ကူမင်းမြို့ရှိ ခေါင်းနီစင်ရော်များကို ကြည့်ရှုရန် အချိန်ရောက်ရှိ
2022-11-16 11:29|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက ကူမင်းမြို့ ဟိုင်ကိန်အရှေ့ဆိပ်ကမ်းမှ တိန်ချီးရေကန် ရေပြင်နယ်နိမိတ်တွင် ခေါင်းနီစင်ရော် အကောင် ၄ ရာဖြင့် ဖွဲ့စည်းသည့် ရှေ့ပြေးအဖွဲ့သည် ကမ်းနားတွင် အစာရှာနေကြ၍ မြို့သူမြို့သားများနှင့် ခရီးသည်များကို လာရောက်ပြီး ခေါင်းနီစင်ရော် ကြည့်ရှုရန်၊ အစာကျွေးရန် ဆွဲဆောင်ခဲ့သည်။
ကူမင်းမြို့၏ သူငယ်ချင်းဟောင်း ဖြစ်သည့် ခေါင်းနီစင်ရော်ကို ကာကွယ်ရန် ကူမင်းမြို့ရဲဌာနမှ သစ်တောရဲတပ်ဖွဲ့သည် ယခုရက်များတွင် တောရိုင်းတိရစ္ဆာန်များ နှင့်အပင်များ ကာကွယ်ခြင်းဆိုင်ရာ ဥပဒေဝါဒဖြန့်လှုပ်ရှားမှုများကို ကျင်းပ၍ ခေါင်းနီစင်ရော်နှင့် ၎င်းတို့၏ သဘာဝကျက်စားရာနေရာများကို အတူတကွ ကာကွယ်ရန် မြို့သူမြို့သားများနှင့် ခရီးသည်များကို မေတ္တာရပ်ခံခဲ့သည်။
ကူမင်းမြို့တွင်း ခေါင်းနီစင်ရော်ကို လက် သို့မဟုတ် ကိရိယာဖြင့် တရားမဝင် ဖမ်းဆီးပြီး ဓာတ်ပုံရိုက်ခြင်း၊ ပျော်ပါးမှုခံယူခြင်းနှင့် တိတ်တဆိတ်မွေးဖြူခြင်း စသည်တို့ကို လုပ်ဆောင်လျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကူမင်းမြို့ရဲဌာနသည် ကူမင်းမြို့သူမြို့သားများနှင့် ခရီးသည်များကို သတိပေးကြခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့




