နွေဦးပွဲတော်အတွင်း ယူနန်တိုင်းရင်းသားကျေးရွာသို့ ရိုးရာဓလေ့ထုံးစံပြပွဲကို လာရောက်ပါဝင်မည်

2023-01-20 11:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဤနှစ် နွေဦးပွဲတော်၏ တရုတ်ရိုးရာပြက္ခဒိန် ၁ လပိုင်း ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ယူနန်တိုင်းရင်းသားကျေးရွာသည် မြို့သူမြို့သားများ၊ ခရီးသည်များကို "မနောပွဲလှည့်လည်ခြင်း၊ ဥယျာဉ်ပျော်ပွဲဝင်နွှဲခြင်း၊ ကျေးရွာအသီးသီး၏ ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းခြင်း" စသည့် ရိုးရာဓလေ့ထုံးစံပြပွဲများ လက်တွေ့ခံစားရန် မိတ်ခေါ်ခဲ့သည်။

တရုတ်ရိုးရာပြက္ခဒိန် ၁ လပိုင်း ၁ ရက်နေ့မှ ၃ ရက်နေ့အထိ၊ ခရီးသည်များသည် တိဗက်လူမျိုးကျေးရွာ၌ တိဗက်သက္ကရာဇ် နှစ်သစ်ကူးပွဲတော်၏ ဆုမွန်ကောင်းတောင်းပွဲကို ဆင်နွှဲနိုင်မည်။ ကျင်ဖော်လူမျိုးကျေးရွာ၌ မနောပွဲဖြင့် ခေါင်းစဉ်ဖြစ်သည့် လှုပ်ရှားမှုများကို နေ့စဉ်နေ့တိုင်း ကျင်းပမည်ဖြစ်၍ ခရီးသည်များသည် သစ်သားဓားများနှင့် ယပ်တောင်များကို ကိုင်းရင်း တေးဂီတနှင့်အမျှ ပျော်ပျော်ရွှင်ရွှင် ကခုန်နိုင်မည်။ ခရီးသည်များသည်လည်း လှည့်လည်ရေးအဖွဲ့ထဲတွင် ရပ်းနားပြီးနောက် အရသာကောင်းသော အရက်များကိုလည်း မြည်းသောက်နိုင်ပြီး ဆုတောင်းပေးနိုင်၍ တကယ့်ရိုးရာသော ကျင်ဖော်လူမျိုး၏ ပျော်ရွှင်သော နှစ်သစ်ကူးဓလေ့ထုံးစံများကိုလည်း ခံစားနိုင်ကာ ယှဉ်ပြိုင်ခြင်းလှုပ်ရှားမှု ၂ ကြိမ်ကိုလည်း နေ့စဉ်နေ့တိုင်း ပါဝင်နိုင်မည်။ အာချမ်းလူမျိုးကျေးရွာ၌ စိတ်ဝင်စားဖွယ်ရာ ပျော်ရွှင်သော အာချမ်းလူမျိုး ရိုးရာယဉ်ကျေးမှု Talk Show တစ်ကြိမ်ကို ကျင်းပမည်။ ဒေအောင်လူမျိုးကျေးရွာကွင်းပြင်၌ ပန်းလောင်းဆုတောင်းခြင်း၊ ကခုန်ပွဲတို့ကို တစ်နေ့လုံး ပါဝင်နိုင်မည်ဖြစ်၍ ဒေအောင်လူမျိုး၏ ရိုးရာသော ပန်းလောင်းခြင်းနှင့် ဘုရားရုပ်တုတော်ရေလောင်းခြင်း အခမ်းအနားကို ခံစားနိုင်မည်။

တရုတ်ရိုးရာပြက္ခဒိန် ၁ လပိုင်း ၁ ရက်နေ့မှ ၆ ရက်နေ့အထိ၊ ခရီးသည်များသည် ဘိုင်လူမျိုး၊ ယီလူမျိုး၊ ဝလူမျိုး၊ နာဆီလူမျိုး၊ ကြည်နိုလူမျိုး၊ လီဆူလူမျိုးတို့၏ ထူးခြားသော နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းခြင်းဆိုင်ရာ ဓလေ့ထုံးစံများကို ခွဲခြားခံစားနိုင်မည်၊ ခရီးသည်များကို တရုတ်ရိုးရာပွဲတော်ထဲတွင် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေနိုင်မည် ဖြစ်၍ မူလပိုင်း ဓလေ့ထုံးစံများကို လက်တွေ့ခံစားစေနိုင်မည် ဖြစ်သည်။

昆明信息港讯(昆明日报 记者杨官荣)今年春节大年初一至初六,云南民族村邀请市民体验“目瑙纵歌巡游、游园游戏互动、各村寨民俗拜年”等民俗活动。

大年初一至初三,游客可在藏族村感受到藏历新年祈福法会。在景颇寨,每天都会开展以景颇族目瑙纵歌为主题的活动,游客可手持木刀、扇子,和着音乐的旋律纵情欢跳。游客还可以在巡游队伍中打卡,品尝醇香的水酒送祝福,感受地道传统的景颇族欢乐年俗,每天还有两场竞技游戏活动等着游客;阿昌庭院将有一场欢乐有趣的阿昌族民族文化庭院脱口秀;德昂村寨广场全天可参与浇花祈福、嘎光打跳,感受德昂族传统的浇花浴佛仪式。

大年初一至初六,游客能分别感受白族、彝族、佤族、纳西族、基诺族、傈僳族独特的拜年习俗,让游客在中国传统节日中亲身感受和体验云南的少数民族民俗文化,体验原汁原味的风俗习惯。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်