ကူမင်းမြို့တွင် တရုတ်ဆီးပန်း၊ တရုတ်ဖယောင်းပန်း၊ ချယ်ရီပန်းနှင့် မုန်ညင်းစိမ်းပန်းစသည့် ပန်းအမျိုးမျိုး ပွင့်ဖူးနေ
2023-03-16 15:10|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မြို့တစ်မြို့လုံးတွင် နွေဦးသစ်စနှင့် ပန်း၏မွှေးရနံ့ အပြည့်အဝ ရှိသည်။ နွေဦးသစ်စခါ ကုန်သွားပြီနောက် ကူမင်းမြို့တွင် နေရာအနှံ့ နွေဦးရာသီ၏အနံ့ ရှိနေကြသည်။
ကူမင်းမြို့၌ ရာသီ (၄) ပါးတို့တွင် ပန်းပွင့်ဖူးတတ်ကြသည်၊ အထူးသဖြင့် နွေဦးရာသီတွင် ဟယ်လုံထန်ဥယျာဉ်မှ တရုတ်ဆီးပန်းများ၊ ကျင်းတျန့်ဥယျာဉ်မှ တရုတ်ဖယောင်းပန်းများ၊ ယွမ်ထုံတောင်ပေါ်မှ ချယ်ရီပန်းများ၊ ထန်ဟွာဘုရားကျောင်းဥယျာဉ်မှ ပီအိုနီပန်းများနှင့် ကျောင်းယယ်ဥယျာဉ်မှ မက်မွန်ပန်းများစသည့် ပန်းအမျိုးမျိုးများ ပွင့်ဖူးကြသည်။ ထို့ကြောင့် ကူမင်းမြို့တွင် ပန်း၏မွှေးရနံ့နမ်းခြင်းဖြင့် ဥယျာဉ်ကို ခွဲခြားနိုင်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ဧရိယာအကျယ်အဝန်း အကြီးဆုံးသော တောင်ရေတရုတ်ဆီးပန်းဥယျာဉ်အဖြစ် ဟယ်လုံထန်ဥယျာဉ်ထဲတွင် ဧရိယာအကျယ်အဝန်း အမို ၅၀၀ ကျော်သည့် တရုတ်ဆီးပန်းပန်းခြံနှင့် တရုတ်ဆီးပန်း အမျိုး ၂၀၀ ကျော် ရှိကြ၍ တရုတ်ဆီးပန်း အပင် တစ်သောင်းကျော် စိုက်ပျိုးထားကြသည်။ ၎င်းအနက် ယူနန်ပြည်နယ်တွင် ထူးခြားစွာ ရှိသည့် တန်းဖိုးကြီးပြီး ရှားပါးသော အမျိုးအစား ၂၃ မျိုး ပါဝင်ထားကြသည်။
ဟယ်လုံထန်ဥယျာဉ်ထဲမှ တရုတ်ဆီးပန်းများ ပွင့်ဖူးနေသည့်အချိန်တွင် ကျင်းတျန့်ဥယျာဉ်မှ တရုတ်ဖယောင်းပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြသည်၊ အမျိုးအစားပေါင်း ၁၂၀၀ ကျော်ရှိသည့် တရုတ်ဖယောင်းပန်းများ အပင် လေးသိန်းကျော်သည် တစ်ပင်ပြီးတစ်ပင် ပွင့်ဖူးနေကြသည်။
နွေဦးသစ်စခါ ကုန်သွားပြီနောက် လောင်ယူမြစ်စိုစွတ်မြေဥယျာဉ်ထဲမှ ကျူးလစ်ပန်းများသည်လည်း ဝေဝေဆာဆာ ပွင့်ဖူးနေကြ၍ အမျိုးအစား ၂၀ ကျော်နှင့် အပင် တစ်သန်း ရှိသည်၊ အနီရောင် ဖြစ်သည့် ပန်းပွင့်များ စိတ်အားထက်သန်ပြီး ပန်းရောင် ဖြစ်သည်မှာ ကြော့ရှင်းတင့်တယ်၍ အဝါရောင် ဖြစ်သည်မှာ ထွန်းလင်းတောက်ပသည်။ ခရီးသည်များသည် Tulipa 'Yellow Pompenette'၊ အာပိုလိုကျင်ဟွာနှင့် ဘန်ရာစသည့် လူသိများသော ကျူးလစ်ပန်းအမျိုးအစားများကို ကြည့်ရှုနိုင်သည့်အပြင် အသစ်စိုက်ပျိုးထားသော ဇုံဘန်ရှောင်ဟယ်ရိမ်နှင့် ဟွမ့်ရှုချူတို့ကိုလည်း တွေ့မြင်နိုင်ကြသည်။
တောတောင်အနှံ့ ပွင့်ဖူးနေကြသည့် ချဉ်စော်ကားပန်းများသည် နွေဦးရာသီထဲတွင် ထန်ဟွာဘုရားကျောင်းဥယျာဉ်မှ တမူထူးခြားသော ရှုခင်းတစ်ခု ဖြစ်သည်။ ဖေဖော်ဝါရီလသည် ချဉ်စော်ကားပန်းများ ဝေဝေဆာဆာ ပွင့်ဖူးကြသည့် ရာသီချိန် ဖြစ်၍ မီးကဲ့သို့ နီသော ပန်းပွင့်များ အလွန်ထွန်းပြောင်တောက်ပသည်။ အနီရောင် ဖြစ်သည့် ချဉ်စော်ကားပန်းများအပြင် အဖြူပန်းရောင် ဖြစ်သည့် Magnolia delavayi သည်လည်း ထူသော ခြည်မွေးထည်အင်္ကျီကို ချွတ်ပြီး ရှက်စရာ ကောင်းစွာ မျက်နှာပြလိုက်သည်။ သိပ်မကြာခင်တွင်ပဲ ဥယျာဉ်၌ စိုက်ပျိုးထားသည့် ပီအိုနီပန်းသည်လည်း ရှေ့စဉ်နောက်ဆက် ပွင့်ဖူးကြမည် ဖြစ်သည်။
ကူမင်းမြို့၌ ပန်းများသည် ဥယျာဉ်နှင့်ရှုခင်းသာရပ်ကွပ်များတွင်သာ ပွင့်ဖူးကြသည် မဟုတ်ပါ။
"ရုံးသွားတက်တဲ့အချိန်မှာ လမ်းပေါ်က သစ်ပင်နဲ့ပန်းစိုက်နယ်ပယ်မှာ ရိုမန်တစ်ကို ခံစားခဲ့တယ်။" မကြာသေးမီက အင်တာနက်သုံးသူများသည် အနောက်ဘက်မှ ဒုတိယအဆင့် မြို့ပတ်ကားလမ်းနှင့် ပေကျင်းလမ်းစသည့် လမ်းများမှ ဘေးနားရှိ ပန်းသေတ္တာများ၌ ဘိန်းနီပန်း အပြည့်အဝ ပွင်းဖူးနေသည်ကို တွေ့မြင်ခဲ့သည်၊ လှပရွှန်းတင့်သော မိုးဆန်းပန်းများ လေနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေကြ၍ အသွေးအရောင် စုံစွာလှပတင့်တယ်လှသော ပန်းလမ်းတစ်လမ်းကို ဖြစ်လာသည်။ လမ်းပေါ်ရှိ ပန်းဗူး၊ ပန်းသေတ္တာနှင့် ပန်းစင်များအပြင် ကူမင်းမြို့အတွင်း နေရာအနှံ့ ရှုခင်းရှိကြသည်။
ယွမ်ထုံတောင်ခြေရှိ ချယ်ရီပန်းလမ်းဟု ခေါ်သည့် ယွမ်ထုံလမ်းပေါ်တွင် ချယ်ရီပန်းများ ဝေဝေဆာဆာ ပွင့်ဖူးကြသည့် လှပရှုခင်းများကိုလည်း တွေ့မြင်နိုင်သည်။ ချယ်ရီပန်းတစ်ပွင့်ပွင့်သည် အနီရောင် သို့မဟုတ် ပန်းရောင်ဖြစ်သည့် ပန်းလုံးတစ်လုံးလုံးကို ဖွဲ့စည်းဖြစ်လာ၍ သစ်ခက်ကို နိမ့်အောင် ဖိထားသည်။ ယာဉ်များ စည်ကားစွာ ဥဒဟိုသွားလာလျက်ရှိသည့် ချွမ်ကျင်လမ်းသည်လည်း ချယ်ရီပန်းကြည့်ရှုရန် ကောင်းသောနေရာတစ်ခု ဖြစ်သည်။ ပေကျင်းလမ်းလမ်းဆုံမှစ၍ ချွမ်ကျင်လမ်းတစ်လျှောက်လုံးတွင် ချယ်ရီပန်း ပြန့်နှံ့ထား၍ အဝေးမှကြည့်လျှင် စီးဆင်းနေသောပန်းပင်လယ်နှင့် တူသည်။
မြို့တွင်းရပ်ကွက်၌ နေရာအနှံ့ ပန်းပွင့်ချိန်တွင် ခရိုင်၌လည်း နည်းနည်းမှမညံ့ ဖြစ်သည်။ နွေဦးရာသီအစောပိုင်းကာလတွင် အန်နင်မြို့ နေရာအနှံ့တွင် ဆီထွက်မုန်ညင်းစိမ်းပန်းများ ရှေ့စဉ်နောက်ဆက် ပွင့်ဖူးလာကြ၍ မြစ်ကမ်းမှ လယ်ကွင်းအထိ ချိတ်ဆက်လာသော ရွှေရောင်ဖြစ်သည့် ပန်းပင်လယ်သည် အလွန်ခမ်းနားထည်ဝါလှသည်။
ထို့ပြင် ယီလျမ်ခရိုင် မီဟုရွာမှ အမိုထောင်နှင့်ချီသော ချယ်ရီပန်းနှင့် မက်မွန်ပန်းများ၊ စုံမင်ခရိုင် ညူလန်ကျန်မြို့နယ်မှ ရောင်စုံသော Rhododendron delavayi Franch.၊ ချမ်ကုမ်ရပ်ကွက် ဝမ်ရှီးချုံးမှ သစ်တော်ပန်းများနှင့် ဆီလင်ခရိုင်မှ ချယ်ရီပန်း၊ စလပ်နီပန်း၊ Malus halliana Koehne၊ သုံးရောင်လိပ်ပြာပန်း စသည်တို့ ရှိကြသည်။ နွေဦးရာသီထဲမှ ကူမင်းမြို့တွင် နေရာအနှံ့ လှပရှုခင်း ရှိကြသည်။
一城春意,满城花香。立春一过,昆明已经到处是春天的味道了。
昆明四季有花,尤以春天最甚,黑龙潭的梅花,金殿的茶花,圆通山的樱花,昙华寺的牡丹,郊野公园的桃花……春天在昆明,闻香就能识公园。
作为西南地区面积最大的山水梅园,黑龙潭公园有面积500余亩的梅园和200多个梅花品种1万余株地栽梅花,其中包括23个云南特有珍稀名贵品种。
黑龙潭还在梅花探春,金殿已是“满城霞”。这段时间,昆明金殿名胜区的茶花正值花期,1200多个品种40余万株茶花次第绽放。
立春过后,捞渔河湿地公园的郁金香也迎来盛花期,20个品种、100万株郁金香,红的热烈,粉的娇媚,黄的灿烂……游客不仅能观赏“黄绣球”“阿波罗精华”“斑雅”等郁金香经典品种,还能看到首次种植的“重瓣小黑人”“换绣球”。
漫山遍野的木瓜花,是昙华寺公园春天里一道独特的风景。2月是木瓜花的盛花期,火红的花朵尤为夺目。不仅是红的木瓜花,粉白的山玉兰也已撩开厚厚的绒衣,略带羞涩地露出面容。再过不久,园内的地栽牡丹也将陆续绽放。
昆明的花,不只盛开在公园、景区。
“上班路上,捕捉到绿化带里的浪漫”。前不久,有网友发现西二环、北京路等道路两旁的花箱里开满了虞美人,娇艳的鲜花随风摇曳,形成一条姹紫嫣红的“花路”。除了路上的花盒、花箱、花架,昆明城里处处皆花景。
圆通山下的樱花大道——圆通街,也是一幅樱花烂漫的美丽景象。一朵朵樱花组成一个个红的、粉的花团,真可谓“千朵万朵压枝低”。车水马龙的穿金路,也是赏樱的好去处。从北京路路口起,樱花的身影遍布整个穿金路,远远望去,就像流动的花海。
城里处处飞花,县区也不逊色。悠然的初春,安宁各处的油菜花陆续绽放,大片大片油菜花开得热闹。从河畔到田野,连成的金色花海十分壮观。
还有,宜良米户的千亩樱桃花,嵩明牛栏江镇的五彩马樱花,呈贡万溪冲的梨花,石林的樱花、杜鹃、垂丝海棠、三色堇……春天的昆明,处处是美景。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ