ပန်းများဖြင့် အစားအစာချက်ပြုတ်ပြီး ယူနန်ပြည်နယ် လန်ချန်းခရိုင်တွင် နွေဦးရာသီ၏ ရိုမန်တစ်ကိုကြုံတွေ့
2023-03-16 14:54|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ရှေးခေတ်ကတည်းက လူသားများသည် ပန်းများဖြင့် ကျန်းကျန်းမာမာရှိအောင် ကျင့်ကြံအားထုတ်ခြင်း၊ ရောဂါကုသခြင်းနှင့် ရုပ်အမြဲလှစေခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိကြသည်။ ယခုအချိန်အထိ ပန်းစားခြင်းသည် မူလအတိုင်း ခေတ်စားနေသည်။
နွေဦးရာသီတွင် ကမ္ဘာကြီးပေါ်၌ ပန်းပွင့်များ ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး မွှေးရနံ့ ပြည့်ဝစွာ ရှိသည်၊ အနီရောင်ဖြစ်သည့် ပန်းပွင့်များသည် မီးတောက်ကဲ့သို့၊ အဖြူရောင်ဖြစ်သည့် ပန်းပွင့်များသည် ဆီးနှင်းကဲ့သို့ ဖြစ်သည်။ ဤကောင်းမွန်လှပသော အချိန်ကာလတွင် ပန်းပွင့်များဖြင့် ရာသီလိုက်သည့် အစားအစာများကို ချက်ပြုတ်၍ ယူနန်ပြည်နယ် လန်ချန်းခရိုင်တွင် နွေဦးရာသီ၏ ရိုမန်တစ်ကို အတူတူကြုံတွေ့ကြပါ။
ထမင်းဆေးဆိုးပန်း
ထမင်းဆေးဆိုးပန်းသည် မိမိန်ပန်းဟုလည်း ခေါ်နိုင်သည်၊ ၎င်းသည် တောက်ပရွှန်းတင့်သော ပန်းပွင့်များ မရှိသော်လည်း အရောင်၊ မွှေးရနံ့နှင့် အရသာ အကုန်လုံးရှိသည့် သဘာဝ အစားအစာဆိုးဆေးတစ်မျိုး ဖြစ်၍ ၎င်းဖြင့် ထမင်းကို ဆေးဆိုးစေလျှင် အတော်ဆုံး ကိုက်ညီသည်။
နွေဦးရာသီတွင် တောတော်ထဲ၌ ထမင်းဆေးဆိုးပန်းတစ်စည်းကို ရှာပြီး ရေပူဖြင့် စိမ်ထားပြီးနောက် ပန်း၏အရောင်သည် ရေထဲတွင် ပြည့်ပြည့်ဝဝ အရည်ပျော်တတ်ကာ ရေသည် ရွှေဝါရောင် ဖြစ်လာသည်။ ပါးစပ်ထဲဝင်လျှင် ဖောင်းပွပျော့အိပြီး အမွှေးအကြိုင် ပြည့်ဝစွာ ရှိသည်။
ဖီးကြမ်းငှက်ပျောပန်း
ဖီးကြမ်းငှက်ပျောသီးသည် အပူပိုင်းဒေသတွင် ကြီးထွားလာသည့် သစ်သီးတစ်မျိုး ဖြစ်၍ အပုံနှင့်အရသာတို့မှာ ငှက်ပျောသီးမွှေးနှင့် နည်းနည်းတူသည်၊ ဖီးကြမ်းငှက်ပျောပန်းကမူ ဖီးကြမ်းငှက်ပျော၏ပန်းငုံ ဖြစ်သည်။
ဖီးကြမ်းငှက်ပျောပန်းတစ်ပွင့်ကို ဆွတ်ခူးပြီး အပြင်ဘက်ရှိ ခရမ်းနီရောင်ဖြစ်သည့် ပွင့်ငုံရွက်များကို တစ်လွှာပြီးတစ်လွှာ ချွတ်ယူ၍ ပန်းဝတ်ဆံကို ထုတ်ယူကာ ခါးသော ပန်း၏အလယ်ပိုင်းရှိအရာကို ဖယ်ရှာပြီး အဖြူရာင် ဖြစ်သည့် ပန်းအထဲရှိ အသားကို အပြားဖြစ်အောင် လှီးပြီးနောက် ဖီးကြမ်းငှက်ပျောပန်းကို ရေနွေးဆူဆူတွင် ထည့်၍ ဖျောလိုက်သည်၊ ထို့နောက် လှီးပြီးသားသည့် ဆားနယ်ဝက်သားကျပ်တင်ကို အိုးထဲတွင် ထည့်ပြီး ကျက်အောင် ပြုတ်ထားပြီးနောက် ဖီးကြမ်းငှက်ပျောပန်းကို ပြန်ထည့်ပြီးနောက် ဆားနှင့် ငရုတ်သီးကို သင့်လျော်စွာ ထည့်လိုက်ကာ ဟင်းရည် နို့နှစ်ရောင်ဖြစ်လာသည့်အခါ စားသောက်နိုင်သည်။
ဗြောက်အိုးပန်း
ဗြောက်အိုးပန်းသည် ပန်း၏အပုံမှာ ဗြောက်အိုးနှင့် တူသောကြောင့် ၎င်းနာမည် ရရှိလာသည်။ ဗြောက်အိုးပန်းသည် အရသာချို၍ ဆေးယဉ်သည်၊ အဆုတ်မခြောက်စေနိုင်ပြီး ချောင်းဆိုးပြေစေခြင်းနှင့် ကိုယ်ပူကျပြီး လည်ချောင်းကို ကောင်းမွန်စေခြင်း ဟူသော အကျိုးအာနိသင် ရှိကြသည်။ ဗြောက်အိုးပန်းကို သန့်ရှင်းအောင် ဆေးကြောပြီး ရေနွေးဆူဆူတွင် ထည့်၍ ဖျောပြီးနောက် ခါးသောအရသာပျောက်အောင် ပြန်ဆေးပြီး ဂျုံမှုန့်နှင့်ကြက်ဥကို ထည့်၍ ပေါင်းစပ်အောင် ရောမွှေကာ ဆီပေါလောဖြင့် ကြော်သည်။ စားလျှင် ပန်း၏ မွှေးရနံ့ပြည့်ဝပြီး ဆိမ့်ကြွပ်သည်။
ဆောင်းရာသီ ကုန်သွားပြီးနောက် နွေဦးရာသီထဲ ဝင်ရောက်၍ ရာသီဥတု တဖြည်းဖြည်း နွေးလာသည့်အချိန်ကာလတွင် ပန်းများဖြင့် အစားအစာချက်ပြုတ်ပြီး နွေဦးရာသီ၏ ရိုမန်တစ်ကို ကြုံတွေ့ပါ။
自古以来,人们以花养生、以花疗疾、以花驻颜。时至今日,“食花”仍旧盛行。
春天 ,人间芳菲,鲜花盛放,嫣红如火,纯白似雪。 顺应这大好时节,取些花花朵朵,做几道时令花馔,一起在澜沧邂逅一场春日浪漫。
染饭花
染饭花又名密蒙花,它没有鲜艳的花朵,却是一种色香味俱全的天然“美食染料”,用它给米饭着色最为适配。
春光里,山野间,寻一簇染饭花,把染饭花用热水泡开,花的颜色就会充分溶解在水中,将水染成金黄色。一坨入口,松松软软、满口生香。
芭蕉花
芭蕉是一种生长在热带的水果,外形和口感有些类似于香蕉,芭蕉花就是芭蕉的花蕾。
摘一朵芭蕉花,一层一层剥掉其最外面的紫红色花苞片。取出花蕊,去除苦芯,再把花中白色的瓤切成片,然后把处理好的芭蕉花放入烧开的水中焯水,把切好的腊肉放入锅中煮熟,再倒入芭蕉花,放入适当的盐、辣椒,待汤呈乳白色就可以盛出享用了。
炮仗花
炮仗花,因花的形状如同鞭炮而得名。炮仗花性味甘、平,有润肺止咳、清热利咽的功效。炮仗花洗干净后用水焯一遍,加水漂去苦涩,加入面粉、鸡蛋搅拌均匀,放入热油中炸至酥脆即可。一口咬下花香酥脆,滋味绵长。
冬已去,春渐暖,莫负春光灿烂。以花入馔,邂逅一场春日浪漫。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ