ကူမင်းလေဆိပ်မှ ပျမ်းမျှနိုင်ငံတကာ လေယာဉ်ခရီးထွက်အကြိမ်သည် တစ်ပတ်လျှင် အကြိမ် ၃၀ အထိ တိုးမြင့်လာ

2023-02-23 17:22|ရောင်စုံတိမ်တံတား

1320343_2048x2048

(ရောင်စုံတိမ်တံတား ခင်ခင်) ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသစ်) ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများကို ပြုပြင်ပြောင်းလဲခြင်းနှင့်အမျှ ယခုနှစ်တွင် ယူနန်ပြည်နယ်ရှိ လေဆိတ်အသီးသီးမှ လေယာဉ်ခရီးထွက်အကြိမ် အရေအတွက်နှင့် ခရီးသွားအဝင်အထွက်ပမာဏသည် အဆက်မပြတ် တိုးမြင့်လာသော အခြေအနေကို ထွက်ပေါ်လာနေ၍ နိုင်ငံတကာလေကြောင်းလိုင်းများသည်လည်း တစ်ဆင့်တိုးပြီး ပြန်လည်ပျံသန်းလာကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတင်းထောက်သည် ယူနန် လေကြောင်းသွားလာရေးလုပ်ငန်းကုမ္ပဏီအုပ်စုမှ သိရခဲ့သည်။

1320344_2048x2048

ယခုနှစ် ဇန်နဝါရီလအတွင်း ကူမင်းလေဆိပ်သည်  လေယာဉ်ခရီးထွက်အကြိမ် ၂၄၆၈၁ ကြိမ်၊ ခရီးသွားအဝင်အထွက်ပမာဏ အယောက် ၃၀၈ သောင်းနှင့် ကုန်တင်ကုန်ချပမာဏ အတန် ၂.၄ သောင်းတို့ကို အာမခံခဲ့ကြသည်။ နိုင်ငံတကာလေယာဉ်ခရီးထွက်အကြိမ်သည် မူလအခြေသို့ ပြန်ရောက်ခြင်းနှင့်အမျှ ယခုအချိန်တွင် ကူမင်းလေဆိပ်၌ လေကြောင်းသွားလာရေးကုမ္ပဏီ ၁၅ ခုသည် နိုင်ငံတကာဒေသဆိုင်ရာ လေကြောင်းလိုင်း ၁၉ လိုင်းကို ပျံသန်းနေ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့နှင့် သီဟာနော်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့ စသည့်ဒေသများသို့ ရောက်နိုင်ကြသည်။ ကူမင်းလေဆိပ်မှ ပျမ်းမျှနိုင်ငံတကာလေယာဉ်ခရီးထွက်အကြိမ် အရေအတွက်သည် တစ်ပတ်လျှင် ၂၅ ကြိမ်မှ အကြိမ် ၃၀ အထိ တိုးမြင့်လာပြီဖြစ်၍ ရောဂါမဖြစ်ပွားသည့် အချိန်ကာလ၏ အခြေအနေသို့ တဖြည်းဖြည်း ရောက်ရမည် ဖြစ်သည်။

1320345_2048x2048

ဤလတွင် ကူမင်းလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်မြို့သို့ ရောက်ရှိသည့် လေယာဉ်ခရီးထွက်အကြိမ်များကို ပြန်လည်ပျံသန်းရမည့်အပြင် ဖနွမ်ပင်မြို့၊ ဟိုချီမင်းမြို့နှင့် ဂျာကာတာမြို့ စသည့်နေရာများသို့ လေယာဉ်ခရီးထွက်အကြိမ်၏ အကြိမ်ကိုလည်း တစ်ဆင့်တိုးပြီး တိုးမြှင့်ရမည် ဖြစ်သည်။ ထို့ပင် ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား၊ လစ်ကျန်းနှင့် မန်းမြို့စသည့် ဆိပ်ကမ်းလေဆိပ်များသည်လည်း နိုင်ငံတကာလေကြောင်းလိုင်း ပြန်လည်ပျံသန်းနိုင်အောင် တက်ကြွစွာ ကြိုးပမ်းအားထုတ်၍ ယူနန်ပြည်နယ် မြို့ပြလေကြောင်း၏ မတူနေရာဆိုက်ရောက်နိုင်စွမ်းကို တိုးမြှင့်မည်ဖြစ်သည်။

1320343_2048x2048

昆明信息港综合整理 2月15日,记者从云南航产投集团获悉,随着新冠疫情防控政策的调整优化,今年云南各机场航班量、旅客吞吐量呈现持续增长态势,国际航线进一步恢复。

1320344_2048x2048

今年1月份,昆明机场累计保障航班24681架次、旅客吞吐量308万人次、货邮吞吐量2.4万吨。随着国际航班的全面重启,目前昆明机场共有15家航空公司运营19条国际地区航线,通达泰国曼谷、缅甸仰光、柬埔寨金边及西哈努克、老挝万象、马来西亚吉隆坡、日本东京等地。昆明机场平均国际航班周量已由25班提升至30班,将逐步恢复至疫情前水平。

1320345_2048x2048

本月昆明机场还将恢复至柬埔寨暹粒航班,进一步加密金边、胡志明市、雅加达等航班频次。同时,省内西双版纳、丽江、芒市等口岸机场也在积极争取国际航线恢复,提升云南民航整体通达性。(图片来源于云南网)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်