ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲရှိ ပထမဆုံးအမှာစာ 9810 ကုန်ပစ္စည်းများကို ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ပဂိုဒေါင်သို့ တင်ပို့ခဲ့

2023-01-01 14:25|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ပထမဆုံးအမှာစာ 9810 ကုန်ပစ္စည်းများကို ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ပဂိုဒေါင်သို့ တင်ပို့ခဲ့သည်။ ၄င်းမှာ ဟုံဟယ်ပြည်နယ်ခွဲနှင့် ဗီယက်နမ်နိုင်ငံ လာကိုင်ပြည်နယ်တို့သည် ယခုနှစ် နိုဝင်ဘာလတွင် တရုတ်နှင့် ဗီယက်နမ် ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးပွဲ အောင်မြင်မှုများကို တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံတို့ လက်မှတ်ရေးထိုးထားသော "တရုတ်-ဗီယက်နမ် ပူးတွဲထုတ်ပြန်ချက်" ကို တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာ ဖြစ်သည်။

9810 သည် အကောက်တော်ဌာန၏ ကြီးကြပ်အုပ်ချုပ်ရေး နံပါတ် "နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (e-Commerce) ပို့ကုန်ဂိုဒေါင်" ၏ အတိုကောက်အမည် ဖြစ်၍ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးဖြင့် ပြည်ပဂိုဒေါင်သို့ တင်ပို့သည့် ကုန်ပစ္စည်းများကို အသုံးဝင်ပေးနိုင်သည်။ ယခုဖွင့်လှစ်လိုက်သော နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး နည်းလမ်းသစ်မှာ တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ဟုံဟယ်ဧရိယာအပိုင်းနှင့် ယူနန်ပြည်နယ်၊ ဟုံဟယ်ပြည်နယ်ခွဲတို့သည် သွင်းကုန်ပို့ကုန် ကုန်သွယ်မှုကို တစ်ဆင့်တိုးပြီး စူးစမ်းလေ့လာရန် တစ်ခုတည်းသော ဝန်ဆောင်မှုကို ပေး၍ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကွင်းဆက်ကို ထပ်မံတည်ဆောက်ရန် အရေးကြီးသော အကျိုးသက်ရောက်မှု ရှိသည်။ နောက်နောင်တွင် ဟယ်ခုတ်သည် အရည်အသွေးကောင်းသော ကုန်ပစ္စည်းများကို 9810 နည်းဖြင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ဆက်လက်ဆောင်ရွက်၍ ကုန်စည် တင်ပို့ရောင်းချရေး လုပ်ငန်းကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေမည်။

12月23日,红河哈尼族彝族自治州首单9810货物从河口口岸出口至海外仓。这是红河州与越南老街省积极落实今年11月中越两国最高领导人会谈成果,积极贯彻落实2022年两国签署《中越联合声明》的具体体现。

据悉,9810是海关监管代码“跨境电商出口海外仓”的简称,适用于跨境电商出口海外仓的货物。这一新的跨境电商贸易方式的开通,为中国(云南)自由贸易试验区红河片区及云南省、红河州进一步探索进出口贸易提供了一站式服务,对进一步搭建跨境电商产业链具有重要意义。今后,河口将持续推动优质产品通过9810方式出口到越南,促进出口贸易高质量发展。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်