လည်ပင်းနက်ကြိုးကြာငှက်များသည် ဆောင်းခိုရန် ယူနန်ပြည်နယ်ရှိ ညန့်ဟူရေကန် စိုစွတ်မြေသို့ ရှေ့စဉ်နောက်ဆက် လာရောက်
2022-11-21 17:22|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန် လည်ပင်းနက်ကြိုးကြာငှက်များသည် ဆောင်းခိုရန် ယူနန်ပြည်နယ် ချူကျင့်မြို့ ဟွေ့ဇယ်ခရိုင်ရှိ ညန့်ဟူရေကန် စိုစွတ်မြေသို့ လာရောက်ခဲ့သည်၊ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အကောင် ၃၀၀ ကျော် ရောက်ရှိခဲ့ပြီ။
ညန့်ဟူရေကန် စိုစွတ်မြေသည် ဟွေ့ဇယ် လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ၏ ဗဟိုနေရာ၌ တည်ရှိ၍ ဤနေရာ၌ ရေအရည်အသွေးသည် ကောင်းမွန်ပြီး ဇီဝအမျိုးအစားသည် ပေါများကြွယ်ဝပြီး ဧည့်သည်ငှက်များသည် စုစည်းလာသည်။ ငှက်မျိုး ၁၉၃ မျိုးရှိ၍ ၄င်းအနက် အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန် ၆ မျိုး၊ အမျိုးသားအဆင့် ဒုတိယတန်းစား ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန် ၁၆ မျိုး၊ အထင်ကရ လည်ပင်းနက်ကြိုးကြာငှက် ထောင်ချီကို ပါဝင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့









