မြန်မာ့ကြာချည်ထည်သည် ကမ္ဘာပေါ်တွင် စျေးအကြီးဆုံးသောအထည်များထဲမှ တစ်ခုဖြစ်
2023-02-15 09:58|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မြန်မာနိုင်ငံ ရှမ်းပြည်နယ် အင်းလေးကန်သို့ ခရီးသွားလျှင် တောင်ပိုင်းဒေသရှိ Kyaing Khan ကျေးရွာ၏ ရက်ကန်းအလုပ်ရုံသို့ သွားရမည်၊ Kyaing Khan ၏ မြန်မာစာအအဓိပ္ပါယ်သည် "ပိုးထည်နှင့် ကြာပန်း"ဖြစ်၍ ဤနေရာ၌ အံ့ဖွယ်ကောင်းလှသော ရိုးရာလက်မှုအနုပညာဖြစ်သည့် ကြာချည်ရက်လုပ်ခြင်း ရှိသည်။သေးငယ်သော အဆောက်အဦများသည် ရေပေါ်တွင် တည်ဆောက်ထားပြီး ရက်ကန်းစင်၏ကြည်လင်ပြတ်သားသောအသံကိုရံဖန်ရံခါကြားရသည်။
ရက်ကန်းအလုပ်ရုံမှ အလုပ်သမားများသည် ဓားဖြင့် လတ်ဆတ်သော ကြာရိုးများကို တစ်ပတ်ခန့် ပါးပါးလှီးဖြတ်ကြသည်။
ထို့နောက် ကြာမျှင်များ ထုတ်ယူပြီးနောက် လက်ဖြင့် ချည်မျှင်တိုဖြစ်လာရန် ကျစ်ပြီးနောက် ချည်မျှင်ရှည်များကို ချိတ်ဆက်ဖြစ်လာပြီးနောက် ဆေးကြောခြင်း၊ လှန်းခြင်း၊ ရစ်လုံး စသည့် လုပ်ငန်းအစီအစဉ်များ မှတစ်ဆင့် ပိတ်ထည်ရက်လုပ်နိုင်သည့် ချည်မျှင်များကို ထုတ်လုပ်ပေးကြသည်။
ရက်ကန်းအမျိုးသမီးများသည် လက်နှင့်ခြေနှစ်ဖက်ကို အသုံးပြု၍ လက်ဆွဲ၊ ခြေနင်း၊ လွန်းသည် သွားချည်ပြန်ချည်လုပ်ပြီးနောက် ကြာမျှင်များကို ပိတ်ထည်အမျိုးမျိုးဖြစ်လာရန် ရက်လုပ်ကြသည်။
အကုန်လုံးလက်လုပ်ဖြစ်ပြီး အရှိန်နှေးပြီး တစ်နှစ်လျှင် ကြာချည်ထည်အနည်းငယ်သာ ရက်လုပ်နိုင်သောကြောင့်၊ ကြည်မျှင်ဖြင့် ရက်လုပ်သည့် လည်ပတ်ပုဝါတစ်ထည်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ ခန့်ရှိပြီး အချို့အဝတ်အထည်များသည် အမေရိကန်ဒေါ်လာ ၄၀၀ မှ ၅၀၀ ကျော်အထိ လိုသည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးသော အထည်များထဲမှ တစ်ခုဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ







