ယူနန်ပြည်နယ် မန်စီမြို့ ရှန်းကန်မြို့နယ်ရှိ တည်ပင်ဥယျာဉ်ခြံမြေ၌ တည်သီးများကို စတင်ဆွတ်ခူးခဲ့
2022-11-14 14:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "နှင်းမှုန်ကျသည့် ရာသီချိန်တွင် တည်သီးများကို ဆွတ်ခူးခြင်း၊ ဆောင်းဦးစခါတွင် ဆီးသီးနက်များကို ဆွတ်ခူးခြင်း" ဟူသော ဆိုရိုးစကားရှိ၍ နှင်းမှုန်ကျသည့် ရာသီချိန်ပြီးနောက် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ ရှန်းကန်မြို့နယ်မှ တည်သီးကြွပ်များကို စတင်ဆွတ်ခူးခဲ့ပါသည်။
ရှန်းကန်မြို့နယ်ရှိ တည်ပင်ဥယျာဉ်ခြံမြေထဲ၌ ကြီးလည်းကြီးသော၊ ဝိုင်းလည်းဝိုင်းသော တည်သီးကြွပ်ကို သစ်ကိုင်းအပေါ် အများအပြား သီးနေထားပါသည်၊ အလုံးသည် ပြည့်တင်းပြီး ညံ့သက်ပျော့ပျောင်း၍ အရောင်အဆင်းသည် ရွှေဝါရောင်ဖြစ်ပြီး လူများ၏အာရုံကို ဆွဲဆောင်ပါသည်။ လယ်သမားများသည် ရင့်မှည့်သော အသီးများကို ပျော်ပျော်ရွှင်ရွှင် ဆွတ်ခူးနေ၍ ဒေသခံများသည် တိုင်းရင်းသားလူမျိုးအဝတ်အစားများကို ဝတ်ဆင်ထားပြီး တည်ပင်ဥယျာဉ်ခြံမြေသို့ ဓာတ်ပုံရိုက်၍ ကိစ္စအရပ်ရပ် စိတ်တိုင်းကျပြီး လိုအင်ဆန္ဒအားလုံး ပြည့်စုံကြပါစေဟု ဆုတောင်းခဲ့ပါသည်။
ဥယျာဉ်ခြံမြေထဲမှ များပြားသော တည်သီးများ၊ အလုပ်များနေသော လယ်သမားများ၊ ပစ္စည်းများ အပြည့်တင်ဆောင်ပြီး ပြန်လာသည့် ခရီးသည်များသည် ကောင်းမွန်လှပသော မြို့နယ်ရှိ သီးထွက်ကောင်းသော ပန်းချီကားလိပ်တစ်ချပ်ကို အတူတူ ရေးဆွဲဖြစ်လာပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့


