ယူနန်ပြည်နယ် မီလယ်မြို့၌ မေပယ်ရွက်များသည် ဖေဖော်ဝါရီလမှ ပန်းများထက် ပိုနီ
2022-12-23 15:47|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ရာသီဥတု၊ မြေဆီလွှာ၊ လတ္တီတွဒ် စသည်များကြောင့် ဆောင်းရာသီဖြစ် သော်လည်း မီလယ် တျန့်ရှီမြစ်နှင့် ဟုံဟယ်ဆွေရှန် စသည့်နေရာများရှိ မေပယ်ရွက်များသည် အနီရင့်နှင့် ရွှေဝါရောင် ဖြစ်၍ မပြတ်မလပ် ချိတ်ဆက်ထားကာ ထွန်းတောက်ရွှန်းတင့်ပြီး လှပသည်။ ပန်းချီကားကဲ့သို့ လှပသော မေပယ်ရွက်ရှုခင်းသည် မြို့သူမြို့သားများနှင့် ခရီးသည်များကို လာရောက်ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ထားကြသည်။
တျန့်ရှီမြစ်ကမ်း၌ အပြာရောင်ကောင်းကင်အောက်နှင့် ကြည်လင်ရေကမ်းတို့တွင် မေပယ်သစ်တော၏ နီရဲရဲဖြစ်သည့် အရွက်များသည် ကခုန်နေသည့် မီးလျှံတစ်စည်းစည်းကဲ့သို့ ဝေဝေဆာဆာဖြစ်ရာ လှပသည်။ မျက်စိတဆုံးသို့ လှမ်းမျှော်ကြည့်လျှင် ထိုတစ်စည်းစည်း၊ တစ်ချပ်ချပ် အရင့်အဖျော့ မတူသော အနီရောင်အရွက်များသည် နွေးထွေးသော နေရောင်ခြည်အောက်တွင် မိုးဆန်းပန်းကဲ့သို့ နီ၍ ဆောင်းရာသီအတွက် တလျှမ်းလျှမ်း တောက်ပသော အရောင်ကို ရေးဆွဲတိုးဖြည့်ပေးသည်။
ဟုံဟယ်ဆွေရှန်တွင် လမ်းလျှောက်လျှင် ဆောင်းရာသီထဲမှ နေမင်းသည် ကြည်လင်သာယာ၍ မေပယ်ရွက်များ သာယာလှပကာ သဘာဝ အနီရောင် ကလေးပုံပြင်လောကတွင် ထိတွေ့ခံစားနေသကဲ့သို့ ဖြစ်သည်။ ပန်းချီကားကဲ့သို့ လှပသော မေပယ်ရွက်ရှုခင်းများသည် ဓာတ်ပုံရိုက်ရန်၊ ရှုခင်းကြည့်ရှုရန် လာရောက်သည့် မြို့သူမြို့သားများနှင့် ခရီးသည်များကို စွဲဆောင်၍ သူတို့ကို ပြန်ရန်ပင် မေ့ရစေကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့




















