တာ့လီမြို့ ကျန့်ဟူရေကန်၌ Ottelia acuminata သည် ပွင့်ဖူး၍ ငါးဖမ်းအလုပ်များနေ
2022-11-14 15:01|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းကူးရာသီတွင် တာ့လီမြို့ ကျန့်ဟူရေကန်ရှိ Ottelia acuminata သည် အများအပြား ဝေဝေဆာဆာ ပွင့်ဖူး၍ ပွင့်ဖတ်ဖြူသော၊ ပန်းဝတ်ဝါသော ပန်းပွင့်များသည် အပြာရောင်ဖြစ်သည့် ရေပေါ်တွင် လှိုင်းဂယက်နှင့်အတူ ယိမ်းနွဲ့လှုပ်ရှား၍ Ottelia acuminata များအကြား၌ တံငါသည်များသည် ငါးဖမ်းအလုပ်များပြီး ကောင်းကင်ပြာ၊ တိမ်ဖြူ၊ ရေကန်ဘေးနားမှ Zizania caduciflora ရပ်ဝန်းတို့နှင့် အပြန်အလှန် တန်းဆာဆင်ထား၍ လှပသော ရှုခင်းတစ်ခုကို ဖြစ်လာခဲ့ပါသည်။
အခုနှစ်များတွင် ကျန့်ချွန်ခရိုင်သည် ကျန့်ဟူရေကန်၏ ထိန်းသိမ်းရေးနှင့် ပြုပြင်ရေးကို ဘက်စုံအားဖြည့်ပေး၍ ကျန့်ဟူရေကန်မြစ်ဝှမ်းဒေသရှိ ဂေဟစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အင်အားကို တိုးမြှင့်ကာ ကျန့်ဟူရေကန်ပတ် ညစ်ညမ်းမှု ကြားဖြတ်တားဆီးခြင်းနှင့် ညစ်ညမ်းမှု ပြုပြင်ခြင်း စီမံကိန်းများကို ဆောင်ရွက်၍ ရေကန်စပ် ဂေဟစိုစွတ်မြေများကို တည်ဆောက်ခဲ့ပါသည်။ ကျန့်ဟူစိုစွတ်မြေ၏ ဂေဟပတ်ဝန်းကျင်သည် အဆက်မပြတ် ကောင်းမွန်လာ၍ ဇီဝမျိုးစုံမျိုးကွဲများသည် အဆက်မပြတ် များလာပြီး Ottelia acuminata ရှိသည့် နေရာသည် အမို ၆၀၀ ခန့်သို့အထိ တဖြည်းဖြည်း ပြန်လည်ရောက်ရှိပြီး ငှက်မျိုး ၂၆၈ မျိုးကို ကြီးကြပ်တိုင်းတာရကာ ကျန့်ဟူရေကန်၏ နာမည်ကျော်မှုနှင့် အကျိုးသက်ရောက်မှုသည် အဆက်မပြတ် တိုးမြှင့်လာခဲ့ပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့













