တရုတ်-လာအို နယ်စပ်ရှိ မိုဟန်ဆိပ်ကမ်းတွင် ခရီးသည်သယ်ယူပို့ဆောင်မှုပမာဏသည် ဆက်လက်တိုးပွားလာ
2023-03-10 16:45|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် မိုဟန်ဆိပ်ကမ်း၌ အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်ချိန်မှစ၍ ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏသည် ဆက်လက်တိုးပွားလာခဲ့သည်။ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ မိုဟန်ဆိပ်ကမ်းသည် ပြည်ဝင်ပြည်ထွက် ခရီးသည် အယောက် ၂ သိန်းကျော်ကို စစ်ဆေးခဲ့၍ တစ်ရက်အတွင်း အမြင့်ဆုံးပမာဏသည် အယောက် ၅ ထောင်ကို ကျော်လွန်ခဲ့သည်။
"B အဆင့်နှင့် B စီမံခန့်ခွဲမှု" ပေါ်လစီ၏ လက်တွေ့ကျင့်သုံးခြင်းနှင့် တရုတ်-လာအို ရထားလမ်း၏ ထိရောက်သော လည်ပတ်ပြေးဆွဲမှုတို့ နှင့်အမျှ အရှေ့တောင်အာရှသို့ ခရီးသွားလာရေးသည် သစ်လွင်သော ရေစီးကြောင်းတစ်မျိုး ဖြစ်လာခဲ့သည်၊ မိုဟန်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" စီမံကိန်းသည် အရှေ့တောင်အာရှကို မျက်နှာမူပြီး တံခါးဖွင့်သည့် ရှေ့တန်းပြတင်းပေါက် ဖြစ်သောကြောင့် လာအိုနိုင်ငံသို့ ခရီးသွားသည့် ကိုယ်တိုင်မောင်းသူများ၏ အဖြစ်မနိုင်သော လူကြိုက်များသောနေရာတစ်ခုလည်း ဖြစ်လာခဲ့သည်၊ ပြည်ဝင်ပြည်ထွက် ခရီးသည်များ၏ ဆွေမျိုးမိတ်သင်္ဂဟများကို သွားရောက်ကြည့်ရှုတွေ့ဆုံခြင်း၊ ခရီးသွားလာရေးနှင့် စျေးဝယ်ခြင်း၊ စီးပွားရေးဖလှယ်မှုပြုခြင်းတို့ နှင့်ပတ်သက်သည့် စိတ်အားထက်သန်မှုများသည် များများတိုးပွားလာသည်နှင့်အမျှ မိုဟန်ဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက်သည့် ခရီးသည်ပမာဏသည် ဆက်လက်တိုးပွားနိုင်မည်ဟု ခန့်မှန်းသည်။
မိုဟန်ဆိပ်ကမ်းမှ ပြည်ထွက်အထွတ်အထိပ်သည် ဒီရေတက်အခြေအနေတွင် ရှိနေသဖြင့်၊ ပြည်ဝင်ပြည်ထွက် အမြင့်ဆုံးအချိန်သည် အတော်လေးကို စုစည်းနေသဖြင့် မိုဟန်နယ်စပ်စစ်ဆေးရေးစခန်းသည် စစ်ဆေးရေးထိရောက်မှုကို ဆက်လက်မြှင့်တင်ပြီး အကောက်ခွန်ရှင်းလင်းရေး အတွေ့အကြုံများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ကာ နိုင်ငံတော်၏ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" စီမံကိန်းအတွက် ဝန်ဆောင်မှုပေးရန် တက်ကြွစွာထောက်ခံပေးမည်ဖြစ်ကာ အရှေ့တောင်အာရှတွင် အရေးကြီးသော ကုန်သွယ်မှုပေါက်ရောက်ရာလမ်းများ၏ ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးမည်ဖြစ်သည်။
昆明信息港综合整理 自2023年1月8日磨憨口岸恢复通关以来,出入境客流不断攀升。复通以来,磨憨口岸共查验出入境人员超20万余人次,单日最高查验出入境旅客人数突破5000人次。
根据“乙类乙管”总体方案政策的实施和中老铁路的高效运行,东南亚旅游成为了一种新的热潮,磨憨口岸作为我国“一带一路”面向东南亚开放的前沿窗口,也成为了自驾出游老挝必经网红打卡点,广大出入境旅客探亲访友、旅游购物、商务交流的热情高涨,预计磨憨口岸出入境客流将持续攀升。
针对磨憨口岸当前出境高峰呈潮汐态势、出入境高峰时段相对集中等情况,磨憨边检站将持续提升查验效率、优化通关体验,积极助力服务国家“一带一路”倡议,为东南亚的重要贸易通道融合发展保驾护航。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ