တာ့လီမြို့ ဖုန့်ယီမြို့နယ်၌ ကဗျာနှင့် စာအုပ်များကို အချိန်ရာနှင့်ချီ နားထောင်ခဲ့သည့် ဂျင်ဂိုဟောင်းတစ်ပင်ရှိ
2022-12-22 16:19|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဖုန့်ယီမြို့နယ်သည် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွန်ခရိုင်၏ အနောက်တောင်ပိုင်း၌ တည်ရှိ၍ အမျိုးသားအဆင့် သမိုင်းဝင်ယဉ်ကျေးမှု နာမည်ကျော်မြို့နယ်ဖြစ်၍ "စာပေ၏ မွေးရပ်မြေ"ဟု ချီးကျူးခံလျက်ရှိသည်။ ဆောင်းရာသီထဲမှ ဖုန့်ယီမြို့နယ်၌ ကဗျာဆန်မှု အများဆုံးသော ရှုခင်းသည် ဖုန့်ရှန်စာဖတ်ရိပ်သာထဲမှ ကဗျာနှင့် စာအုပ်များကို အချိန်ရာနှင့်ချီ နားထောင်ခဲ့သည့် ထိုဂျင်ဂိုဟောင်းတစ်ပင် ဖြစ်သည်။
ဖုန့်ရှန်စာဖတ်ရိပ်သာကို ချင်းမင်းဆက်ခေတ် ရုံးဇေ့အုပ်စိုးခဲ့သည့် အချိန်ကာလတွင် စတင်တည်ဆောက်ပြီး အခုအထိ သမိုင်း ၃၀၀ နီးပါးရှိပြီ ဖြစ်၍ ရိပ်သာထဲမှ ဂျင်ဂိုဟောင်းသည် အသက် အနှစ် ၃၀၀ ကျော်ရှိပြီ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဂျင်ဂိုရွက်များ ကျလာပြီး နေရာအနှံ့ ရွှေဝါရောင်ဖြစ်သည့် အချိန်ကာလတွင် ရှေးဟောင်းအရောင်းအဆင်း အရည်အသွေး နှင့်ပြည့်စုံသော ရိပ်သာသို့ ဝင်ရောက်လျှင် နေရာအနှံ့ ဂျင်ဂိုရွက်များကို တွေ့နိုင်၍ ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့်ရှိပြီး ကဗျာနှင့် ပန်းချီတို့ကဲ့သို့ လှပသည်။
၂၀၁၉ ခုနှစ်မှစ၍ ဖုန့်ယီမြို့နယ်သည် ဖုန့်ရှန်စာဖတ်ရိပ်သာကို မွမ်းမံပြင်ဆင်ရန် အယွမ် ၃၈ သိန်း ရှေ့စဉ်နောက်ဆက် ရင်းနှီးမြှုပ်နှံ၍ အနီရောင်စာအုပ်ဖတ်ခန်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပြခန်း၊ ယဉ်ကျေးမှုနှင့် အနုပညာများ ဖလှယ်ရေးစင်တာ စသည့် ပြခန်း ၆ ခန်းကို တည်ထောင်ပြီး Horse paper၊ rattle stick dance စသည့် ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှု ပြပွဲများကို အချိန်သင့်လျော်စွာ ကျင်းပပြီး ရိုးရာယဉ်ကျေးမှုများကို အသက်ပါလှုပ်ရှားလာအောင် ဆောင်ရွက်ခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့









