ကူမင်း မီလယ်ဘုရားကျောင်းဥယျာဉ်၌ သစ်ခွပန်းများ ပွင့်ဖူးနေ၍ အလှယှဉ်ပြိုင်သကဲ့သို့ဖြစ်
2023-02-24 10:53|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုရက်ပိုင်းများတွင် ကူမင်း မီလယ်ဘုရားကျောင်းဥယျာဉ်၌ ကျင်းပခဲ့သည့် နှစ်သစ်ပန်းချီနှင့်သစ်ခွပြပွဲတွင် အရည်အသွေးကောင်းသော သစ်ခွပန်း အအိုး ၃၀၀ ကျော်သည် ပွင့်ဖူးနေကြ၍ အလှယှဉ်ပြိုင်သကဲ့သို့ ဖြစ်၍ ပန်းပွင့်အနံ့ အပြည့်အဝရှိကာ မနည်းသော သစ်ခွပန်းဝါသနာပါသူများနှင့် မြို့သူမြို့သားများကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့ကြသည်။
ဤအကြိမ် ၇ ရက်ကြာ ပြသသည့် နှစ်သစ်ပန်းချီနှင့်သစ်ခွပြပွဲကို ယူနန်ပြည်နယ်မှ ကေဒါဟောင်း ပန်းမန်နှင့် ရှုခင်းရှုကွက်ဖော် အလှစိုက်ပန်းအိုးအသင်း ဦးစီးကျင်းပခဲ့သည် ဖြစ်၍ ၄င်းတွင် Cymbidium tortisepalum Fukuyama၊ Cymbidium serratum Schlechter နှင့် Cymbidium goeringii var. longibracteatum စသည့် သစ်ခွပန်းမျိုးသစ် အမျိုးမျိုးကို စုစည်းကာ ယူနန်ပြည်နယ်ရှိ ဒေသခံ သစ်ခွပန်းဆိုင်ရာ ကြွယ်ဝသော အရင်းအမြစ်များကို ပြည့်ဝစွာ ပြသခဲ့၍ လူသားများကို စိတ်ကြည်နူးမိစေခဲ့သည်။ ဤပြပွဲတွင် လက်ရေးလက်သာနှင့် ပန်းချီလက်ရာများကို တွဲဖက်ပြသသည် ဖြစ်သောကြောင့် ကြွယ်ဝသော တရုတ်နိုင်ငံ သစ်ခွပန်းယဉ်ကျေးမှု အခြေအနေမျိုးကို ပို၍ စီမံဖန်းတီးထားခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့


















