ယူနန်ပြည်နယ်၌ "လုံလင် Begonia grandis Dry" ဟူသော ဇီဝအမျိုးအစားသစ်ကို တွေ့ရှိခဲ့

2023-02-17 16:10|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်) ယူနန်ပြည်နယ်၌ တွေ့ရှိခဲ့သော လုံလင် Begonia grandis Dry သည် ဇီဝအမျိုးအစားသစ်အဖြစ် သတ်မှတ်ခံခဲ့သောကြောင့် တစ်ကမ္ဘာလုံး Begonia grandis Dry မျိုးစု၏ ဇီဝအမျိုးအစားများထဲတွင် တစ်မျိုးသစ် ထပ်တိုးလာခဲ့သည်။

ဤသတင်းသည် အခုရက်များတွင် သတင်းထောက်က တရုတ်သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသရုက္ခပင်ဥယျာဉ်မှ ရရှိခဲ့သည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဤဥယျာဉ်၏ သိပ္ပံပညာစူးစမ်းလေ့လာရေးအဖွဲ့သည် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံလင်ခရိုင်ရှိ ရှောင်ဟင်းစန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်၌ တောရိုင်းစူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် Begonia grandis Dry မျိုးစုထဲမှ မသိရသေးသော ရုက္ခပင်တစ်မျိုးကို မမျှော်လင့်သာ တွေ့ရှိခဲ့သည်။

1310696294_16759306115291n

ဤအဖွဲ့သည် Begonia grandis Dry မျိုးစု၏ နောက်ဆုံး အမျိုးအစားခွဲနည်းအရ ဤဇီဝအမျိုးအစားကို သုတေသနပြုခြင်း၊ နှိုင်းယှဉ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့် Begonia grandis Dry မျိုးရင်း Begonia grandis Dry မျိုးစု လက်အောက်ခံဖြစ်ကြောင်း၊ နှစ်ကြာခံပင်ပျော့ပင်ဖြစ်ကြောင်း၊ ရှောင်ဟင်းစန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ရှိ အမြဲစိမ်းရွက်ပြန့်တောအောက်တွင် အဓိကကြီးလာလျက် ပန်းသည် နှစ်တိုင်း သြဂုတ်လမှ စက်တင်ဘာလအထိ ပွင့်ဖူးလျက် အဝါရောင်ဖြစ်သော ပန်းဝတ်သည် တိမ်ပုံစံနှင့်တူပြီး ပွင့်ဖတ်သည် ခပ်ဖျော့ဖျော့ပန်းရောင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

1310696294_16759306115601n

နိုင်ငံတကာ အမည်ကြီးသော Begonia grandis Dry မျိုးစုဆိုင်ရာ ကျွမ်းကျင်သူများ၏ စစ်ဆေးအတည်ပြုပြီးနောက် လုံလင် Begonia grandis Dry ကို ကမ္ဘာပေါ်တွင် နောက်ဆုံးတွေ့ရှိသော ဇီဝမျိုးစုံမျိုးကွဲအဖြစ် သတ်မှတ်၍ တွေ့ရှိသည့် နေရာ၏အမည်ဖြင့် ၄င်းကို နာမည်တပ်ခဲ့သည်။ သက်ဆိုင်သည့် သုတေသနစာတန်းများကို နာမည်ကျော်သော ရုက္ခပင်အမျိုးအစားခွဲပညာ အချိန်သတ်ထုတ်စာစောင် ဖြစ်သည့် Taiwania ပေါ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီ။

全球秋海棠属家族的“物种户口簿”上又添新成员,在云南发现的“龙陵秋海棠”被认定为新物种。

这是近日记者从中国科学院西双版纳热带植物园获得的消息。2021年9月,该园科考队在云南省保山市龙陵小黑山省级自然保护区进行野外调查时,意外发现了一种未知的秋海棠属植物。

1310696294_16759306115291n

团队依据秋海棠属最新分类,对该物种进行了研究、比对、分析,发现它隶属秋海棠科秋海棠属,为多年生草本植物,主要生长在小黑山保护区常绿阔叶林林下,花期一般在每年的8月至9月,黄色的花蕊形似祥云图案,花瓣为淡粉色。

1310696294_16759306115601n

通过国际权威秋海棠属专家审核后,龙陵秋海棠被确定为全球植物新物种,并将其以发现地命名。相关论文已发表在知名植物分类学期刊Taiwania上。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်