ချင်တူး-ကူမင်း ရထားလမ်းသစ်သည် လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲ၍ ချင်တူးမှ ကူမင်းသို့ သွားရန် ၇ နာရီခန့် လိုအပ်

2022-12-30 14:46|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၈ နာရီ ၅ မိနစ်တွင် အမှတ်စဉ် C57 ရထားသည် ချင်တူးတောင်ပိုင်းဘူတာရုံမှ တဖြည်းဖြည်း ထွက်ခွာပြီး ရှီးချမ်းမြို့သို့ မောင်းနှင်ပြေးဆွဲသွား၍ ၄င်းမှာ ချင်တူး-ကူမင်း ရထားလမ်းသစ် (ချင်တူး-ကူမင်း ရထားလမ်း၏ စွမ်းဆောင်ရည် တိုးချဲ့ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံကိန်း) ၏ နောက်ဆုံးလမ်းထောက် ဖြစ်သည့် အယ်မေ-မြန်နင် လမ်းထောက်သည် ဖွင့်လှစ်ပြေးဆွဲခြင်းကို သရုပ်ဆောင်ထားသည်၊ ယခုအချိန်အထိ စုစုပေါင်းအရှည် ၉၁၅ ကီလိုမီတာရှိသည့် ချင်တူး-ကူမင်း ရထားလမ်းသစ်သည် လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲခြင်းကို အကောင်အထည်ဖော်နေသည်။ ချင်တူးမှ ကူမင်း၊ ဖန်ဇီဟွာ၊ ကူမင်းသို့ အမြန်ဆုံး ၃ နာရီ၊ ၅ နာရီနှင့် ၇.၅ နာရီကြာ ရောက်နိုင်မည်ဖြစ်၍ ခရီးသွားချိန်သည် များများတိုစေမည်။

1

ချင်တူး-ကူမင်း ရထားလမ်းသစ်သည် ချင်တူးတောင်ပိုင်းဘူတာရုံမှစပြီး စီချွန်းပြည်နယ် ချင်တူးမြို့၊ မေစန်းမြို့၊ လက်စန်းမြို့၊ လျံစန်း ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ဖန်ဇီဟွာမြို့နှင့် ယူနန်ပြည်နယ် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကူမင်းမြို့တို့ကို ဖြတ်သန်းပြီး ခရီးဆုံးဘူတာရုံသည် ကူမင်းဘူတာရုံဖြစ်၍ အမျိုးသား အဆင့် I နှစ်လမ်းသွား လျှပ်စစ်မီးရထားလမ်း ဖြစ်၍ တစ်နာရီလျှင် အမြင့်ဆုံး ကီလိုမီတာ ၁၆၀ ပြေးဆွဲနိုင်သည်။

အခု ဖွင့်လှစ်ပြေးဆွဲသည့် အယ်မေ-မြန်နင် လမ်းထောက်ကို ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့၍ ၄င်းသည် စုစုပေါင်း ကီလိုမီတာ ၂၄၀ ရှည်ပြီး အယ်မေ၊ ယန့်ကန်၊ စားဝန်းတောင်ပိုင်း၊ အယ်ပျန်းတောင်ပိုင်း၊ ကျင်းခုတ်ဟယ်တောင်ပိုင်း၊ ကန်းလော့တောင်ပိုင်း၊ ယက်ရှီး၊ ရှီတယ်အနောက်ပိုင်း၊ မြန်နင် ဘူတာရုံ ၉ ခုကို ထောင်လိုက်ပြီး အားလုံး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်သည်။

ထို့ပြင်၊ ကောင်းမွန်စေပြီး အဆင့်တိုးမြှင့်လာသည့် ဖုရှင်း CR200J ကျည်ဆန်ရထားသည် ချင်တူး-ကူမင်း ရထားလမ်းပေါ်တွင် မောင်းနှင်ပြေးဆွဲမည်။ ဤကျည်ဆန်ရထား၏ ကိုယ်ထည်အပေါ် "တရုတ်အဖြူရောင်"နှင့် "တရုတ်အနီရောင်" စသည့် အရောင်အဆင်းများကို ထည့်သွင်းထား၍ ချိတ်ပိတ်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပြီး လှည့်လည်နိုင်သော ထိုင်ခုံများ တပ်ဆင်ထားပြီး  Business Class ထိုင်ခုံများ ထည့်သွင်းတပ်ဆင်ထားပြီး ခရီးသည်များ၏ ရထားစီးမှု သက်သောင့်သက်သာမှုကို တစ်ဆင့်တိုးပြီး ကောင်းမွန်စေမည် ဖြစ်သည်။

ချင်တူး-ကူမင်း ရထားလမ်းသစ်သည် ဖွင့်လှစ်ပြေးဆွဲသည့် အစအဦးကာလတွင် ရထားလမ်းဌာနသည် ချင်တူးမှ ရှီးချမ်းသို့ ခရီးသည်တင် ရထားတွဲ ၄ တွဲ၊ ချင်တူးမှ ဖန်ဇီဟွာသို့ ခရီးသည်တင် ရထားတွဲ ၄ တွဲ၊ ချင်တူးမှ ကူမင်းသို့ ခရီးသည်တင် ရထားတွဲ ၅ တွဲနှင့် ချင်တူးမှ ဖန်ဇီဟွာ၊ ရှီးချမ်းသို့ ကုန်တင် ရထားတွဲ အတွဲ ၃၀ တို့ ပြေးဆွဲရန် စီစဉ်မည်၊ ၄င်းအနက် ချင်တူးအရှေ့ပိုင်းဘူတာရုံ၊ ချင်တူးတောင်ပိုင်းဘူတာရုံ စလုံးတွင် ချင်တူး-ကူမင်း ရထားလမ်းသစ်သို့ မောင်းသည့် ရထားများရှိကြသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစပြီး ချင်တူးမှ ဆစ်ဆောင်ပန်းနားသို့ တိုက်ရိုက်ရထား ပထမဆုံးအကြိမ် ဖွင့်လှစ်ပြေးဆွဲမည်ဖြစ်၍ ခရီးသည်များသည် ခရီးသွားလာရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ အနာဂတ်တွင် ရထားလမ်းဌာနသည် ခရီးသည်များ၏ ခရီးသွားလာမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လည်ပတ်မှုအခြေအနေနှင့် စျေးကွက်လိုအပ်ချက်များအရ ရထားပြေးဆွဲမှုအစီအစဉ်ကို ကောင်းမွန်လာအောင် ဆက်လက်လုပ်ဆောင်မည်။

ရထားလမ်းဌာနသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၄ နာရီတွင် ချင်တူး-ကူမင်း ရထားလမ်းသစ် ခရီးသည်တင်ရထား လက်မှတ်များကို စတင်ရောင်းချခဲ့သည်။ ခရီးသည်များသည် "တရုတ်ရထားလမ်း" WeChat နှင့် 12306 ဝက်ဘ်ဆိုက်၊ WeChat၊ App တို့မှတစ်ဆင့် ရထားအမှတ်စဉ်၊ အချိန် စသည့် အကြောင်းအရာများကို သိရှိနားလည်နိုင်မည်။

သတင်းထောက်က 12306 တရားဝင် APP တွင် ကူမင်းမြို့မှ အစောဆုံးထွက်ခွာသည့် D858 ကျည်ဆန်ရထားသည် ချင်တူးမြို့သို့ ၇ နာရီ ၃၂ မိနစ်ကြာ ရောက်နိုင်၍ ၄င်း၏ လက်မှတ်ခသည် ပထမတန်းစားထိုင်ခုံ ၄၂၄ ယွမ်ဖြစ်ပြီး ဒုတိယတန်းစားထိုင်ခုံ ၂၆၄ ယွမ်ဖြစ်သည်ဟု သိရှိရခဲ့သည်။ ချင်တူး-ကူမင်း ရထားလမ်းသစ် ဖွင့်လှစ်ပြေးဆွဲခြင်းကြောင့် ချင်တူးမှ ကူမင်းသို့ လက်မှတ်ခကို များစွာ လျှော့ချစေသည်။ လက်ရှိ လက်မှတ်ခအရ ချင်တူး-ကူမင်း ရထားလမ်းသစ်ပေါ်တွင် သွားလာမှုမဟုတ်လျှင် ဒုတိယတန်းစား အနိမ့်ဆုံးလက်မှတ်ခ ၄၈၁.၅ ယွမ်ဖြစ်သော်လည်း ချင်တူး-ကူမင်း ရထားလမ်းသစ်၏ လက်မှတ်ခ ၂၆၄ ယွမ်သာဖြစ်ပြီး ယွမ် ၂၀၀ ကျော် ပိုမိုသက်သာ၍ အားသာချက်များ ထင်ရှားလှသည်။ 

ချင်တူး-ကူမင်း ရထားလမ်းသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသော တည်ဆောက်ရေး စီမံကိန်းဖြစ်၍ မြောက်ဘက်တွင် တရုတ်-ဥရောပ ရထား၏ "ချင်ယူ"ရထားရှိသည့် ချင်တူးရထားလမ်းဗဟိုချက်မနှင့် ချိတ်ဆက်ထားပြီး တောင်ဘက်တွင် ကူမင်းရထားလမ်း ဗဟိုချက်မမှတစ်ဆင့် တရုတ်-လာအို ရထားလမ်းနှင့် ချိတ်ဆက်ထား၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှ အာဆီယံနိုင်ငံများသို့ ရထားလမ်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ဤရထားလမ်း၏ လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲခြင်းကြောင့် အနောက်တောင်ပိုင်းဒေသရှိ လမ်းကြောင်းကွန်ရက် ဖွဲ့စည်းမှုကို ပိုမိုကောင်းမွန်စေပြီး ရထား၏ သယ်ယူပို့ဆောင်မှု စွမ်းရည်ကို တိုးမြှင့်ပေး၍ လမ်းကြောင်းတစ်လျှောက်တွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်ရေးတို့ကို များစွာ လွယ်ကူစေပြီး လမ်းကြောင်းတစ်လျှောက်တွင် အရင်းအမြစ်များ တူးဖော်ရန် တွန်းအားပေးမည်ဖြစ်၍ တိုင်းရင်းသားဒေသများ ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အောင်မြင်မှုများကို တည်တံ့ခိုင်မြဲစေရန်၊ အဆင့်အတန်း မြင့်မားစွာ တံခါးဖွင့်စေရန် အလွန်အရေးကြီးသော အကျိုးသက်ရောက်မှုများ ရှိသည်။

昆明信息港综合整理 12月26日上午8:05,C57次列车从成都火车南站缓缓启动、驶往西昌,这标志着新成昆铁路(成昆铁路扩能改造工程)的最后一段——峨眉至冕宁段开通投运,至此,全长915公里的新成昆铁路实现全线通车运营。成都至西昌、攀枝花、昆明旅行时间将大幅压缩,最快分别3小时、5小时、7.5小时可达。

1

新成昆铁路起自成都南站,沿途经过四川省成都市、眉山市、乐山市、凉山彝族自治州、攀枝花市,云南省楚雄彝族自治州、昆明市,终至昆明站,为国家I级双线电气化铁路,设计时速160公里。 

此次开通运营的峨眉至冕宁段于2016年4月开工建设,全长240公里,设峨眉、燕岗、沙湾南、峨边南、金口河南、甘洛南、越西、喜德西、冕宁9座车站,均办理客货运业务。

同时,优化升级的复兴号CR200J动力集中动车组将在新成昆铁路投入运营。该动车组车体外观涂装增加了“中国红”“中国白”等色彩,改进了车体密封性能,安装了可旋转座椅,增设了商务座,旅客乘坐舒适度将进一步提升。

新成昆铁路全线贯通运营初期,铁路部门将安排开行成都至西昌旅客列车4对、成都至攀枝花旅客列车4对、成都至昆明旅客列车5对,开行成都至攀枝花、西昌地区的货物列车30对,其中,成都东站、成都南站均有开往新成昆铁路的列车。26日起,成都还将首次开行到西双版纳的直达列车,进一步方便广大旅客出行。后续,铁路部门将根据运营情况和市场需求,不断优化列车开行方案,满足旅客出行需求。

据悉,铁路部门已于24日14时开始发售新成昆铁路旅客列车车票。具体车次、时刻等资讯信息,旅客朋友可查询“中国铁路”微信和铁路12306网站、微信、客户端。

记者在12306官方APP查询售票信息显示,最早从昆明发车的D858次列车,7小时32分抵达成都南,票价一等座424元,二等座票价为264元。从票价上来看,新成昆铁路的开通,让成都至昆明的票价实现大幅度降低。以目前的票价来看,不走新成昆铁路的列车,二等座票价最低为481.5元,而新成昆铁路才264元,少了200多元,优势明显。

新成昆铁路是国家西部大开发重点工程建设项目,新成昆铁路北连拥有中欧班列成渝号的成都铁路枢纽,南向通过昆明铁路枢纽与中老铁路相连,是我国西南地区出境至东盟国家铁路大通道的重要组成部分。它的全线贯通,进一步完善了西南地区路网结构,提高了铁路运输能力,将极大便利沿线人民群众出行和货物运输,带动沿线资源开发,对支持民族地区加快发展、巩固乡村振兴成果、促进高水平对外开放,具有十分重要的意义。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်