ကူမင်းမြို့ရှိ နှစ်သစ်ကူးကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲတော်လှုပ်ရှားမှုသည် လူကြိုက်များ
2023-01-17 16:43|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ကူမင်းမြို့ ဖန်လုံရပ်ကွက် ကူလုတ်လမ်းရှိ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲတော်လှုပ်ရှားမှုကို ထောင်ယွန်ကွင်းပြင်၌ စတင်ကျင်းပခဲ့၍ သက်ဆိုင်ရာ လှုပ်ရှားမှုများကို တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။
ထောင်ယွန်ကွင်းပြင်သို့ ဝင်ရောက်လျှင် အမွှေးအကြိုင်များ၊ ဝက်သားခြောက်များ၊ ခွံမာသီးများ၊ ရိုးရာလက်မှုအထူးထွက်ကုန်များ စသည့် အမျိုးမျိုးအဖုံဖုံရှိသည့် နှစ်သစ်ကူးကုန်ပစ္စည်းများသည် သွားလာသည့် ပြည်သူလူထုများကို ဆွဲဆောင်ကြသည်။ ဆားစိမ်ပစ္စည်းနှင့် နှစ်ချိုးစပ်စာတမ်းတစ်ချို့သည် လူသားများ၏ နှစ်သက်မှုကို ပို၍ ခံထားသည်။ ဝက်အူချောင်း တစ်ကီလိုဂရမ် ၄၈ ယွမ်ဖြစ်ပြီး ချိုသောအရသာနှင့် စပ်သောအရသာ နှစ်မျိုးရှိသည် ဖြစ်ကြောင်း၊ ငန်းခြောက် တစ်ကီလိုဂရမ် ၂၈ ယွမ်ဖြစ်ပြီး တစ်ကောင်လျှင် ၄ ကီလိုဂရမ်ခန့် ရှိ၍ နံနက်ပိုင်းတွင် ယွမ် သောင်းနှင့်ချီပြီး ရောင်းချခဲ့သည် ဖြစ်ကြောင်း၊ ၂ နှစ်ကြာ ဆားစိမ်သော ရှန်းဝေးဝက်ပေါင်ခြောက်၏ အနိမ့်ဆုံးစျေးနှုန်းသည် တစ်ကီလိုဂရမ် အယွမ် ၅၀ ဖြင့် ရောင်းချသည် ဖြစ်ကြောင်း ကုန်သည်များက မိတ်ဆက်ပြောကြားခဲ့သည်။

ဤအကြိမ် နှစ်သစ်ကူးကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲတော်လှုပ်ရှားမှုတွင် ယူနန်ပြည်နယ်မှ အထူးထွက်ကုန်ပစ္စည်း အများအပြား စုစည်းထား၍ တာ့လီရှိ ဇူစန့်(နွေးနို့ဖြင့် ပြုလုပ်သည့် သရေစာတစ်မျိုး) နှင့် ဒိန်ခဲများ၊ ဝေ့စန်းနှင့် ဟက်ချင့်တို့ရှိ ဆန်မုန့် စသည်တို့ကို ပါဝင်သည်။ နှစ်သစ်ကူးကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲတော်လှုပ်ရှားမှုကို ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်၍ ပါဝင်လာသည့် ကုန်သည် ၅၀ ကျော်ရှိကြသည်။
日前,昆明市盘龙区鼓楼街道2023年迎新春年货购物节活动在桃源广场拉开帷幕,系列惠民活动将持续至春节前夕。
走进桃源广场,从香料到各种腊肉,从坚果百货到各种传统手工特产,琳琅满目的年货吸引着过往群众。一些腌制品和春联比较受市民喜爱。有摊主介绍,香肠48元一公斤,有广味、麻辣两种口味;风干鹅28元一公斤,一只重4公斤左右,一上午就卖了好几万元;腌制2年的宣威火腿最低50元一公斤……

据了解,此次年货节还汇集了不少云南本土特产,如大理乳扇、奶酪棒,巍山、鹤庆的饵块等。年货节从1月1日持续至1月19日,参与活动的商家有50多家。(春城晚报-开屏新闻 记者张勇 杨茜)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
