လောက်မိုကို ပြောလိုက်၊ ငါက ရေချိုကျောက်ပုစွန်မျှားချင်တယ်
2023-03-03 11:53|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) မသိမသာ
အားလပ်ရက်ပြီးလို့ ရုံးပြန်တက်တာ တစ်လရှိပြီ
ဒီလရဲ့ နေ့တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ
အားလပ်ရက်ရဲ့ ပျော်ရွှင်မှုတွေကို အရမ်းလွမ်းတယ်
WeChat ကို ဖတ်ဖို့မလိုဘူး၊ ကြိတ်ကြိတ်တိုး စည်ကားတဲ့ မြေအောက်ရထားကို စီးဖို့လဲ မလိုဘူး
ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင်
မိုဘိုင်းလ်ဖုန်း၊ ကွန်ပြူတာနဲ့ တီဗီတွေမရှိခဲ့ဘူး
စိုးရိမ်စရာလဲ မရှိခဲ့ဘူး
အကြိုက်ဆုံးကတော့ သူငယ်ချင်းတချို့နဲ့
ငါးနှင့် ပုဇွန်တွေဖမ်းဖို့ လယ်ကွင်းကိုသွားခဲ့တာဖြစ်တယ်
နောက်ဆုံးတော့ ဟင်းရွက်ခင်းထဲ ခြေချမိလို့ အဖွားက လိုက်ဖမ်းလို့ နေရာအနှံ့အပြား ပြေးခဲ့တယ်
မတူကွဲပြားတဲ့ ပျော်ရွှင်မှုမျိုးပါ
ရုံးတက်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့အတွက်
အသေးအဖွဲလေးတွေထဲမှာ စိတ်ဖြေသိမ့်မှု အနည်းငယ်ရှာတွေ့
အပူချိန်က တဖြည်းဖြည်း ပူလာတာနဲ့အတူ
ရေချိုကျောက်ပုစွန်တွေကို သွားမျှားလိုက်
ငယ်ငယ်တုန်းက ပျော်ရွှင်မှုတွေကို ပြန်ရှာပါ
ဒီနေ့
အယ်ဒီတာက ကူမင်းမှာ ရေချိုကျောက်ပုစွန်မျှားဖို့ နေရာကောင်းတွေကို တင်ပြတယ်
မြန်မြန် LIKE လုပ်ပြီး စုဆောင်းပါ
ကိရိယာတွေ-
ကြိုး၊ သစ်ကိုင်း၊ ငါးဖမ်းပိုက်၊ ရေပုံး
ငါးစာတွေ-
ကြက်သည်း၊ ကြက်အူ၊ ဝက်သည်း
ထပ်ဖြည့်ရှင်းလင်းချက် ။ ။ အယ်ဒီတာရဲ့ သီးသန့်လျှို့ဝှက်ချက်ဟာ ယူနန့်ဝက်ပေါင်ခြောက်နဲ့ အခြားဆားစိမ်ပစ္စည်းတွေကို အသုံးပြုရင် အံ့ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်
နည်းလမ်း-
ကြိုးတစ်ဖက်ကို ငါးစာတွေနဲ့ ချည်ထားပြီး ကျန်တစ်ဖက်ကို သစ်ကိုင်းနဲ့ ချည်ထားပြီး ရိုးရိုးငါးမျှားတံကို အဆင်သင့်ဖြစ်နေပါပြီ။ ပြီးတော့ အကိုင်းအခက်ရဲ့ အခြားတစ်ဖက်ကို ကိုင်ထားပြီး ငါးစာတွေကို ရေထဲထည့်ပြီး ငါးစာတွေကို မိနစ်အနည်းငယ်စောင့်ပြီး ဆွဲထုတ်လာပြီးတော့ ရေအောက်က ဆွဲထုတ်လာတဲ့ ရေချိုကျောက်ပုစွန်တွေကို ပိုက်ကွန်ထဲထည့်လိုက်၊ ပြီးပြည့်စုံပါတယ်။
သတိပေးချက်-
ရေအနီးနားမှာ ဘေးအန္တရာယ်တွေရှိတာကြောင့် ကလေးငယ်တွေကို သင့်မြင်ကွင်းကနေ ပျောက်ကွယ်ဖို့ မစေပါနဲ့
ထို့နောက် သွားကြစို့
တာယုဥယျာဉ်
တာယုဥယျာဉ်က ကူမင်းမြို့ ချန်ကုန်ရပ်ကွက်ရှိ တာယုလမ်းမှာ တည်ရှိပြီး ဥယျာဉ်ထဲက ရေကန်အနီးနားနဲ့ ရေမြောင်းတွေက နွေရာသီမှာ ရေချိုကျောက်ပုစွန်မျှားဖို့ အကောင်းဆုံးနေရာတွေဖြစ်တယ်။ ရေချိုကျောက်ပုစွန်မျှားတဲ့အပြင် ဥယျာဉ်ထဲက လှပတဲ့ရှုခင်းတွေကိုလဲ ရှုစားနိုင်တယ်၊ နိုင်ငံအသီးသီးက အဆောက်အအုံတွေ၊ ဥရောပစတိုင်မြို့နယ်တွေ၊ ရောမစောင်းတန်းတွေ၊ ဒတ်ချ်လေရဟတ်တွေ၊ မြေထဲပင်လယ်ရှုခင်းတွေ စတာတွေအပါအဝင် ရှုခင်းသာရပ်ကွက် အများအပြားရှိပြီး ထူးခြားဆန်းပြားသော နိုင်ငံခြားစတိုင် အပြည့်အဝရှိတယ်။
လိပ်စာ -- ကူမင်းမြို့ ချန်ကုန်ရပ်ကွက် ယုဖူလမ်း ယီဟယ်အိမ်ရာရဲ့မြောက်ဘက်
ချန်းယွမ်မြောက်လမ်း
ချန်းယွမ်မြောက်လမ်းရဲ့ မြစ်ကြောင်းတစ်ဝိုက်မှာ စိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ ဝန်းရံထားတာကြောင့် အပူဆုံးနွေရာသီမှာပဲ သင့်ကို အေးမြမိစေနိုင်တယ်။ မြစ်ဘေးနားမှာ ထိုင်ပြီး လေညှင်းတိုက်တာနဲ့အတူ ရေချိုကျောက်ပုစွန်တွေကို မျှားရင်း နွေရဲ့နေ့လည်ခင်းမှာ ကိုယ့်ကိုကိုယ်လွှတ်လိုက်၊ မိုဘိုင်းလ်ဖုန်းနဲ့ အဆက်မပြတ် မြည်နေတဲ့ WeChat တွေမရှိ၊ ငယ်ငယ်တုန်းက သန့်စင်တဲ့ ပျော်ရွှင်မှုတွေကို ပြန်ရှာကြပါစို့။
လိပ်စာ -- ကူမင်းမြို့ ဝူဟွာရပ်ကွက် အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန် ချန်းယွမ်မြောက်လမ်း
ကူမင်းရုံချွမ်တျန်းချီဟုတ်ဟယ်
ကူမင်းရုံချွမ်တျန်းချီဟုတ်ဟယ်က ယုန်လျံမြစ်သစ်ရဲ့ အောက်ပိုင်းမှာ တည်ရှိပြီး လှပတဲ့ပတ်ဝန်းကျင်နဲ့ သွားလာရေးအဆင်ပြေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေရှိပြီး ကန်ဘေးသဘာဝစိုစွတ်မြေနဲ့ နီးတယ်။ မြစ်ကမ်းပါးငယ်တစ်ခုကို ရှာပြီး ငါးမျှားတံချပြီးတော့ ညမှာစားမယ့် ရေချိုကျောက်ပုစွန်တွေကို ဘယ်လိုလုပ်ရမလဲလို့ပဲ စဉ်းစားပါ။
လိပ်စာ -- ကူမင်းမြို့ ရှီးစန်းရပ်ကွက် ပိကျီးလမ်း အမှတ် ၂၉၉၉
လောက်ယုမြစ် စိုစွတ်မြေဥယျာဉ်
ကူမင်းရှိ လူအများစုက လောက်ယုမြစ်စိုစွတ်မြေဥယျာဉ်ကို ရောက်ဖူးကြတယ်၊ တျန်းချီရေကန်ရဲ့ ကမ်းစပ်မှာ မတ်တပ်ရပ်ပြီး လေညှင်းတွေ တိုက်ခတ်ပြီး ရေကန်ပေါ်က မြစိမ်းရောင်ထတဲ့ ဂယက်တွေကို ကြည့်ရှုနိုင်တယ်။ ရေချိုကျောက်ပုစွန်တွေကို မျှားဖို့ သဘာဝမက်တာစီကွိုင်ယာသစ်တောရဲ့ အနီးနားသို့ သွားပြီးတော့ ဘယ်မြစ်ကလေးမဆို ရှာပြီး လူကြီးတွေနဲ့ ကလေးငယ်တွေအတွက် ရေချိုကျောက်ပုစွန်မျှားတဲ့ ပျော်ရွှင်မှုတွေကို အတူတူခံစားကြနိုင်တယ်။
လိပ်စာ -- ကူမင်းမြို့ ချန်ကုန်ရပ်ကွက် ဟွမ်ဟူတောင်လမ်းနဲ့ ချီးရှင်းလမ်း လမ်းဆုံရဲ့ အနောက်ဘက်
ကျန်းဝေရွာ
စနေတနင်္ဂနွေ ဘယ်ကိုသွားရမလဲဆိုတာ စိတ်ပူနေတုန်းပဲလား။ ရေချိုကျောက်ပုစွန်တွေမျှားတဲ့ ပျော်ရွှင်မှုတွေကို သင်မသိသေးလား။ အခုထွက်ပြီး ကျန်းဝေရွာကို သွားပါ၊ ရေချိုကျောက်ပုစွန်တွေကို မျှားခြင်းမကဘဲ ပြိုင်ဘက်ကင်းတဲ့ နေဝင်ဆည်းဆာတွေကိုလဲ မြင်နိုင်တယ်။ နွေရာသီမှာ ကြာပန်းတွေနဲ့ ရေချိုကျောက်ပုစွန်တွေကို ရှိပြီး ဆောင်းဦးမှာ အမို ရာနဲ့ချီတဲ့ စပါးခင်းတွေနဲ့ စပါးခင်းငါးတွေ ရှိတယ်။ မင်းဘာကို တုံ့ဆိုင်းနေသေးလဲ။ အခုသွားလိုက်။
လိပ်စာ -- ကူမင်းမြို့ ချန်ကုန်ရပ်ကွက် ကျန်းဝေရွာ
不知不觉
节后上班一个月了
这个月的每一天 每一分 每一秒
都无比怀念假期的快乐
不用看微信 不用挤地铁
回想儿时的自己
没有手机 电脑 电视
没有烦恼
最喜欢做的事就是约上几个小伙伴
到田里捉鱼摸虾
最后因为踩到菜地被“老奶”追的到处跑
也是不一样的快乐
为了缓解上班的疲惫
在琐碎中找到一丝慰藉
趁着气温逐渐变暖
去钓小龙虾吧
重拾儿时的快乐!
今天
小编就为大家整理了几处昆明钓小龙虾好去处
赶紧点赞收藏!
工具:
绳子、树枝、捞网、水桶
饵料:
鸡肝、鸡肠、猪肝
Ps:小编的独家秘笈,用我们云南的老火腿等腌制品有奇效哟
方法:
绳子一头绑上饵料,另一头绑到树枝上,简易的钓竿就做好了。接下来握着树枝的另一端,把饵料放到水里,稍等几分钟提起饵料,用网兜从下接住被拉出水面的小龙虾,完美!
注意:
水边有安全隐患,不要让小孩离开自己的视线。
接下来,出发!
大渔公园
大渔公园位于昆明呈贡的大渔街道,公园内的湖边和水渠都是夏天钓龙虾的绝佳位置。钓虾之余,还可以看看公园内优美的风景,景点众多,有各个国家的建筑,欧洲风情小镇、罗马长廊荷兰风车、地中海景观等,满满的异域风情。
位置:昆明市呈贡区渔浦路怡和小区北侧
昌源北路
昌源北路的河道周边绿树成荫,哪怕是再炎热的夏天也能给你一丝清凉。坐在河边,吹着微风,钓着小龙虾,在夏日的午后放空自己,没有手机,没有响个不停的微信,重拾儿时纯粹的快乐吧!
位置:昆明市五华区高新开发区昌源北路
昆明融创滇池后海
昆明融创滇池后海位于新运粮河下游,紧邻运粮河湖滨生态湿地,环境优美,交通便利。找一块小河岸,放下自己做的钓竿,接下来只用思考晚上的小龙虾就行啦。
位置:昆明市西山区碧鸡路2999号
捞鱼河湿地公园
捞鱼河湿地公园应该大部分在昆明的人都去过,可以站在滇池的岸边,吹着风,看湖面碧波万顷。要钓小龙虾,只用走到水杉生态林附近,随便找一条小河都可以,适合大人小孩共同享受钓虾的乐趣。
位置:昆明市呈贡区环湖东路与七星路交叉口西侧
江尾村
你还在为周末去哪里而发愁吗?你还不知道钓小龙虾的快乐吗?现在就出发,前往江尾村,不仅可以钓小龙虾,还可以看到无与伦比的日落!夏天来有荷花、小龙虾;秋天来有百亩稻田和稻田鱼。你还在犹豫什么?现在就出发!
位置:昆明市呈贡区江尾村
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ