မြန်မာ့လက်ဖက်ရည်သည် အခါးနှင့်အချို ရှိ၍ စားသုံးနိုင်သလို သောက်သုံးနိုင်

2023-02-08 11:50|ရောင်စုံတိမ်တံတား

微信图片_20230208114044

(ရောင်စုံတိမ်တံတား ကိုကိုမောင်) တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအဖြစ်၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လက်ဖက်ရည်သောက်သည့် ယဉ်ကျေးမှု ပိုမိုကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ဖက်ရည်သောက်ခြင်းနှင့် စားသုံးခြင်းနည်းလမ်းလည်း အမျိုးမျိုးရှိသည်။

မြန်မာ့လက်ဖက်ခြောက်သည် အရည်အသွေး ကောင်းမွန်သောကြောင့် မြန်မာနိုင်ငံတွင် အလွန်ရေပန်းစားပြီး ပြန့်ပွားမှုနှုန်း မြင့်မားသည်။

မြန်မာနို့လက်ဖက်ရည်သည် ချိုမွှေး၍ လူများသည် လက်ဖက်ခြောက်နက်ရည်ထဲသို့ နို့ရည်ထည့်ပြီး သောက်လျက်ရှိကြသည်ဖြစ်၍ ၄င်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ လွှမ်းမိုးမှုမှ ကျန်ရစ်ခဲ့သော လက်ဖက်ယဉ်ကျေးမှု ဖြစ်သည်ဟု ပြောပုံဆိုပုံရှိသည်၊ ဖူအယ်လက်ဖက်ခြောက် နှင့်တူသည့် အရသာနည်းနည်းခါးသော လက်ဖက်ခြောက်များကို ရေနွေးဆူဖြင့် တိုက်ရိုက်ဖျော်ပြီး သောက်လျက်ရှိကြသည်။

လက်ဖက်ရည်သောက်ခြင်းသည် မြန်မာလူမျိုးများအတွက် မရှိမရသည့် နေ့စဉ်ဘဝတစ်ခု ဖြစ်လာ၍ လမ်းကြီး၊ ဆိုင်ငယ်၊ လက်ဖက်ရည်ဆိုင်၊ တောင်မှမြောက်သို့နေရာအနှံ့တွင် လက်ဖက်ရည်သောက်သူများကို တွေ့နိုင်သည်။

微信图片_20230208114049

လက်ဖက်ယဉ်ကျေးမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးထဲမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာ့သမိုင်းအချက်အလက်များအရ လက်ဖက်ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုသည် ထန်မင်းဆက်ခေတ်နှောင်းပိုင်းနှင့် ဆုံမင်းဆက်ခေတ် အစောပိုင်းမှ စတင်၍ ထိုအချိန်တွင် ချာမာရှေးဟောင်းလမ်း(လက်ဖက်မြင်းလမ်း)မှ မြန်မာနိုင်ငံသို့ ပို့ဆောင်လာခဲ့သည် ဖြစ်သည်။

ဆုံမင်းဆက်ခေတ်တွင် လက်ဖက်ရည်သောက်သည့် ဓလေ့သည် မြန်မာနိုင်ငံ၌ ယေဘုယျအခြင်းအရာတစ်မျိုး ဖြစ်လာခဲ့ပြီ။

မင်မင်းဆက်ခေတ်နှင့် ချင်မင်းဆက်ခေတ်တို့မှ ယနေ့အထိ မြန်မာ့လက်ဖက်ယဉ်ကျေးမှုသည် နေ့စဉ်ဘဝထဲမှ မရှိမဖြစ်နိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်ရုံသာမက လူမှုပေါင်းသင်းဆက်ဆံရေး ဝတ်ထုံးနည်း စသည့် အရေးပါသော ကဏ္ဍပေါင်းစုံသို့ ထိုးဖောက်ဝင်ရောက်ကာ မြန်မာ့ယဉ်ကျေးမှုထဲမှ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ။

微信图片_20230208114054

ကိုးကန့်သည် မြန်မာနိုင်ငံတွင် လက်ဖက်အဓိကထွက်သည့် ဒေသဖြစ်၍ ကိုးကန့်သည် ထင်ရှားသော လတ္တီတွဒ်နိမ့်ပြီး ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားသော ကုန်းပြင်မြင့် စိုစွတ်သော မုတ်သုံရာသီဥတုဇုန်ဖြစ်ပြီး ယခုအချိန်အထိ မူလဂေဟပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်၍ ဤနေရာတွင် တောရိုင်းလက်ဖက်ပင်များသည် မူလပတ်ဝန်းကျင်ထဲတွင် ကြီးထွားလာသောကြောင့် လက်ဖက်ခြောက်ထုတ်လုပ်ရန် အကောင်းဆုံးသော ဂေဟကုန်ကြမ်း ဖြစ်လာသည်။

ကိုးကန့်တွင် ပေါများကြွယ်ဝသော ရှေးဟောင်းလက်ဖက်ပင် သဘာဝအရင်းအမြစ်များ ရှိ၍ လက်ဖက်ပင်များ၏ အသက်သည် နှစ် ၂၀၀ မှ ၅၀၀ အတွင်း ဖြစ်ပြီး အပင်မျိုးစိတ်သည် ယူနန်မှလာပြီး အဆင့်အတန်းမြင့် ဖူအယ်လက်ဖက်ခြောက်နှင့် လက်ဖက်ခြောက်နက်တို့၏ အရည်အသွေးမြင့်သော ကုန်ကြမ်းများ ဖြစ်သည်။

微信图片_20230208114058

မြန်မာလူမျိုးများ၏ လက်ဖက်သောက်နည်း မျိုးစုံသည်၊ လက်ဖက်စိမ်း၊  လက်ဖက်နက်၊ အူလုံလက်ဖက်၊ ဖူအယ်လက်ဖက်၊ ပန်းလက်ဖက်၊ ရေနွေးပူနှင့် အေးခဲလက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း၊ ရောနှောလက်ဖက်ရည်၊ မြန်မာ့လက်ဖက်သုပ်တို့ကို ပါဝင်သည်။

မြန်မာလူမျိုးများ သောက်များသည့် လက်ဖက်ခြောက်များမှာ လက်ဖက်ရည်ချိုနှင့် လက်ဖက်ရည်ခါးဖြစ်သည်။ လက်ဖက်ရည်ချိုသည် လက်ဖက်ရည် ဟုခေါ်ပြီး လက်ဖက်ရည်ခါးသည် ရေနွေးကြမ်း ဟုခေါ်ပြီး ရှေးတစ်ခုက ဗြိတိသျှ၏ အမွေအနှစ်ဖြစ်ပြီး နောက်တစ်ခုသည် မြန်မာ့အစဉ်အလာဖြစ်သည်။

လက်ဖက်ရည်ချိုသည် လက်ဖက်နက်ကို အခြေခံပြုပြီး နို့မုန့်နှင့်သကြားများကို ထည့်ပြီးသောက်လျက် ညိုဝါရောင်ဖြစ်ပြီး အရသာသည် အလွန်ချိုမြိန်ပြီး လက်ဖက်၏အရသာကို ပါသည်။ လက်ဖက်ရည်ချိုသည် ဗြိတိသျှတို့၏ နေ့လည်ခင်းလက်ဖက်ရည်အဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်လာခဲ့သော်လည်း ၎င်း၏ ပြန့်ပွားမှုအရှိန်နှင့် ကျယ်ပြန့်မှုသည် လူများ၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။

微信图片_20230208114101

လက်ဖက်ရည်ခါးသည် အနီရင့်ရောင်ဖြစ်ပြီး အရသာခါးသော်လည်း မပြင်းပါ၊ မြန်မာ့မိသားစုတိုင်းလိုလိုတွင် ဤလက်ဖက်ရည်ခါးမျိုးဖြင့် ဖြည့်ထားသော ရေနွေးအိုး အနည်းဆုံးတစ်လုံးရှိသည်။

မြို့မှလူများသည် ဧည့်သည်များကို လက်ဖက်ရည်ခါးဖြင့် ဧည့်ခံရန် အလွန်ရှားပါးသည်။ သို့သော် ကျေးလက်များတွင် လက်ဖက်ရည်ခါးသည် အငြင်းပွားဖွယ်မရှိသော ဦးဆောင်ဇာတ်ဆောင်ဖြစ်သည်။ လက်ဖက်ရည်ခါးကိုလည်း ရေနွေးအိုးထဲထည့်ကာ လယ်ကွင်းများသို့ ပါသွားပြီး ပူပြင်းသော နွေရာသီထဲမှ အေးမြစေသော ပစ္စည်းကောင်းဖြစ်လာသည်။

微信图片_20230208114104

မြန်မာနိုင်ငံ၌ လက်ဖက်နှင့်ပတ်သက်သည့် စိတ်အားထက်သန်မှုသည် စိုက်ပျိုးထွက်လာသည့် လက်ဖက်၏ အရည်အသွေးတွင် ပြသနိုင်ရုံသာမက ၎င်း၏ ကြီးမားပြီး ကြွယ်ဝသော စားသုံးမှုစနစ်တွင်လည်း ပိုမိုထင်ဟပ်သည်။

မြန်မာနိုင်ငံ၌ လက်ဖက်သုပ်ဟုခေါ်သည့် အစားအစာတစ်မျိုးရှိသည်။ မြန်မာလူမျိုးများ၏ဘဝတွင် လက်ဖက်ရည်သောက်နိုင်ရုံသာမက လက်ဖက်ခြောက်များဖြင့်လည်း အရသာကောင်းသော သရေစာများကို ချက်ပြုတ်စားနိုင်သည်။

微信图片_20230208114108

လက်ဖက်သုပ်စားရန် ယေဘုယျအားဖြင့် နည်းလမ်းနှစ်မျိုးရှိသည်၊ တစ်မျိုးမှာမူရင်းအရသာဖြစ်၍ ဟင်းခတ်အမွှေးအကြိုင်မထည့်ပြီး တိုက်ရိုက်စားလျက် ပို၍ခါးသော်လည်း လက်ဖက်ချဉ်၏ ပြင်းပြသောအရသာကို လျော့မသွားရန် သေချာစေနိုင်သည်၊ ဒုတိယကတော့ စပ်ချဉ်သောအရသာဖြစ်ပြီး လက်ဖက်ရွက်ထောင်း၊ ပဲစေ့ကြော်၊ ပဲပင်ပေါက်ကြော်၊ မြေပဲကြော်၊ ကြက်သွန်ဖြူကြော်၊ ခရမ်းချဉ်သီးလှီး၊ ကြက်သွန်ဖြူစိမ်း၊ မုန်လာဥနီနှင့် နှမ်းစေ့တို့ဖြင့် ရောနယ်ပြီး စားသည့် လက်ဖက်သုပ်ဖြစ်၍ သံပုရာရည်နောက်ညှစ်ပြီး စားသုံးသည်မှာ တွေ့ရန်အလွန်များသည်၊ ဤသည် သရေစာတစ်မျိုး ဖြစ်နိုင်ရုံသာမက ထမင်းတစ်ပန်းကန်နှင့် တွဲစားနိုင်သည်။

微信图片_20230208114111

ထို့ပြင်၊ လက်ဖက်ရွက်ဖြင့်လည်း ပူပူနွေးနွေး ဟင်းလျာအဖြစ် စားသုံးနိုင်သည်။ နေ့စဉ်စားသည့် ကြက်ဥထမင်းကြော် ချက်ပြုတ်ချိန်တွင် လက်ဖက်ရွက်ဖြင့် ကြက်ဥအစားထိုးပြီး ချက်ပြုတ်လျှင် မြန်မာ့လက်ဖက်ထမင်းကြော် ဖြစ်လာသည်။

微信图片_20230208114044

作为中国的邻邦, 缅甸在整个东南亚算是一个饮茶文化比较丰富的国家,喝茶、食茶的方式也很多样化。

缅甸本地茶叶质量上等,所以茶饮在缅甸深受欢迎,普及率高。

缅甸奶茶清醇香甜,很多人习惯于红茶加奶,据说是受了英国殖民者的影响遗留下的茶饮文化,而像普洱茶之类的微苦原叶就直接用沸水冲泡。

泡茶成为缅甸人不可剥离的日常,大街上、小商店、茶餐厅,从南到北随处可见茶客。

微信图片_20230208114049

茶文化,是中缅关系中的一个重要的部分。据缅甸史料记载,茶文化的交流始于唐末宋初,当时是通过茶马古道传入缅甸。

到宋朝,喝茶习俗在缅甸已经非常普遍了。

明清时期到今天,缅甸茶文化不只是日常生活中不可缺少的一个环节,更是渗透到社交礼仪等各种重要层面,成为缅甸文化的重要部分。

微信图片_20230208114054

缅甸主要的产茶区在果敢,果敢属典型低纬度高海拔高原湿润季风气候区,至今仍保留了原始的生态环境,这里的野生乔木茶树在原始生长环境下成为了制茶最上乘的生态原料。

果敢有着丰富的古茶树自然资源,茶树龄都在200~500年不等,其树种为云南原生大叶种和阿萨姆种,分别是高端普洱茶和红茶的优质原料。

微信图片_20230208114058

缅甸人的饮茶方式也是多种多样:既有饮绿茶、红茶的,也有饮乌龙茶、普洱茶、花茶的;既有饮热茶的,也有饮冰茶的;既有饮清茶的,也有饮调味茶的;还有缅甸拌茶叶。

缅甸人最普遍饮用的有甜茶和苦茶。甜茶叫“拉佩依”,苦茶叫“叶内碱”,前者是英伦遗风,后者是缅甸传统,两者彼此区隔,又相互交织。

甜茶以浓稠的红茶做底,佐以奶精和糖,呈棕黄色,味极甜并带一丝茶味。甜茶最早是作为英国人的下午茶出现在缅甸的,但其传播速度之快、范围之广出乎人们的意料。

微信图片_20230208114101

苦茶呈暗红色,味苦但并不强烈,几乎每一个缅甸家庭都至少有一把保温茶壶,装的就是这种苦茶。都市里的苦茶,它们出现在早餐店、大排档、甜茶馆的餐桌上,供食客免费饮用,沦为附庸,充当配角。

城里的人家也绝少拿苦茶招待客人。但在乡村,苦茶却是毫无争议的主角。苦茶还会被装入水壶中,带往田地,成为炎炎夏日的解暑佳品。

微信图片_20230208114104

缅甸对茶叶的热忱之情不仅仅体现在种植出的茶叶品质,更多则是其庞大丰富的食用体系。

在缅甸,有一种叫LaPhet thoke的食物。茶叶在缅甸人的生活中,不仅可以用来喝茶,还可以用来做成美味的小吃。

微信图片_20230208114108

茶叶沙拉一般两种吃法:一是原味的,不加调料直接吃,比较苦,确保发酵茶重口味不打折。二是酸辣味,由茶叶碎酱、炸豌豆、炸胡豆瓣、炸花生、炸大蒜、番茄片、生蒜、白菜丝和芝麻拌在一起的茶叶沙拉,再挤上点柠檬汁也是很常见的吃法。这道菜百搭,它既可以是一道小吃,也可以和一盘米饭搭配在一起成为一顿饭。

微信图片_20230208114111

同样地,茶叶也能做热菜。平时家常蛋炒饭,把蛋换成了茶叶,就成了缅甸的茶叶炒饭了。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်