ကူမင်း မီလယ်ဘုရားကျောင်းဥယျာဉ်၌ သစ်ခွပန်းများ ပွင့်ဖူးနေ၍ အလှယှဉ်ပြိုင်သကဲ့သို့ဖြစ်
2023-02-24 10:53|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုရက်ပိုင်းများတွင် ကူမင်း မီလယ်ဘုရားကျောင်းဥယျာဉ်၌ ကျင်းပခဲ့သည့် နှစ်သစ်ပန်းချီနှင့်သစ်ခွပြပွဲတွင် အရည်အသွေးကောင်းသော သစ်ခွပန်း အအိုး ၃၀၀ ကျော်သည် ပွင့်ဖူးနေကြ၍ အလှယှဉ်ပြိုင်သကဲ့သို့ ဖြစ်၍ ပန်းပွင့်အနံ့ အပြည့်အဝရှိကာ မနည်းသော သစ်ခွပန်းဝါသနာပါသူများနှင့် မြို့သူမြို့သားများကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့ကြသည်။
ဤအကြိမ် ၇ ရက်ကြာ ပြသသည့် နှစ်သစ်ပန်းချီနှင့်သစ်ခွပြပွဲကို ယူနန်ပြည်နယ်မှ ကေဒါဟောင်း ပန်းမန်နှင့် ရှုခင်းရှုကွက်ဖော် အလှစိုက်ပန်းအိုးအသင်း ဦးစီးကျင်းပခဲ့သည် ဖြစ်၍ ၄င်းတွင် Cymbidium tortisepalum Fukuyama၊ Cymbidium serratum Schlechter နှင့် Cymbidium goeringii var. longibracteatum စသည့် သစ်ခွပန်းမျိုးသစ် အမျိုးမျိုးကို စုစည်းကာ ယူနန်ပြည်နယ်ရှိ ဒေသခံ သစ်ခွပန်းဆိုင်ရာ ကြွယ်ဝသော အရင်းအမြစ်များကို ပြည့်ဝစွာ ပြသခဲ့၍ လူသားများကို စိတ်ကြည်နူးမိစေခဲ့သည်။ ဤပြပွဲတွင် လက်ရေးလက်သာနှင့် ပန်းချီလက်ရာများကို တွဲဖက်ပြသသည် ဖြစ်သောကြောင့် ကြွယ်ဝသော တရုတ်နိုင်ငံ သစ်ခွပန်းယဉ်ကျေးမှု အခြေအနေမျိုးကို ပို၍ စီမံဖန်းတီးထားခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


















