ကူမင်းမြို့ အံနင်ခရိုင်၌ တိန်ဟက်ဟုံရင်းဟုခေါ်သည့် ချယ်ရီပန်းများသည် အခါတော်နေ့ကို အလှဆင်၍ နွေဦးပွဲတော်ကို ကြိုဆို
2023-02-06 14:24|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုရက်များတွင် ကူမင်းမြို့ အံနင်ခရိုင် နင်ဟူဧရိယာအပိုင်းရှိ တုံးထန်၊ ရှီးထန်ဥယျာဉ်၊ မြို့တွင်းလမ်းနှင့် လူနေရပ်ကွက်ပန်းခြံများ၌ စိုက်ပျိုးထားသည့် တိန်ဟက်ဟုံရင်းဟုခေါ်သည့် ချယ်ရီပန်းများသည် ဝေဝေဆာဆာပွင့်ဖူးချိန်သို့ ဝင်ရောက်၍ ဆိုင်းဆိုင်းဝေဝေရှိသည့် ပန်းခက်များပေါ်ရှိ ဆည်းဆာနီကဲ့သို့ ရွှန်းတင့်တောက်ပသော အနီရောင်ချယ်ရီပန်းများသည် အခါတော်နေ့ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲရန်၊ နွေဦးပွဲတော်ကို ကြိုဆိုရန်အတွက် လှပသော ပန်းပွင့်ရှုခင်းများကို ဖန်တီးထားပါသည်။
တိန်ဟက်ဟုံရင်းသည် ယူနန်ပြည်နယ်ရှိ တောရိုင်းမူရင်းချယ်ရီပန်းများထဲမှ တွေ့ခက်သော ပွင့်ဖတ်များမျိုးစိတ် ဖြစ်၍ ဆယ်နှစ်ကျော်ကြာသော မျိုးကောင်းသွင်းယူခြင်းနှင့် ဥယျာဉ်မြိုင်တော အသုံးချခြင်းဆိုင်ရာ သုတေသနပြုခြင်းအားဖြင်း ယခုတွင် အံနင်ခရိုင် ဝင်ချွမ်မြို့နယ် တိန့်ဇုံးကျေးရွာ၌ ပြည်တွင်း အတိုင်းအတာ အကြီးဆုံးသော၊ အဆင့်အတန်း မျိုးစုံသော၊ အရည်အသွေး မြင့်မားသော တိန်ဟက်ဟုံရင်းမျိုးစိတ် အရင်းအမြစ်ခြံနှင့် ပျိုးပင်ငယ် ပြုစုပျိုးထောင်ခြင်း ထုတ်လုပ်မှုအခြေခံစခန်းကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ယူနန်ပြည်နယ်ရှိ အဆန်းထွင်သော၊ အရည်အသွေးကောင်းသော၊ ထူးခြားချက်ရှိသော ကျေးရွာအစိမ်းရောင်ရုက္ခပင်များအဖြစ် ကူမင်းမြို့ အံနင်ခရိုင်၊ ယိရှီး ချန်ကျန်းခရိုင်စသည့် နေရာများတွင်လည်း စိုက်ပျိုးသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















