၂၀၂၃ ခုနှစ် ချူကျင့်မြို့ လော်ဖျင်ခရိုင်ရှိ ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ကျင်းပမည်

2023-02-16 17:21|ရောင်စုံတိမ်တံတား

1310690706_16736679308131n

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်) ၂၀၂၃ ခုနှစ် ချူကျင့်မြို့ လော်ဖျင်ခရိုင်ရှိ ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်၍ ပန်းပင်လယ်ထဲမှ ပြေးလမ်းသည် ပြေးလမ်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းရှိပြီး ၃၇.၇၉၅ ကီလိုမီတာရှည်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် အပတ်အတွင်း လော်ဖျင်ခရိုင် မြို့တွင်းရပ်ကွက်ထဲမှ မော်တော်ယာဉ်ဝင်းစလုံးသည် အခမဲ့ ဖွင့်လှစ်မည်ဖြစ်၍ လော်ဖျင်ကို လည်ပတ်ကြည့်ရှုရန် လက်ဆောင်ကြီးကို ရယူနိုင်မည်ဖြစ်သည်။

1310690706_16736679423791n

ဤအကြိမ် မာရသွန်အပြေးပြိုင်ပွဲသည် "ချူကျင့်မြို့၌ စုံစည်းခြင်း၊ ပန်းပင်လယ်ထဲတွင် အားရပါးရ လျှောက်လည်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် မာရသွန်အပြေးပြိုင်ပွဲ (၄၂.၁၉၅ ကီလိုမီတာ)၊ ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲ (၂၁.၀၉၇၅ ကီလိုမီတာ)နှင့် ပျော်ပျော်ရွှင်ရွှင် အပြေးပြိုင်ပွဲတို့ကို စီစဉ်မည်ဖြစ်၍ ၄င်း၏ တာထွက်နေရာနှင့် ပန်းတိုင်တို့ကို လော်ဖျင်ခရိုင်အားကစားစင်တာ၌ တည်ရှိမည်။ ပြိုင်ပွဲဝင် အယောက် ၁.၁ သောင်းရှိ၍ ၄င်းအနက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက် ၁၅၀၀၊ ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက် ၃၀၀၀၊ ပျော်ပျော်ရွှင်ရွှင် အပြေးပြိုင်ပွဲဝင် အယောက် ၆၅၀၀ ပါဝင်မည်။ ပြိုင်ပွဲကျင်းပသည့်နေ့တွင် CCTV အားကစားချန်နယ်လ်သည် ဤအကြိမ်ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှတ်မည်ဖြစ်သည်။

ချူကျင့်မြို့ လော်ဖျင်ခရိုင်၌ အထူးသာလွန်ကောင်းမွန်လှသော သဘာဝပတ်ဝန်းကျင်များ ရှိသောကြောင့် "ကမ္ဘပေါ်တွင် နွေဦးရာသီ အလှဆုံးသောနေရာ" ဟု ချီးကျူးခံပြီး သန်းပေါင်းများစွာရှိသည့် မုန်ညင်းစိမ်းပန်းပင်လယ်သည် ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် "ကမ္ဘပေါ်တွင် အလှဆုံးသော သဘာဝပန်းခြံ"ဟု သတ်မှတ်ဖော်ပြခဲ့သည် ဖြစ်၍ "အရှေ့ပိုင်းဒေသ၏ ပန်းခြံ၊ ညှို့နိုင်စွမ်းရှိသည့် လော်ဖျင်ခရိုင်"ဟု အမည်ကောင်းရှိလျက်ရှိသည်။ ၂၀၂၃ ခုနှစ် ချူကျင့်မြို့ လော်ဖျင်ခရိုင်ရှိ ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲ၏ ပြေးလမ်းသည် တရုတ်ပြေးခုန်ပစ်အသင်းချုပ်၏ ကြေးတံဆိပ်ပြိုင်ပွဲဆိုင်ရာ စံချိန်များအရ ဒီဇိုင်းဆွဲ၍ လော်ဖျင်ရှိ ပန်းပင်လယ်ဖြစ်သည့် ဒေသခံထူးခြားချက်ကို အပြည့်အဝပြသနိုင်အောင် ပြေးလမ်းတစ်ခုလုံးသည် ပန်းပင်လယ်အလျှောက် စီစဉ်ထားမည်။ ရှုခင်းသည် လမ်းပေါ်ရှိပြီး လမ်းသည် ပန်းအကြားရှိ၍ ပြိုင်ပွဲဝင်များကို ပြိုင်ပွဲပါဝင်ရာတွင် ပြေးလမ်းတစ်လျှောက်ရှိ လှပသည့်အရာများ များပြားလှသည့် ပန်းပင်လယ်ရှုခင်းများအား ရှုစားစေနိုင်မည်။ ထို့ပြင်၊ ပြေးလမ်းသည် ကလေးသူငယ်များပျော်ပိုက်ရာရိပ်မြုံ၊ မုန်ညင်းစိမ်းပန်းပွဲ၏ အဓိကကျင်းပရာနေရာ စသည့် လော်ဖျင်ရှိ နာမည်ကြီးသော ရှုခင်းသာရပ်ကွက်များနှင့် မြို့ပြယုဂ်များကိုလည်း ဖြတ်သန်းမည်ဖြစ်၍ ပန်းပင်လယ်၏ လှပမှုကို ရှုစားစေပြီး အလှဆုံးသော လော်ဖျင့်ရှုခင်းများကို ပြေးလမ်းပေါ်တွင် ဖော်ပြစေမည်။

1310690706_16736678836371n

ပြိုင်ပွဲ၏ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ပြိုင်ပွဲမတိုင်မီ၊ ပြိုင်ပွဲကျင်းပဆဲ၊ ပြိုင်ပွဲပြီးဆုံးပြီးနောက် ဟူသော အစိတ်အပိုင်း ၃ ခုကို အခြေခံပြု၍ လော်ဖျင် မုန်ညင်းစိမ်းပန်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲနှင့် ရောနှောပေါင်းစပ်ပြီး အချိန် ၃ ရက်မှ ၅ ရက်ကြာသော ပံ့ပိုးမှုလှုပ်ရှားမှုများကိုလည်း ကျင်းပမည်။ ဖွဲ့စည်းမှုကော်မတီသည် ပြိုင်ပွဲပါဝင်လာသည့် ပြိုင်ပွဲဝင်များအတွက် ပန်းပင်လယ်/ ရေတံခွန် ဂီတပွဲ၊ ထူးခြားချက်ရှိ အစားအစာပွဲ၊ ပန်းပင်လယ်တွင် စခန်းချခြင်းနှင့် ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေးပွဲ၊ ချူကျင်မြို့ လော်ဖျင်ခရိုင်တစ်ခုလုံး လှည့်လည်ကြည့်ရှုခြင်း စသည့် လှုပ်ရှားမှုများကိုလည်း စီစဉ်ထားမည်။

1310690706_16736679308131n

昆明信息港综合整理 2023曲靖罗平花海马拉松将于2月25日鸣枪起跑,花海道路占赛道全程90%达37.795千米。赛事举办周罗平城区范围内所有停车位免费开放,还有机会获得罗平旅游大礼包。

1310690706_16736679423791n

本次马拉松以“相聚曲靖·畅游花海”为主题,设有马拉松(42.195公里)、半程马拉松(21.0975公里)和欢乐跑(6.6公里)三个项目,起终点均设在罗平县体育中心。参赛规模11000人,其中全程马拉松项目1500个参赛名额,半程马拉松项目3000个参赛名额,欢乐跑项目6500个参赛名额。赛事当天中央电视台体育频道将对本次赛事进行现场直播。

曲靖罗平有得天独厚的自然环境,被誉为“地球上春天最美丽的地方”,百万油菜花海被吉尼斯记录认定为“世界最大的自然天成花园”,素有“东方花园,魅力罗平”之称。2023曲靖罗平花海马拉松赛道对标中国田协铜牌赛事标准,为充分展示罗平花海这一地方特色,赛道路线将一路伴随花海前行。景在路上,路在花中,让选手们在参与马拉松竞技比赛的同时,亦能在沿途领略美不胜收的花海风景。此外,赛道还经过了罗平欢乐童世界、菜花节主会场等众多罗平经典景观和城市地标,将天成花海之美尽收眼底,把最美的罗平风景呈现在赛道。

1310690706_16736678836371n

赛事组织方面,围绕赛前、赛中、赛后三个阶段,结合曲靖罗平油菜花文化旅游节,开展为期3-5天的“马拉松+”配套活动。组委会为前来参赛的选手准备了花海/瀑布音乐节、特色美食嘉年华、花海帐篷露营健身会、曲靖罗平全域游等系列活动。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်