မြန်မာနိုင်ငံရှိ ငွေဆောင်ကမ်းခြေသည် မမွမ်းမံသေးသော လူ့လောကအပြင်ဘက်မှ ကောင်းကင်ဘုံဖြစ်
2023-02-22 15:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မြန်မာနိုင်ငံတွင် ဘုရားစေတီများ ရှိသည့်အပြင် အနောက်တောင်ဘက်တွင် ငွေဆောင်ကမ်းခြေလည်း ရှိသည်။ ငွေဆောင်ကမ်းခြေသည် ၁၅ ကီလိုမီတာ ရှည်လျား၍ ကမ္ဘာ့အလှဆုံးသောကမ်းခြေ ၈ ခု ထဲမှ တစ်ခုဖြစ်ပါသည်။
ပင်လယ်ရေသည် ကြည်လင်ပြီး အပြာရောင်ဖြစ်၍ ခရီးသည် အနည်းငယ်သာရှိ၍ ရှည်လျားသော သဲဖြူပေါ်တွင် လူမရှိသလောက်ဖြစ်ပြီး ပင်လယ်ပြင်ပေါ်တွင် လှေနှစ်စင်းသုံးစင်းသာ ဆိုက်ကပ်နေပါသည်။
ဤနေရာတွင် အလွန်ငြိမ်သက်၍ ပြာသောပင်လယ်များ၊ ထွန်းလင်းတောက်ပသော နေဝင်ဆည်းဆာများ၊ လန်းဆန်းအေးမြသော လေပြေများနှင့် မယုံနိုင်လောက်အောင် ရိုးရှင်းသော ရိုးရာဓလေ့များသာ ရှိကြသည်။
ငွေဆောင်ကမ်းခြေတွင် ရိုမန်တစ်ဆန်သော ချစ်ခြင်းမေတ္တာ မရှိသော်လည်း ဒေသခံများ၏ ဘဝနှင့် နီးကပ်စွာ ချိတ်ဆက်သော ဘဝအခြေအနေကမူ များစွာ ရှိပါသည်။
ခြေလှမ်း သုံးလေးငါးလှမ်းသာ လိုပြီး ကုန်းတွင်းနှင့် ကွာဝေးသော ပင်လယ်ကျွန်းပေါ်သို့ တက်လှမ်းခြင်း၏ စိတ်လှုပ်ရှားမှုများ ခံစားနိုင်သော ချစ်သူများကျွန်းဖြစ်ဖြစ်၊ ကြည်လင်လုနီးပါး ပင်လယ်ရေများရှိသော ငှက်ကျွန်းဖြစ်ဖြစ်၊ သက်သောင့်သက်သာရှိသော သမိုင်းဦးဘဝရှိပြီး လမ်းလျှောက်ခြင်းဖြင့် ရောက်နိုင်သည့် ပင်လယ်ကမ်းစပ် ငါးဖမ်းရွာဖြစ်သည့် ဆင်မတံငါရွာဖြစ်ဖြစ်၊ ၄င်းတို့အားလုံးသည် ဝေဆောင်ကမ်းခြေသည် မမွမ်းမံသေးသော ကောင်းကင်ဘုံတစ်ခုဖြစ်ကြောင်း သက်သေပြထားပါသည်။
ဝေဆောင်ကမ်းခြေကို "မမွမ်းမံသေးသော ကောင်းကင်ဘုံ" ဟုအမည်ပေးသော်လည်း စားသောက်မှုနှင့် တည်းခိုမှု အဆင်ပြေသည့်အပြင် စျေးနှုန်းစွမ်းဆောင်ရည်အချိုးသည်လည်း အလွန်မြင့်မားပါသည်။
ငွေဆောင်ကမ်းခြေရှိ အပန်းဖြေစခန်းများကို သာယာလှပသော ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ဆောက်ထားပါသည်၊ ၎င်းထဲမှအများစုမှာ ပတ်ဝန်းကျင် သာယာလှပ၍ ဥယျာဉ်များရှိကာ အရှေ့တောင်အာရှရှိ အခြားပင်လယ်ကျွန်းများနှင့်နှိုင်းယှဉ်လျှင် မရှုံးပါ။
ဂေဟပတ်ဝန်းကျင်နှင့် လူမှုရေးများကို နှစ်သက်သော ခရီးသည်များအတွက် ဤနေရာသည် တိကျမှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ၊ ကောင်းကင်ပြာ၊ တိမ်ဖြူ၊ သဲဖြူနှင့် ရေစိမ်းများအပြင် နေရာတိုင်းတွင် ခေတ်မီယဉ်ကျေးမှု၏ ညစ်ညမ်းမှု မခံခဲ့သေးသည့် ရိုးရှင်းသော ဒေသခံများ ရှိပါသည်။
ဝေဆောင်ကမ်းခြေတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးသည်မှာ တံငါသည်၏အိမ်သို့ သွားပြီး လတ်ဆတ်သော ပင်လယ်စာစားခြင်း ဖြစ်ပါသည်။
အစားအစာများ ဝစွာ စားပြီးနောက် ကမ်းခြေ သို့မဟုတ် လမ်းကြီးလမ်းငယ်များသို့ သွားပြီး လမ်းလျှောက်၍ ဒေသခံနေထိုင်မှုဘဝကို ခံစားလိုက်ပါ။
ကမ်းခြေတွင် စက်ဘီးစီးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရှုခင်းရှုစားခြင်းတို့သည်လည်း မဆိုးသော အရွေးတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် နေဝင်ရီတရောအချိန်တွင် အလှတရားသည် လူတို့ကို မူးယစ်စွဲလမ်းစေပါသည်။
သို့မဟုတ် သင်ချစ်ရသူနှင့် ကမ်းခြေတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီး တီးတိုးတီးတိုး ပြောကြပါ။
ဝေဆောင်ကမ်းခြေတွင် လှပသောရှုခင်းအားလုံးသည် အတော်အသင့် ဖြစ်၍ ၄င်း၏အမည်ကဲ့သို့ပင် သန့်ရှင်းလှပပါသည်။
ဝေဆောင်ကမ်းခြေအပေါ် ချီးကျူးစကားအားလုံးသည် စွမ်းအားဆုံးရှုံးပါသည်၊ ဤနေရာ၏ လှပမှုများကို သင်သာ စူးစမ်းရှာဖွေနိုင်မည် ဖြစ်ပါသည်။ သင်သည် ငါကဲ့သို့ စိတ်လှုပ်ရှားနေလျှင် အိတ်ထုပ်ပိုးပြီး သွားပါ။
缅甸并不是只有佛塔,其西南部的处女海边圣地——维桑海滩,连绵15公里,是全球最美的8个海滩之一。
海水清澈湛蓝,游客稀少,绵长的白沙上几乎看不到人,海面上只停泊着两三只船。
这里很安静,只有湛蓝大海、㶷丽晚霞、清爽凉风和质朴得难以置信的民风。
维桑的海滩少了份浪漫情愫,却多了份与当地人生活紧密相连的生活气息。
无论是几步之遥就让人感受到远离内陆、小踏海岛的快感的Lover island,还是有着近乎透明的海水的Bird island,亦或是最原始舒服却又徒步也能到达的海边渔村Fishman Village,无一不印证着维桑,是一个不折不扣的尚未雕琢的天堂。
虽然被冠以“未雕琢的天堂”,不过食宿服务是没问题的,而且性价比超高。
维桑海滩的度假村沿着美丽的海岸线而建,大多环境优雅,园林小资,不输东南亚其他任何一座海岛。
对于喜欢生态人文的行者,这里绝对是个正确选择——蓝天白云白沙绿水之外,到处是未受过现代文化污染的纯朴当地人。
在维桑,最让人兴奋的事情是,到渔民家吃一顿刚打上来的海鲜大餐!
饱餐一顿后,去海边或者街头小巷逛逛,感受一下当地生活吧。
在海滩上骑车拍照看风景,也是个不错的选择。尤其是黄昏,美到醉人!
亦或是和心爱的人漫步在沙滩,低头喃语。
在维桑,一切美景都是恰如其分,如同它的名字一样,纯净美丽。
维桑,令所有赞美的语言都失去了力量,这里的美只有你亲自探寻。如果你也和我一样心动,不妨收拾行囊出发吧!
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ