ယူနန်ပြည်နယ် လုံချွမ်းခရိုင်၌ မနောအကပျော်ပွဲရွှင်ပွဲသည် လူများကို ဆွဲဆောင်ခဲ့
2023-02-21 14:59|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) လုံချွမ်းခရိုင် ၃၉ ကြိမ်မြောက် ဖုန်းရှိန်ထုံးကိန်း မနောအကပျော်ပွဲရွှင်ပွဲကို အခုတလော လုံချွမ်းခရိုင် ကျင့်ဟန်မြို့နယ်၌ ကျင်းပခဲ့သည်။ အိုးစည်ဗုံမောင်းသံများ ဟိန်း၍ ညံ၍ လျှံထွက်လာခြင်း နှင့်အမျှ ဂျိမ်းဖောလူမျိုးများ၏ တက်ကြွထက်သန်သော တေးဂီတများနှင့်အတူ ပွဲတော်၏ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ဂျိမ်းဖောလူမျိုးများနှင့် ပြည်တွင်းပြည်ပ ဧည်သည်တော်များ၊ မိတ်ဆွေများသည် မနောရင်ပြင်သို့ စနစ်တကျ ဝင်ရောက်ခဲ့ကာ အိုးစည်သံများ၊ ချိတ်ဆွဲထားသောမောင်းတွဲသံများ၊ တေးသံများသည် အထက်ကောင်းကင်တစ်ခွင်လုံး သိမ့်သိမ့်တုန်အောင် တစ်ချုန်းသွားခဲ့ကြသည်။
မနောအကပျော်ပွဲရွှင်ပွဲသည် ဂျိမ်းဖောလူမျိုးတို့၏ အခမ်းနားဆုံးနှင့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသော ရိုးရာပွဲတော်ဖြစ်ပြီး "အမျိုးသားအဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားလှယ် စီမံကိန်းစာရင်း" ထဲသို့ ထည့်သွင်းခဲ့၍ ဂျိမ်းဖောလူမျိုးတို့၏ သမိုင်းများ၊ ယဉ်ကျေးမှုများနှင့် အနုပညာများ၏ စုစည်းပြသမှု ဖြစ်သည်။
မနောရင်ပြင်ထဲတွင် ဝမ်းမြောက်ခြင်းနှင့် ရယ်မောခြင်း နှင့်ပြည့်ဝခဲ့သည်။ မနောရင်ပြင်ဘေးနားတွင် ၂၀၂၃ ခုနှစ် လုံချွမ်းခရိုင် ၃၉ ကြိမ်မြောက် ဖုန်းရှိန်ထုံးကိန်း မနောအကပျော်ပွဲရွှင်ပွဲ ရိုးရာအားကစားလှုပ်ရှားမှုသည် ပေါ်လွင်ချက်ကြီး တစ်ခုဖြစ်လာခဲ့သည်။ အလုပ်ဝန်ထမ်းများ၏ စံနမူနာအဖြစ်လုပ်ပြခြင်းအားဖြင့် တိုင်တက်ခြင်း၊ တုတ်လှည့်ခြင်း စသည့် ကြည့်၍ကောင်းရုံသာမက ကစား၍လည်းကောင်းသော ရိုးရာအားကစားအစီအစဉ်များသည် ခရီးသည်များကို ခံစားလာရန် ဆွဲဆောင်ခဲ့သည်။
ဤအနှစ်သာရနှင့်ပြည့်စုံသော ရိုးရာအားကစားအစီအစဉ် စလုံးသည် အလုပ်လုပ်ခြင်းဘဝမှ အစတီထွင်ခဲ့ခြင်းဖြစ်၍ အခုအချိန်တွင် အများပြည်သူ ကြိုက်နှစ်သက်သည့် အားကစားအစီအစဉ်များ ဖွံ့ဖြိုးဖြစ်လာပြီ။ ၄င်းတို့၏ သမိုင်းသည် ကြာရှည်လေးမြင့်ပြီး လုပ်ဟန်များ ထူးခြား၍ အခုအထိ အစီအစဉ်တစ်ချို့နှင့် ခေတ်မီ ယှဉ်ပြိုင်အားကစားလှုပ်ရှားမှုများ အချင်းချင်း ပေါင်းစပ်ပြီး အမျိုးသားထူးခြားချက်များ ရှိသည့် ယှဉ်ပြိုင်အားကစားအစီအစဉ်များ ဖြစ်လာပြီ။
新华网昆明2月9日电 陇川县第三十九届朋生统肯目瑙纵歌节近日在该县景罕镇举行。随着洪亮的锣鼓声响起,伴着景颇族激昂的音乐,身着节日盛装的景颇族群众和国内外宾朋有序进入目瑙纵歌场,鼓声、铓锣声、歌声响彻云霄。
目瑙纵歌节是景颇族最隆重、最盛大的传统节日,被列入“国家级非物质文化遗产代表性项目名录”,是景颇族历史、文化、艺术的集中展示。
舞场内,充满了欢歌笑语。舞场旁,社区运动会——2023年陇川县第三十九届朋生目瑙纵歌节民族传统体育体验活动成为一大亮点。爬杆、扭棍……在工作人员示范下,好看又好玩的民族传统体育项目吸引了不少游客体验。
据了解,这些精彩的传统民族体育项目均起源于劳动生活,如今发展为群众喜爱的体育项目。它们历史悠久、风格独特,如今部分项目与现代竞技体育相结合,已成为具有民族特色的竞赛项目。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ