ယူနန်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် နဝမအကြိမ် အစည်းအဝေးနှင့် အွန်လိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့

2022-12-26 14:50|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်အခုလောက ယူနန်ပြည်နယ် စက်မှုနှင့်ကုန်သွယ်ရေးလုပ်ငန်း သမဂ္ဂနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့သည် ယူနန်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် နဝမအကြိမ် အစည်းအဝေးနှင့် အွန်လိုင်းဆွေးနွေးပွဲကို ပူးတွဲကျင်းပခဲ့ကြသည်။

ယူနန်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် စနစ်သည် ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ကတည်းက ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ နှစ်ဦးနှစ်ဖက်တို့၏ အစိုးရ၊ ကုန်သွယ်ရေးအသင်းနှင့် ကုမ္ပဏီများအတွက် မူဝါဒဆိုင်ရာ ညှိနှိုင်းတိုင်ပင်ခြင်း၊ အချက်အလက် ဖလှယ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ပြုလုပ်ရန် အရေးပါသော ပလက်ဖောင်း ဖြစ်လာပြီ။

ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက်တို့၏ အစိုးရ၊ ကုန်သွယ်ရေးအသင်းနှင့် ကုမ္ပဏီများအကြား ကောင်းမွန်သော ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်သင့်၍ ဤပလက်ဖောင်းကို စီးပွားရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးပတ်ဝန်းကျင် ကောင်းမွန်စေရေးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေး အကျိုးအမြတ်ကို ကာကွယ်ပေးရေး စသည့် အဘက်ဘက်တွင် နှစ်ဦးနှစ်ဖက်မှ ကုန်သွယ်ရေးအသင်းနှင့် ကုမ္ပဏီများကို အကျိုးရရှိစေကြသည် ဖြစ်ကြောင်း၊ ထို့အပြင် ယူနန်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ တိကျမှုကို မြှင့်တင်စေပြီး အခြေခံအဆောက်အအုံ၊ ညစ်ညမ်းမဲ့စွမ်းအင်၊ အစားအစာ အချောကိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် E-commerce၊ ဒစ်ဂျစ်ဒယ် စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ရက်ကန်းရက်ခြင်းလုပ်ငန်း စသည့်နယ်ပယ်များတွင် အသေးစား ကုမ္ပဏီများဖလှယ်ပွဲကို ကျင်းပ၍ သက်ဆိုင်ရာစီမံကိန်းများကို လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရန် တက်ကြွစွာ တွန်းအားပေးသည် ဖြစ်ကြောင်း၊ ယူနန်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ဝန်ဆောင်မှုကို တစ်ဆင့်တိုးပြီး ပြည့်ဝစေ၍ အချက်အလက် ဖလှယ်ခြင်း၊ ကုန်သွယ်ရေး စူးစမ်းလေ့လာခြင်း၊ စီးပွားကုန်သွယ်ရေး တိုင်ပင်ဆွေးနွေခြင်းနှင့် အမှုထမ်းသွားလာရေးစသည့် နယ်ပယ်တို့တွင် ဘက်စုံဝန်ဆောင်မှု ပေးကာ နှစ်ဦးနှစ်ဖက်မှ ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများနှင့် အငြင်းပွားမှုများအား ကူညီဖြေရှင်းပေး၍ နှစ်ဦးနှစ်ဖက်မှ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စွာ ဖွံ့ဖြိုးနိုင်စေရန် တွန်းအားပေးကြသည် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ပါဝင်သော ကိုယ်စားလှယ်များ တင်ပြခဲ့ကြသည်။

近日,云南省工商业联合会和缅甸联邦工商会共同举办滇缅经贸合作论坛第九次会议暨滇缅云洽会。

据了解,滇缅经贸合作论坛机制自2007年成立以来,已成为滇缅双方政府、商会及企业进行政策协商、信息交流、商务合作的重要平台。

与会代表提出,滇缅双方政府、商协会和企业之间应建立良好的沟通协调机制,使这一平台在经济政策协调、营商环境改善、投资者权益保护等方面更好地惠及双方商协会和企业。同时,加强滇缅经贸合作论坛的精准性,在基础设施、绿色能源、食品加工、跨境电商、数字经济、农业和纺织等领域举办小规模、点对点的企业对接会,积极推动相关项目落地。进一步健全滇缅经贸合作论坛的服务,在信息交流、商务考察、经贸洽谈、人员往来等方面提供全方位的服务,帮助双方企业解决在投资过程中出现的困难和纠纷,促进双方合作良性发展。(云南日报 记者杨抒燕)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်