ရောင်စုံ ရုက္ခဗေဒဥယျာဉ်၌ စခန်းချသည်မှာ မည်သို့အတွေ့အကြုံရှိသနည်း
2022-11-16 10:04|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ဆောင်းဦးချိန်ခါ သာယာကြည်နူးပြီး ရောင်စုံသော ကူမင်းရုက္ခဗေဒဥယျာဉ်၌ မြက်ခင်းစခန်းချခြင်း လှုပ်ရှားမှုကို ဆောင်ရွက်ချင်ပါသနည်း။ မေပယ်ရွက်ကို ရှုစားရန် ကူမင်းရုက္ခဗေဒဥယျာဉ်သို့ သွားကြပါ။ တဖွဲဖွဲကျနေသော ဆောင်းဦးရာသီအရွက်များ နှင့်အတူ ကူမင်းရုက္ခဗေဒဥယျာဉ်သည် အများပြည်သူများအတွက် မိုးကာတဲ၊ မိုးကားများ ငှားရမ်းခြင်းစသည့် အထူးဝန်ဆောင်မှုများကို တရားဝင် စတင်ဆောင်ရွက်ခဲ့ပါသည်။ အပင်များကို ချစ်မြတ်နိုးပြီး သဘာဝလောကကြီးနှင့် နီးစပ်မှုကို နှစ်သက်သော သူငယ်ချင်းများသည် မြန်မြန် လက်တွေ့ခံစားလာကြပါ။
၁။။ မေပယ်ရိပ်သာလမ်းသစ်တော
သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး မေပယ်သစ်တောကြား၌ နေ၍ ကြွေကျသောသစ်ရွက်များနှင့် မြေဆီလွှာများ၏ ဖောင်းပွပျော့အိခြင်းကို အနီးကပ်ခံစားနိုင်သည့်အပြင် ကော်ဖီနှင့် Croissant များကို စားသောက်ရင်း ကူမင်းရုက္ခဗေဒဥယျာဉ်၏ ထူးခြားသော ဆောင်းဦးရာသီရှုခင်းကို ခံစားနိုင်ပါသည်။
၂။။ မြက်ခင်းစခန်းချခြင်း
မိသားစု သို့မဟုတ် သူငယ်ချင်းများဖြင့် အဖွဲ့ဖွဲ့စည်းပြီးနောက် ကူမင်းရုက္ခဗေဒဥယျာဉ်၏ တရားဝင် သတ်မှတ်ထားသော မြက်ခင်းစခန်းချနေရာများတွင် မိုးကာတဲများ တပ်ဆင်၍ သဘာဝလောကကြီးထဲ၌ ပြင်ပအားကစားများ၏ ပျော်စရာများကို ခံစားနိုင်ပြီး ကူမင်းရုက္ခဗေဒဥယျာဉ်၏ လှပသောရှုခင်းများကို ခံစားနိုင်ပါသည်။
၃။။ မေပယ်သစ်တော
မေပယ်သစ်တောကြား၌ နေလျှင် အုတ်အော်သောင်းနင်း ဆူလောင်ပူလောင်ဖြစ်ခြင်းနှင့် အလှမ်းဝေးနေ၍ စိတ်ငြိမ်သက်စေပြီးနောက် သဘာဝလောကကြီး၏ အသံများကို နားထောင်ပြီး ကူမင်းရုက္ခဗေဒဥယျာဉ်ရှိ မေပယ်ပင်များ ဝန်းရံဖြစ်လာသည့် သာယာလှပသော ရှုခင်းများကို ခံစားနိုင်ပါသည်။
၄။။ တရားဝင်သတ်မှတ်ထားသောဧရိယာ
ကူမင်းရုက္ခဗေဒဥယျာဉ်၏ တရားဝင်သတ်မှတ်ထားသော ဧရိယာတွင် ကိုယ်ပိုင် မိုးကာတဲကို ယူဆောင်လာပြီး သတ်မှတ်ထားသောဧရိယာအတွင်း စခန်းချလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါသည်။
အကြံပြုချက်များ
အပင်များ ဘေးကင်းလုံးခြုံ စေသည့်အတွက်၊ ရုက္ခဗေဒဥယျာဉ်၏ စီမံခန့်ခွဲမှုကို စံမှီစေသည့်အတွက် ကူမင်းရုက္ခဗေဒဥယျာဉ်၌ မီးမွှေးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်လိုက်ပါဝင်ခြင်းတို့ကို ဆောင်ရွက်ရန် ခွင့်မပြုရ၊ ခရီးသည်များအားလုံး ရုက္ခဗေဒဥယျာဉ်၏ စီမံခန့်ခွဲမှုစည်းမျဉ်းများကို လိုက်နာပြီး ယဉ်ယဉ်ယဉ်ကျေး လည်ပတ်ကြရမည်။
想在秋意盎然·五彩缤纷的昆明植物园进行草坪露营活动吗?走~去昆明植物园赏枫叶啦!伴随着纷飞的秋叶,昆明植物园面向公众正式推出营地帐篷、天幕出租等个性化服务。各位热爱植物,喜爱亲近大自然的朋友们,快来体验吧!
1. 枫香大道树林
约上小伙伴,置身枫香林中,近距离感受落叶与泥土的松软,更可选择搭配咖啡、可颂,享受昆明植物园独一无二的秋景。
2. 草坪露营
以家庭或朋友为单位,您可以亲自动手在昆明植物园官方指定草坪露营区域搭建帐篷,于自然中享受户外运动的乐趣,享受昆明植物园精心打造的园林美景。
3.枫香树林
置身枫香林中,远离喧嚣,静下心来聆听大自然的声音,享受昆明植物园枫香树环绕的美景。
4. 官方指定区域
可选择在昆明植物园官方指定区域内,自带帐篷,于规定范围内进行露营活动。
温馨提示:
为保证植物安全,规范园区管理,昆明植物园禁止明火、禁止吸烟、禁止宠物入内,请各位游客遵守园区管理规定,文明游园。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ