၂၇ ကြိမ်မြောက် ကူမင်းတရုတ်ဆီးပန်းပွဲကို စတင်ကျင်းပခဲ့

2023-01-03 16:41|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဟင်လုံထန်ဥယျာဉ်၌ ၂၇ ကြိမ်မြောက် "လုံချွမ်ထန့်မေ" ကူမင်းတရုတ်ဆီးပန်းပွဲကို စတင်ကျင်းပခဲ့၍ ဤပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။ ဤအကြိမ် တရုတ်ဆီးပန်းပွဲ၏ ခေါင်းစဉ်သည် "လုံချွမ်ရှိ တရုတ်ဆီးပန်းများ ပွင့်ဖူးပြီး နေရာအနှံ့ နွေဦးရာသီဖြစ်ခြင်း" ဖြစ်သည်။ တရုတ်ဆီးပန်းများကို ရှုစားနိုင်သည့်အပြင် ခရီးသည်များသည် တရုတ်ဆီးပန်း ယဉ်ကျေးမှုများနှင့် ပေါင်းစပ်ပြီး ထုလုပ်ထားသည့် "စည်ပင်သာယာသည့် ခေတ်ကောင်းတွင် တရုတ်ဆီးပန်းများ ပွင့်ဖူးခြင်း၊နွေဦးလာပြီး အိမ်ထောင်များကို နွေးထွေးစေခြင်း" ဟူသော ရှုခင်းရှုကွက်ကိုလည်း ရှုစားနိုင်မည်။

1262708_2048x2048

"လုံချွမ်ထန့်မေ" သည် ကူမင်းမြို့သူမြို့သားများကို ၂၇ နှစ်ကြာ အပေါင်းအဖော် အဖြစ်လိုက်ပြီဖြစ်၍ ကူမင်းမြို့သူမြို့သားများ၏ "သူငယ်ချင်းဟောင်း" အနေဖြင့် ဟင်လုံထန်ရှိ တရုတ်ဆီးပန်းပွဲသည် နှစ်စဉ်နှစ်တိုင်း နွေဦးရာသီအစောပိုင်းတွင် ကျရောက်လာ၍ မြို့သူမြို့သားများနှင့် ခရီးသည်များကို နွေဦးရာသီ နှင့်ပတ်သက်သည့် မျှော်လင့်ချက်များ၊ ကောင်းမွန်လှပသော နေထိုင်မှုဘဝ နှင့်ပတ်သက်သည့် မျှော်မှန်းတမ်းတမှုများ ပါလာလျက်ရှိသည်။ ဤနှစ်တွင် တရုတ်ဆီးပန်းပွဲသည် ဆောင်းယဉ်စွန်းချိန်၊ အနည်းငယ်အေးသောရာသီချိန်၊ အလွန်အေးသောရာသီချိန်၊ နှစ်သစ်ကူးအကြိုနေ့၊ နွေဦးသစ်စခါ၊ မိုးရေကျရာသီချိန်တို့ကို ဖြတ်သန်းမည် ဖြစ်၍ နှစ်သစ်ကူးနေ့၊ နွေဦးပွဲတော်နေ့တို့ဖြင့် အဓိကအချိန်ကာလအဖြစ် ခရီးသည်များကို ကြာရှည်လေးမြင့်သော တရုတ်ဆီးပန်း ယဉ်ကျေးမှုများကို ခံစားစေနိုင်မည်။ တရုတ်ဆီးပန်းများ ဝေဝေဆာဆာ ပွင့်ဖူးချိန်သည် နှစ်သစ်ကူးနေ့ခန့်တွင် ဖြစ်ပေါ်လာနိုင်မည်ဟု ခန့်မှန်းခဲ့သည်။

1262709_2048x2048

"ကူမင်းမြို့ရှိ ရှုခင်းရှုကွက်သစ် ၁၆ ခု"ထဲမှ တစ်ခုအဖြစ်၊ "လုံချွမ်ထန့်မေ"သည် နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့၏ နာမည်အကျော်ဆုံးသော ပန်းနာမည်ကတ်ပြား တစ်ခုဖြစ်၍ ၂၀၁၇ ခုနှစ်တွင် ယူနန်ပြည်နယ် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့ထုံးစံများ ထိန်းသိမ်းရေးစာရင်း ထဲသို့ အရွေးခံခဲ့သည်။ ဟင်လုံထန်ဥယျာဉ်သည် ယဉ်ကျေးမှု အနက်အဓိပ္ပယ်များကို နက်ရှိုင်းစွာတူးဖော်ခြင်း၊ ဥယျာဉ်၏ အရည်အသွေးကို တိုးမြှင့်ခြင်းတို့ကို အမြဲတမ်း အလေးပေးဆောင်ရွက်၍ တစ်နိုင်ငံလုံး တရုတ်ဆီးပန်းပြပွဲကို ၃ ကြိမ် တာဝန်ယူဆောင်ရွက်ခဲ့သည် ဖြစ်သည်။

1262710_2048x2048

1262711_2048x2048

1262712_2048x2048

1262713_2048x2048

1262714_2048x2048

ဟင်လုံထန်ဥယျာဉ်သည် အနောက်တောင်ပိုင်းဒေသတွင် အကျယ်အဝန်း အကြီးဆုံးသော တရုတ်ဆီးပန်းဥယျာဉ် ဖြစ်၍ ဤတွင် အကျယ်အဝန်း အမို ၅၀၀ ခန့်ရှိသည့် တရုတ်ဆီးပန်းဥယျာဉ်နှင့် တရုတ်ဆီးပန်း အမျိုး ၂၀၀ ကျော်၊ တရုတ်ဆီးပန်း အပင် ၁ သောင်းကျော်ရှိ၍ ၄င်းအနက် ယူနန်ပြည်နယ်၌ အထူးရှိပြီး ရှားပါးသော၊ အဖိုးတန်လှသည့် တရုတ်ဆီးပန်း ၂၃ မျိုးပါဝင်သည်။ ကူမင်းတရုတ်ဆီးပန်းပွဲ ကျင်းပရာတွင် တရုတ်ဆီးပန်းများ ရှုစားနိုင်ပြီး တရုတ်ဆီးပန်း ယဉ်ကျေးမှုများ ခံစားနိုင်သည့်အပြင် ဟင်လုံထန်ဉယျာဉ်သည်လည်း ကူမင်းမြို့ ပရဟိတလုပ်ငန်းအဖွဲ့ချုပ်နှင့် ပရဟိတလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်၍ "လုံချွမ်ထန့်မေ" ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပြပွဲကို ကျင်းပပြီး ခရီးသည်များအတွက် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၏ ညှို့နိုင်စွမ်းများကို ပြသမည်။

1262715_2048x2048

昆明信息港讯 12月22日,黑龙潭公园第二十七届“龙泉探梅”昆明梅花节正式启幕,梅花节将持续到2023年2月28日。本届梅花节以“龙泉梅开天下春”为主题。除了赏梅,游客还能欣赏结合梅花文化打造的“梅开盛世、春暖人家”景观小品。

1262708_2048x2048

“龙泉探梅”已经伴随春城市民走过了二十七个冬春,作为昆明人的“老朋友”,黑龙潭梅花节在每年岁寒初春如约而至,为市民游客带来对春天的期盼、对美好生活的向往。今年的梅花节将贯穿冬至、小寒、大寒、除夕、立春、雨水五个节气,并以元旦、春节为主要时间节点,带领游客感受悠久的梅花文化。预计盛花期出现在元旦节后。

1262709_2048x2048

作为“昆明新十六景”之一,“龙泉探梅”是春城昆明最为响亮的花事名片之一,2017年被列入云南省非物质文化遗产民俗类保护名录。一直以来,黑龙潭公园注重深挖文化内涵、提升公园品质,并三次承办了全国梅花展。

1262710_2048x2048

1262711_2048x2048

1262712_2048x2048

1262713_2048x2048

1262714_2048x2048

黑龙潭公园是西南地区面积最大的山水梅园,有面积近500亩的梅园和200多个梅花品种、1万余株地栽梅花,其中云南特有珍稀名贵梅花品种23个。梅花节期间,除了赏梅花、感受梅花文化外,黑龙潭公园还与昆明市慈善总会联合开展系列慈善主题活动,并将举行“龙泉探梅”非物质文化遗产展,向游客展示非遗魅力。

1262715_2048x2048

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်