ကူမင်းသစ်သီးရောင်းဝယ်ရေးစင်တာကို ဆိုင်းဘုတ်တပ်ပေးပြီး စတင်အသုံးပြုခဲ့
2023-02-23 17:27|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကူမင်း ဟင်းသီးဟင်းရွက် ရောင်းဝယ်ရေးစင်တာနှင့် ကူမင်း အသားစားနွား ရောင်းဝယ်ရေးစင်တာတို့ကို ဆိုင်းဘုတ်တပ်ပေးပြီး စတင်သုံးစွဲပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကူမင်း သစ်သီးရောင်းဝယ်ရေးစင်တာကို ဆိုင်းဘုတ်တပ်ပေးပြီး တရားဝင် စတင်အသုံးပြုခဲ့သည်။ ၎င်းနှင့်အမျှ ကူမင်း ညစ်ညမ်းမဲ့ အစားအသောက် ကုန်သွယ်ရေးလုပ်ငန်း၏ နယ်ပယ်ကို ထပ်မံတိုးချဲ့လိုက်သည်။
ယခုနှစ်များတွင် ကူမင်းမြို့သည် ပလက်ဖောင်းအား အခြေခံထားသော ညစ်ညမ်းမဲ့ အစားအသောက် ကုန်သွယ်ရေးရောင်းဝယ်ရေးစနစ်ကို တည်ဆောက်ရာတွင် ဟင်းသီးဟင်းရွက်၊ အသားစားနွား၊ တရုတ်ဆေးဖက်ဝင်အပင်၊ သစ်သီးနှင့် ကော်ဖီဟူသော အားသာချက် သိသာထင်ရှားသည့် လုပ်ငန်းရပ် ၅ ခုတို့ကို အရင်ဆုံး ရွေးချယ်ပြီး အဓိကကျသော ဦးတည်ချက်အဖြစ် ဖွံ့ဖြိုးတိုးတက်စေလျက်ရှိသည်။ ယခုအချိန်အထိ ထုတ်လုပ်မှုအခြေခံစခန်း ၁၅၃ ခန်းကို သတ်မှတ်ခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် သိုလှောင်မှု အခြေခံစခန်း ၉၄ ခန်းကို ပြီးမြောက်စွာ တည်ဆောက်ခြင်း၊ စံပြစနစ် ၆ စုံကို ရေးဆွဲချမှတ်ခြင်း၊ အမှတ်တံဆိပ် ၃ ခုကို ဖန်တီးခြင်းနှင့် ရောင်းဝယ်ရေးပလက်ဖောင်း ၃ ခုကို တည်ဆောက်ပြီ ဖြစ်သည်။ ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးစနစ်နှင့် အသားစားနွားရောင်းဝယ်ရေးစနစ်တို့ကို တရားဝင်တည်ဆောက်ခဲ့ပြီးနောက် ရောင်းချမှုပမာဏမှာ ယွမ်ငွေ ၄.၁၇ ဘီလီယံအထိ ရောက်နိုင်သည့်အပြင် လျင်မြန်စွာ တိုးပွားလာသော အာလားအလာကို ထွက်ပေါ်လာနေသည်။ ကူမင်း၏ သစ်သီးကုန်သွယ်ရေးစနစ်ကို တရားဝင်စတင်သုံးစွဲပြီးနောက် ကူမင်းမြို့သည် တရုတ်ဆေးဖက်ဝင်အပင်များနှင့် ကော်ဖီကုန်သွယ်မှုစနစ်ကို ဆိုင်းဘုတ်တပ်ပေးပြီး လည်ပတ်၍ သက်ဆိုင်ရာစံနှုန်းများကို တွဲဖက်ထုတ်ပြန်ကာ "အရှေ့ဘက်ကွင်းဆက်၌ အရင်းအမြစ်များ စုစည်းခြင်း၊ အလယ်ကွင်းဆက်၌ ပလက်ဖောင်းများ ချဲ့ထွင်ခြင်းနှင့် အောက်ဘက်ကွင်းဆက်၌ ရောင်းဝယ်ရေးလမ်းကြောင်းများ ချိတ်ဆက်ခြင်း"ဟူသော ညစ်ညမ်းမဲ့ အစားအသောက် ကုန်သွယ်ရေးစနစ်ကို ဘက်စုံပြီးမြောက်စွာ တည်ဆောက်မည် ဖြစ်သည်။
ကူမင်းသစ်သီးရောင်းဝယ်ရေးစင်တာသည် သစ်သီးစီးဆင်းမှုအခင်းအကျင်းနှင့် ထုတ်လုပ်မှုအခင်းအကျင်းအကြား ထိရောက်စွာ ချိတ်ဆက်နိုင်ရန် တွန်းအားပေး၍ သစ်သီးဆိုင်ရာ စက်မှုကွင်းဆက်အလိုက် ထုတ်လုပ်မှု၊ အချောကိုင်မှု၊ ကုန်စည်စီးဆင်းမှုနှင့် ရောင်းချမှုစသည့် ကွင်းဆက်များထဲမှ အတားအဆီးများကို အားသွန်ခွန်စိုက် ဖယ်ရှားကာ ဒေသတွင်း လယ်ယာထွက်ကုန်စီးဆင်းမှုစျေးကွက်စနစ်ကို ပြည့်ဝစေပြီး ဦးဆောင်ပြု၍ ပြည်တွင်းပြည်ပမှ ဈေးကွက်များအတွက် အရေအတွက် ပိုများသော၊ အရည်အသွေး ပိုကောင်းသော သစ်သီးဝလံထုတ်ကုန်များကို ပေးလျက် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ရလဒ်များဖြင့် တောင်သူလယ်သမားများကို ပိုမိုအကျိုးရှိစေမည် ဖြစ်သည်။
ထို့ပြင် ကူမင်းသစ်သီးရောင်းဝယ်ရေးစင်တာသည် ယူနန်ပြည်နယ်တွင်း ပြည်နယ်ရပ်ခြားမှ သက်ဆိုင်ရာထုတ်လုပ်မှုအခြေခံစခန်းများနှင့် ချိတ်ဆက်ထား၍ ပြည်နယ်တစ်ခုလုံး၊ ကူမင်းမြို့တစ်မြို့လုံး၊ ပီကင်းမြို့၊ ထျင်ကျင်မြို့၊ ဟယ်ပေပြည်နယ်၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကျူးကျန်းမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုံး-ဟောင်ကောင်-မကာအိုဒေသ၊ ချန်ဒူး-ချုံချင်ဒေသနှင့် တောင်အာရှ အရှေ့တောင်အာရှတို့၏ သစ်သီးနှင့် အခြားထုတ်ကုန် လိုအပ်ချက်များအတွက် ဝန်ဆောင်မှုနှင့် အာမခံချက်များကို တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိကာ အရင်းအမြစ်များကို ပေါင်းစပ်ပြီး အတူတကွ တည်ဆောက်ခြင်းနှင့် အတူတကွ မျှဝေခြင်းကို ဆောင်ရွက်ကာ ကုန်ထုတ်ရာဒေသနှင့် ရောင်းချရာဒေသအကြား ချိတ်ဆက်နိုင်သည့် သစ်သီးဆိုင်ရာ လုပ်ငန်းကွင်းဆက်တစ်ခုလုံး စီးဆင်းမှုနှင့် ဝန်ဆောင်မှုအထွေထွေပလက်ဖောင်းကို တည်ဆောက်၍ "တစ်ပြည်လုံးမှ ဝယ်၊ တစ်ပြည်လုံးသို့ ရောင်း"ဟူသောပုံစံကို လျင်မြန်စွာ အကောင်အထည်ဖော်မည် ဖြစ်၍ အနောက်တောင်ဘက်ဒေသကို မျက်နှာမူ၊ တောင်အရှ အရှေ့တောင်အာရှသို့ ဖြာထွက်သည့် သစ်သီးရောင်းဝယ်ရေးစင်တာကို ထုလုပ်သည်။
继昆明蔬菜交易中心、昆明肉牛交易中心挂牌运营后,2月15日,昆明水果交易中心正式挂牌启用,昆明绿色食品贸易产业“版图”再次扩大。
近年来,昆明市在平台型绿色食品贸易体系建设中,先期选定“蔬菜、肉牛、中药材、水果、咖啡”5个优势明显的产业作为主攻方向,截至目前,已认定153个生产基地、建成94个物流仓储基地、制定6套标准体系、打造3个品牌、建成3个交易平台。蔬菜交易体系和肉牛交易体系正式建成运营,销售额累计达41.7亿元,并呈快速增长趋势。昆明水果贸易体系正式启动后,昆明还将挂牌运营中药材、咖啡贸易体系,配套发布相关标准,全面建成“上集资源、中拓平台、下接渠道”的绿色食品贸易体系。
昆明水果交易中心将推动水果流通布局和生产布局有效衔接,全力打通水果产业链生产、加工、物流、销售等环节的卡点堵点,健全并引领区域农产品流通市场体系,为国内外市场提供更多更优的水果产品,让产业发展成效更多惠及广大农民。
同时,昆明水果交易中心连接省内外相关生产基地,积极服务保障和对接承接全省、全市以及京津冀、长三角、珠三角、大湾区、成渝及南亚东南亚水果及其产品需求,整合资源,共建共享,建设连接产地与销地的水果全产业链流通服务综合性平台,加快实现“买全国、卖全国”,打造面向西南、辐射南亚东南亚的水果交易中心。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ