ယူနန်ပြည်နယ် အယ်ယွန်ခရိုင်ရှိ ရှီဟူစိုစွတ်မြေဥယျဉ်၏ အလှ
2022-11-30 17:33|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ရှီဟူနိုင်ငံတော်စိုစွတ်မြေဥယျဉ်သည် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွန်ခရိုင်၌ တည်ရှိနေ၍ ချောင်းဆန်းတောင် ယူလွန်တောင်ထွတ်အောက်တွင် ရှိနေပြီး လန်ချန်းမြစ်စဉ်စုထဲမှ ပါဝင်၍ အယ်ဟိုင်ရေကန်၏ အရေးကြီးသော မြစ်ဖျားခံရာနေရာ တစ်ခု ဖြစ်သည်။ ရှီဟူစိုစွတ်မြေသည် သစ်ပုပ်မီးသွေးစိမ့်မြေများ၊ ကုန်းပြင်မြင့် သဘာဝ ရေကန်ရှုခင်းရှုကွက်များနှင့် Porphyrio များကို အဓိကအားဖြင့် ထိန်းသိမ်းကာကွယ်ပြီး သဘာဝရှုခင်းများမှာ သာယာလှပ၍ ကန်ရည်နှင့် ကျွန်းများသည် "ရွာထဲတွင် ရေကန်ရှိ၊ ရေကန်ထဲတွင် ရွာရှိ" ဖြစ်သော သဘာဝ ပန်းချီကားလိပ်ကို ဖြစ်လာပါသည်။
ယခုနှစ်များတွင် တာ့လီ အယ်ဟိုင် မြစ်ဖျားခံရာ နိုင်ငံတော် အရေးကြီးသော စိုစွတ်မြေများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ကောင်းမွန်အောင် ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်း နှင့်အမျှ ရှီဟူစိုစွတ်မြေ၏ ဧရိယာမှာ အဆက်မပြတ် တိုးချဲ့လာပြီး ရေအရည်အသွေးသည် တဖြည်းဖြည်း ကောင်းမွန်လာပြီး အယ်ဟိုင် မြစ်ဖျားခံရာနေရာ၏ ဂေဟလုံခြုံရေးကို ထိရောက်စွာ ကာကွယ်ခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့




















