ကူမင်းလေဆိပ်၏ ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက်သည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ကာလထက် ၄ ဆ တိုးမြှင့်လာခဲ့

2023-02-20 16:33|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဖေဖော်ဝါရီလ ၈ ရက်နေ့ ၀ နာရီအထိ Class B အဆင့် စီမံခန့်ခွဲပေါ်လစီကို ၁ လကြာအကောင်အထည်ဖော်ခဲ့ပြီး  ကူမင်းချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက်သည် အဦး ၂.၉၈ သောင်းကျော်အထိ ရောက်ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ကာလထက် ၄ ဆ တိုးမြှင့်လာ၍ တစ်နေ့လျှင် ပျမ်းမျှပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက် အဦး ၁ ထောင်ခန့်ရှိခဲ့သည်ဟု သတင်းထောက်က ကူမင်းအဝင်အထွက်စစ်ဆေးရေးဂိတ်မှ သိရှိရခဲ့သည်။

ကူမင်းချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်သည် အခုအချိန်တွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းကို ဆောင်ရွက်၍ အဓိကအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၊ နီပေါနိုင်ငံ ခတ္တမန္ဒုမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့ စသည်တို့သို့ ပျံသန်းသွားသည်ဖြစ်သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် Class B အဆင့် စီမံခန့်ခွဲပေါ်လစီ၏ လက်တွေ့ကျင့်သုံးခြင်း နှင့်အမျှ တရုတ်နိုင်ငံ ပြည်မကြီးနှင့် ဟောင်ကောင်၊ မကာအိုတို့အကြားမှ အသွားအလာများသည်  မူလအခြေသို့ အပြည့်အဝ ပြန်ရောက်လာစေပြီး တရုတ်လူမျိုးများဆိုင်ရာ ပြည်ထွက် အဖွဲ့လိုက် ခရီးသွားလုပ်ငန်းများသည်  မူလအခြေသို့ စမ်းသပ် ပြန်ရောက်လာစေ၍ နက်စပ်ဂိတ်၏ ပြည်ဝင်ပြည်ထွက်သည့် ပေါ်လစီများသည် အဆက်မပြတ် ပြန်လည်စီစဉ်ကောင်းမွန်လာကာ ကူမင်းချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက်သည် စနစ်တကျ စတင်ပြန်လည်တိုးတက်လာပြီး တစ်ပတ်လျှင် ပြည်ဝင်ပြည်ထွက် လေယာဉ်ခရီးထွက်အကြိမ်သည် ၂၅ ကြိမ်မှ အကြိမ် ၃၀ သို့အထိ တိုးမြှင့်လာခဲ့ပြီဖြစ်ပြီး နောက်နောင်တွင် ကပ်ရောဂါမဖြစ်ပွားမီ အရည်အချင်းသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိမည်ဖြစ်ကာ ခန့်မှန်းချက်အရ ဤလတွင် တရုတ်လူမျိုးများ ပြည်ထွက်ခြင်း အထွတ်အထိပ်ကို ကြိုဆိုလာမည်။

记者从昆明出入境边防检查站获悉,截至2月8日零时,“乙类乙管”政策落地实施一个月,昆明长水机场口岸出入境旅客流量达29800余人次,较去年同期增长4倍,日均出入境旅客流量近1000人次。

据悉,昆明长水国际机场目前运营有14条国际航线,主要是通往泰国曼谷、缅甸仰光、柬埔寨金边、老挝万象、越南胡志明市、新加坡、马来西亚吉隆坡、印度尼西亚雅加达、孟加拉国达卡、斯里兰卡科伦坡、尼泊尔加德满都、日本东京等。随着1月8日“乙类乙管”政策的落地实施,内地与港澳人员往来全面恢复、中国公民出境团队游试点恢复,口岸通关措施不断调整优化,昆明长水机场出入境旅客流量开始有序回升,每周出入境航班架次已由25班提升至30班,下一步将逐渐恢复至疫情前水平,预计本月迎来中国公民出境高峰。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်