ယူနန်ပြည်နယ်ရှိ ပထမဆုံး တရုတ်-မြန်မာ စာဖတ်သူများအတွက် ဝန်ဆောင်မှုပေးသည့် စာကြည့်တိုက်သည် တစ်နေ့လုံး ဖွင့်လှစ်

2023-03-02 17:30|ရောင်စုံတိမ်တံတား

1327077_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) ဖေဖော်ဝါရလ ၁၉ ရက်နေ့တွင် ရွှေလီမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌနနှင့် ရွှေလီမြို့ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်တို့သည် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်၌ ပထမဆုံးအကြိမ် မြို့တော်တံတိုင်းတံခါး ယဉ်ကျေးမှုဆိုင်ရာ တရုတ်-မြန်မာ စာဖတ်သူများ ဖလှယ်ရေး လှုပ်ရှားမှုကို ပူးတွဲကျင်းပခဲ့သည်။

1327078_2048x2048

"ငါက စနေတနင်္ဂနွေနေ့ရောက်တိုင်း စာဖတ်ဖို့ ဒီကို လာလေ့ရှိပါတယ်၊ ဒီမှာ စာအုပ်အရမ်းပေါများပြီး မျိုးစုံပါတယ်၊ ငါကအရမ်းကြိုက်တယ်" ဟု စာဖတ်ဖလှယ်ရေးလှုပ်ရှားမှုကို ပါဝင်သည့် ရွှေလီမြို့ အမှတ်(၃) မင်ဆူအလယ်တန်းကျောင်း၏ မြန်မာ့ကျောင်းသူ လီယွီလျူက စိတ်လက်ရွှင်လန်းစွာ ပြောခဲ့သည်။ "ဒီမှာ မြန်မာစာအုပ်လဲ အများကြီးရှိတယ်၊ ငါက ဒီနေရာကို အရမ်းကြိုက်တယ်"ဟု ရွှေလီမြို့ အမှတ်(၃) မင်ဆူအလယ်တန်းကျောင်း၏ မြန်မာ့ကျောင်းသူ ယန်ဖေရွန်က ပြောခဲ့သည်။ ရွှေလီမြို့ အမှတ် (၁) မူလတန်းကျောင်း၏ ကျောင်းသူ ဂျင်းရိထွန်သည် ရုပ်ပြစာအုပ်များဖတ်ခြင်းကို နှစ်သက်သည်၊ "ဒီစာကြည့်တိုက်မှာ ငါသိပ်ကြိုက်တဲ့ ရုပ်ပြစာအုပ်တွေကို တွေ့ရှိခဲ့တယ်" ဟု သူမက ပြောခဲ့သည်။

1327079_2048x2048

နုံ့မို့ဟူဥယျာဉ်တွင် တည်ရှိသော တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်ထဲတွင် အထွေထွေစာအုပ်များ၊ တရုတ်လူမျိုး အေးအတူပူအမျှ အသိုက်အဝန်းအယူဝါဒ အထူးစာအုပ်စင်၊ ပေါက်ဖော်ယဉ်ကျေးမှု အထူးစာအုပ်စင်၊ တရားဥပဒေစိုးမိုးရေး ဝါဒဖြန့်ခြင်း စာအုပ်စင် စသည့် ယွမ်ငွေ ၁ သိန်း တန်ဖိုးရှိ စာအုပ်အရင်းအမြစ်များကို အလှည့်ကျထားရှိ၍ တစ်နေ့လုံး ဖွင့်လှစ်သည့် ခေတ်မီစာကြည့်တိုက် ဝန်ဆောင်မှုစနစ်ဖြစ်ပြီး စာအုပ်ရှာခြင်း၊ ငှားရမ်းခြင်း၊ ဆက်ငှားခြင်းနှင့် ပြန်ပေးခြင်းများကို ကိုယ်တိုင်လုပ်နိုင်၍ စာအုပ်စီမံခန့်ခွဲမှု၏ စမတ်ခြင်းနှင့် အလိုအလျောက်ဆောင်ရွက်ခြင်းတို့ကို တကယ့်ကို အကောင်အထည်ဖော်ပြီး "နံရံ" မရှိသော စာကြည့်တိုက်တစ်ခုဖြစ်ပြီး တရုတ်-မြန်မာ စာဖတ်သူ အယောက် ၅၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီဖြစ်သည်။

ဤစာကြည့်တိုက်သည် ယခု ယူနန်ပြည်နယ်ရှိ ပထမဆုံး တရုတ်-မြန်မာစာဖတ်သူများအတွက် ဝန်ဆောင်မှုပေးသည့် စာကြည့်တိုက်ဖြစ်ပြီး ပိုများသော တရုတ်-မြန်မာ စာဖတ်သူများကို လွယ်ကူလျင်မြန်စွာ စာဖတ်ခြင်းဖြင့် ယဉ်ကျေးမှုဗဟုသုတများကို ရရှိနိုင်စေကာ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူလူထုများအကြား ယဉ်ကျေးမှုဖလှယ်ရေး ပလက်ဖောင်းတစ်ခုကို တည်ထောင်ခဲ့၍ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ရှေ့သို့တွန်းတင်ရန် ဆောင်ရွက်သည်။ 

ရွှေလီမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌနသည် ယူနစ်များ၊ ယဉ်ကျေးမှုစေတနာ့ဝန်ထမ်းများတို့နှင့် ပူးပေါင်းဆောင်ရွက်၍ မြို့တော်တံတိုင်းတံခါး ယဉ်ကျေးမှုများဟူသော တရုတ်-မြန်မာ စာဖတ်သူများ ဖလှယ်ရေးလှုပ်ရှားမှု၏ အကြောင်းအရာများကို အဆက်မပြတ် ကြွယ်ဝစေမည်ဖြစ်သည်။

1327077_2048x2048

2月19日,中缅胞波友谊24小时智能图书馆举办首期国门文化中缅读者交流活动。此次活动由瑞丽市文旅局与瑞丽出入境边防检查站联合开展。

1327078_2048x2048

“我每个周末都会来这里读书,这里的书种类丰富多样,我非常喜欢这里。”参加了读书交流活动的瑞丽市第三民族中学缅籍学生李语柳开心地说。“这里还有很多缅文书籍,我很喜欢这里。”瑞丽第三民族中学缅籍学生杨佩蓉说。瑞丽市第一小学的学生金忆彤喜欢看漫画,她说:“在这个书屋我找到了自己很喜欢的漫画书。”

1327079_2048x2048

位于弄莫湖公园的中缅胞波友谊24小时智能图书馆于2022年7月14日开馆。馆内流动配置有价值10万元的图书资源,包括综合类图书、中华民族共同体意识专柜、胞波文化专柜、法治宣传柜等,是全天候24小时开放的新型图书馆服务体系,可自助查询、借阅、续借、还书,真正实现了图书管理智能化和自动化,是一所没有“围墙”的图书馆,目前已服务5000多名中缅读者。

该馆是目前云南省第一所服务中缅读者的图书馆,让更多的中缅读者能方便、快捷地通过阅读汲取文化知识,搭建起中缅两国人民文化交流的平台,助推“一带一路”和中缅经济走廊建设。

据悉,瑞丽市文旅局将联合多家单位和文化志愿者,不断丰富国门文化——中缅读者交流活动内容。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်