7

白天,这里是平平无奇的街道,承载着无数来昆明打拼的昆漂一族的梦。夜晚,这里是全昆明最热闹的夜市,迎接着从四面八方来的客人,拂去他们身上一天的劳累,抚慰他们饥肠辘辘的胃。

8

随着天气渐渐转暖,夜市的烟火气也在上升,熟悉的双桥夜市,回来了!

9

双桥夜市,回来了

你曾经逛过双桥夜市吗?那种人来人往,吆喝声不绝于耳的热闹氛围你有多久没身临其境感受过了?

10

华灯初上,属于双桥夜市的精彩才正式准备上演。摊主们蜂拥在双桥路夜市风情街,几百米的街道一眼望过去全是远近高低各不同的摊位。

11

卖得很杂但很全,以美食小吃为主,主打性价比,这也是很多人喜欢逛双桥夜市的原因之一。当然,最最最最主要的原因当然还是好吃!

12

另外不得不提的一点就是:这里人气超高!周末的人流量估计有南强街的一倍以上,走路都是小碎步前进,所以带着小孩子的父母都选择把娃娃架在脖子上......

13

不知不觉间你会顿悟,原来自己是在昆明生活,而不仅仅是在昆明活着。

14

打工人的深夜食堂

双桥夜市上的大小摊位美食细数起来要以千来作为计数单位,竞争的激烈程度可想而知。不过只有大家摆摊都卷起来,我们才能“薅羊毛”,才能品尝到更新迭代的美食小吃。

15

能在双桥夜市有一席之地的摊位,味道都不会太差。而在双桥夜市扎根几十年的老味道,现在过去吃,还是以前不变的味道。

16

逛过一次就知道有多么羡慕住在双桥夜市附近的人,有这样一条充满烟火气和生活气息的街道,每次下班后都不用担心找不到好吃的,回家顺路就能品尝到性价比和美味兼顾的小吃。

17

寻一个烤架、围一张桌子,舌尖上的五味俱全,杯盘里的人情世故,混合着铁锅铁铲的碰撞声、山呼海啸的吆喝声、食材与烈焰相爱相杀的嗞啦声,统统化作难忘的回忆。

18

这就正是双桥夜市最大的魅力,烟火处,温暖时,袅袅不绝。

19

双桥夜市

提醒:进入双桥夜市记得要保管好个人物品哦~

地址昆明市官渡区宝乐巷双桥村农贸市场西北侧约30米

时间:周末夜间最热闹


အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်