ယူနန်ပြည်နယ် ချမ်ကျန်းမြို့၌ ဆောင်းဘလူးဘယ်ရီသီးများကို စျေးတွင် စတင်ရောင်းချခဲ့

2022-12-19 14:57|ရောင်စုံတိမ်တံတား

3

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အခုတလော၊ ယူနန်ပြည်နယ် ချမ်ကျန်းမြို့၌ ဆောင်းဘလူးဘယ်ရီသီးများကို စျေးတွင် ရှေ့စဉ်နောက်ဆက် စတင်ရောင်းချခဲ့သည်၊ ချမ်ကျန်းမြို့ ယူလင် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ ဘလူးဘယ်ရီ စိုက်ပျိုးရေး အခြေခံစခန်း၌ မြေမဲ့စိုက်ပျိုးသည့် ဘလူးဘယ်ရီသီး တစ်ကွက်လုံးသည် ရှေ့စဉ်နောက်ဆက် ရင့်မှည့်လာ၍ ဘလူးဘယ်ရီသီးများကို အကိုင်းအခက်များပေါ်တွင် ချိတ်ထားသည်။

4

ဤကုမ္ပဏီသည် မနှစ်ကတွင် အယွမ် ၁၄ သန်း ရင်းနှီးမြှုပ်နှံပြီး မြေမဲ့စိုက်ပျိုးရေး ပစ္စည်းကိရိယာများကို သွင်းယူလာပြီး ဘလူးဘယ်ရီ အမို ၂၄၀ ကို စိုက်ပျိုးခဲ့၍ အဓိက အမျိုးအစားများသည် ကျုံကော်ဟုံ၊ ကျူပေါင်၊ ချွင်ကောင်တို့ ဖြစ်သည်။ မြေမဲ့စိုက်ပျိုးရေးသည် ရေနှင့် မြေသြဇာများ လက်ခံသိမ်းယူရန် ပိုမိုစုစည်းသည်ကြောင့် ရေနှင့် မြေသြဇာများကို ချွေတာစေနိုင်ရုံသာမက ပေါ်ပေါက်လာကြသည့် ဘလူးဘယ်ရီသီးများသည် ပိုကြီးစေပြီး အသီးသီးနှုန်းသည်လည်း ပိုမြင့်စေ၍ အသီး၏ အရည်အသွေးသည်လည်း ကောင်းမွန်စေ၍ လူကြိုက်ခံများသောကြောင့် အမြင့်ဆုံးသော စျေးနှုန်းသည် တစ်ကီလိုဂရမ် အယွမ် ၂၆၀ အထိ ရောက်နိုင်၍ သီးထွက်များသော အချိန်ကာလတွင်လည်း တစ်ကီလိုဂရမ် အယွမ် ၁၁၀ ခန့်အထိ ရောက်နိုင်ခဲ့သည်။

5

အခုအချိန်တွင် ရောင်းနေသည့် အမျိုးသည် ကျုံကော်ဟုံ (၁) ဖြစ်၍ လမည့်နှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလတို့သည် များများထွက်သည့် အချိန်ကာလ ဖြစ်ကြောင်း၊ ထို့ပြင်၊ ကျုံကော်ဟုံ (၂)၊ ချွင်ကောင်၊ ကျူပေါင်တို့ကို လဝက်လွန်ပြီးနောက် စျေးတွင် ရှေ့စဉ်နောက်ဆက် စတင်ရောင်းချနိုင်မည်ဟု ခန့်မှန်းသည်ဖြစ်ကြောင်း ဤကုမ္ပဏီ၏ ဘလူးဘယ်ရီ စိုက်ပျိုးရေး အခြေခံစခန်းမှ တာဝန်ခံသူ ပေါင်ယန်ဖျင်က ပြောကြားခဲ့သည်။

6

အခုနှစ်များတွင် ချမ်ကျန်းမြို့သည် ဖူရှန်းဟူရေကန်တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်း၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေသည်ကို အခြေခံပြုပြီး ညစ်ညမ်းမဲ့ အစိမ်းရောင် ဂေဟထုတ်လုပ်နည်းများကို အသုံးပြုစေရန် အားဖြည့်ပေး၍ ဘလူးဘယ်ရီ မြေမဲ့စိုက်ပျိုးရေးကို ပြောင်းလဲမြှင့်တင်၍ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ညစ်ညမ်းမှုများကို ထိရောက်စွာ လျှော့ချ၍ စက်မှုလုပ်ငန်း၏ ဂေဟအကျိုးအမြတ်များနှင့် စီးပွားရေး အကျိုးအမြတ်များကို တိုးမြှင့်သည့်အပြင် ဒေသခံ လယ်ယာသမားများကို အလုပ်ရှာစေပြီး ဝင်ငွေများလာစေခဲ့သည်။

3

近期,云南澄江冬蓝莓陆续上市,走进澄江市云岭农业发展有限公司蓝莓种植基地,连片的无土栽培蓝莓陆续成熟,一颗颗蓝莓挂满枝头。

4

该公司于去年投资1400万元,引进全基质无土栽培设备,种植蓝莓240亩,主要品种为中国红、珠宝、春高。由于基质栽培水肥接收集中,不仅节水省肥,产出的蓝莓更是个头大、挂果率高,果品质量好,深受市场欢迎,最高价格可以卖到每公斤260元,旺果期每公斤均价也能卖到110元左右。

5

“现在上市的品种是中国红1号,到明年1月份、2月份就是盛产期。另外,中国红2号、春高、珠宝预计在半个月后也陆续上市。”该公司蓝莓基地负责人保艳萍说。

6

近年来,澄江市在调整优化抚仙湖流域种植业结构的基础上,推进绿色生态生产方式,改造提升蓝莓全基质无土栽培,有效削减农业面源污染,提升产业生态、经济效益,还带动了当地农民就业增收。(侯锐 白义泽)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်