ကူမင်းမြို့ရှိ မက်တာစီကွိုင်ယာပင်များသည် အနီရောင် ဖြစ်သွား

2022-11-10 17:11|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဆောင်းရာသီတွင် သက်တံ့နှင့် အရောင်နှိုင်းယှဉ်နိုင်သည့် မြို့များရှိပါက ကူမင်းမြို့သည် ၄င်းထဲမှတစ်ခု ဖြစ်ရသည်။

ကူမင်းမြို့ဘေးနားမှ မက်တာစီကွိုင်ယာပင်တောများသည်အလှဆုံးသော အချိန်ကာလထဲသို့ ဝင်ရောက်တော့မည်။ အလှဆုံးသော မက်တာစီကွိုင်ယာပင်များ ရှုစားရန် အောက်ပါရှိ နေရာ ၆ ခုကို အတူတူကြည့်ရှုကြပါ၊ မင်းသည် မည်သည့်နေရာသို့ သွားချင်ဆုံးသနည်း။

图片

ဆန်းကျားရွာရေလှောင်ကန်

ဆောင်းဦးစခါ စတင်ပြီဖြစ်သော်လည်း ကမင်းမြို့သည် ဆောင်းကူးရာသီနှောင်းပိုင်းအတွင်း ရှိနေ၍ ဆန်းကျားရွာ၏ ရှုခင်းရှုကွက်များသည် ပိုမိုလှပပြီး အနီရောင်ဖြစ်သော မက်တာစီကွိုင်ယာပင် တစ်တန်းတန်းကို တွေ့မြင်နိုင်ပါသည်။

တည့်တည့်မတ်မတ် မကောက်မကွေးသော သစ်ပင်များနှင့် ဆောင်းကူးရာသီထဲတွင် အနီရောင်ဖြစ်သွားသည့် သစ်ရွက်များကို အပြာရောင်ဖြစ်သော ရေပေါ်တွင် ရောင်ပြန်ဟပ်ထားပါသည်။

နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှစ၍ ဆန်းကျားရွာရှိ မက်တာစီကွိုင်ယာပင်တောသည် အလှဆုံးသော အချိန်ကာလသို့ ဝင်ရောက်လျက်ရှိသည်။

လူ့လောကကြီး၌ ကျန်ရစ်ခဲ့သည့် အရောင်စပ်ပန်းကန်လုံးကဲ့သို့ အနီရင့်၊ နီလွင်လွင်၊ ရွှေဝါရောင်၊ အစိမ်းဖျော့ရောင် စသည့်အရောင်များသည် ကောင်းကင်၏ အပြာရောင်၊ ကန်ရေ၏ အစိမ်းရောင်များနှင့် အချင်းချင်း ရောနှောပေါင်းစပ်ပြီး ရေကန်ပေါ်တွင် ရောင်ပြန်ဟပ်ထားပါသည်။

မဝေးသောနေရာ၌ ချီဖန်တောင် ဖြစ်၍ တောင်၊ ရေကန်နှင့် မက်တာစီကွိုင်ယာပင်တို့သည် လူ့လောကမှ နတ်ပြည်တစ်ခု ဖြစ်အောင် ဝိုင်းဖွဲ့ထားပါသည်။

သစ်ပင်စိမ်းလန်းသော ချီဖန်တောင်၏ ဝိုင်းပတ်ခြင်းဖြင့် ဆန်းကျားရွာရေလှောင်ကန်သည် ကြည်လင်သော ကျောက်စိမ်းတစ်တုံးနှင့် တူ၍ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများ၊ စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သောရေများသည် စိတ်ကူးယဉ်အိပ်မက်ကဲ့သို့ လှပပါသည်။

နီရဲရဲသော ဆောင်းကူးရာသီရှုခင်းထဲ၌ အနီရောင်ဖြစ်သော မက်တာစီကွိုင်ယာရွက်များသည် လေတိုက်ခြင်းနှင့်အတူ ကျလာ၍ ကော်ဇောနီကို ဖြန့်ခင်းထားသကဲ့သို့ ဖြစ်ပါသည်။

ဘေးနား၌ စိတ်အေးလက်အေး ဆိတ်ငြိမ်သော ကျေးရွာများရှိ၍ အခွင့်ရှိလျှင် ဤကျေးရွာထဲမှ သက်ကြီးရွယ်အိုများ၏ ပုံပြင်များကို နားထောင်ကြပါ၊ အချိန်သည် ဤနေရာ၌ ရပ်တန့်သလိုလို ခံစားမိနိုင်ပါသည်။

图片

ဟိုင်ဟုံစိုစွတ်မြေဥယျာဉ်

သစ်ပင်များသည် ရေထဲပေါက်၊ လှေများသည် သစ်တောထဲဖြတ်၊ ငှက်များသည် သစ်ကိုင်းပေါ်တွင် ရပ်နေအော်မြည်၊ လူများသည် ပန်းချီကားလိပ်ကဲ့သို့ လှပသော ရှုခင်းထဲတွင် လမ်းလျှောက်နေကြသည်။ ၄င်းသည် ဟိုင်ဟုံစိုစွတ်မြေ၏ ဤအချိန်မှ ရှုခင်းများ ဖြစ်ကြပါသည်။

ဟိုင်ဟုံစိုစွတ်မြေသည် တိန်ချီးရေကန်နှင့် အချင်းချင်း လှမ်းမျှော်ကြည့်၍ ဥယျာဉ်ထဲ၌ မက်တာစီကွိုင်ယာပင်များသည် အကွက်လိုက် ချိတ်ဆက်၍ ဆောင်းကူးရာသီနှင့် ဆောင်းရာသီတို့မတိုင်မီ ဆိတ်ငြိမ်စွာ ရှိခဲ့ပြီး ဆောင်းရာသီသို့ ဝင်ရောက်ပြီးမှ အသွင်အပြင်နောက်တစ်မျိုး ပြောင်းလိုက်ပါသည်။

အခြေအနေမတူသော အနီရောင်များကို ပေါ်လွင်လာ၍ အနီဖျော့ရောင်၊ အနီရင့်၊ လိမ္မော်ရောင်စသည်တို့သည် အပြန်အလှန် ရောနှောပေါင်းစပ်ပြီး အလွန်လှပပါသည်။ သစ်ပင်ပေါ်တွင် ပန်းပွင့်နှင့်အတူ ရာသီအလိုက် ပွင့်ဖူးကြသည်။

ဥယျာဉ်ထဲ၌ လမ်းလျှောက်လျှင် ကုန်းပြင်မြင့်အပေါ်ရှိ နေရောင်ခြည်သည် သစ်ရွက်များကြားရှိ နေရာလပ်များကို ထိုးဝင်ပြီး တိုက်ရိုက်လွှတ်လာပြီးနောက် ရေထဲ၌ ရောင်ပြန်ထွက်လာသည့် ရောင်ခြည်သည် ဤအရောင်အဆင်းကို ထိန်လင်းစေပါသည်။

အလင်းပေါက်သော လှေကလေးမှ ရေကန်အပေါ် ကြွေကျသော သစ်ရွက်များကို မြင်နိုင်ပါသည်၊ နေရောင်ခြည်သည် သစ်ပင်အရိပ်များကို ထိုးပြီး ပြန့်ကြဲလာ၍ လှေသည် ဘယ်ဘက်သို့ ညာဘက်သို့ လှုပ်ရှားထားပါသည်၊ ၄င်းသည် ဆောင်းရာသီ နေ့လည်ခင်း၏ စိတ်ကူးယဉ်ဖွယ် ဖြစ်ပါသည်။ 

图片

တိန့်ဝေကျေးရွာ

တိန့်ဝေကျေးရွာသည် ကူမင်းမြို့ဘေးနားမှ အတိုင်းအတာ အကြီးဆုံးသော မက်တာစီကွိုင်ယာပင်များကို ကြည့်ရှုသော နေရာဖြစ်ပါသည်၊ မက်တာစီကွိုင်ယာပင် ၁၆၂၅၂ ပင်သည် လေတွင် အချိန်ကြာရှည်စွာ ရပ်နေပြီး သစ်ရွက်များသည် မြေနီဆေးရောင်ကို တဖြည်းဖြည်း ပြောင်းသွားပါသည်။

ဆောင်းကူးရာသီနှင့် ဆောင်းရာသီတို့တွင် မက်တာစီကွိုင်ယာစိုစွတ်မြေသည် ရေးရေးရိပ်ရိပ်ဖြစ်သော ရေဖွားတစ်ကွက်ထဲ၌ ဖုံးလွှမ်းစေ၍ နတ်ပြည်နှင့် တူပါသည်။

မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးသည့် ဤစိုစွတ်မြေ၌ အနီရောင်ဖြစ်သည့် မက်တာစီကွိုင်ယာပင်သည် ကြည်လင်သောရေများ၊ အပြာရောင်ဖြစ်သည့် ကောင်းကင်နှင့် အချင်းချင်းရောနှောပေါင်းစပ်ပြီး အရောင်အဆင်းသည် ထွန်းလင်းတောက်ပပြီး စကားဖြင့် မဆိုနိုင်ချေ။

မက်တာစီကွိုင်ယာပင်တောကြား၌ လမ်းလျှောက်လျှင် ဝါမြန်းလာသော သစ်ရွက်များကို အနီရောင်တင်၍ နေရောင်ခြည်အောက်တွင် အကိုင်းအခက်များနှင့် အရွက်များ၏ အရောင်အဆင်းများသည် ပိုမိုတောက်ပပါသည်။

တိန့်ဝေကျေးရွာသည် တိန်ချီးရေကန်၏ မြစ်ညာရှိ ကူမင်း စုံးဟွားရေကာတာ မြစ်ဖျားခံရာ ကာကွယ်ရေးဇုန်ထဲ၌ တည်ရှိနေပါသည်၊ စုံးဟွားရေကာတာ မြစ်ဖျားခံရာ ကာကွယ်ရေးဇုန်သည် ကူမင်းမြို့ရှိ အရေးကြီးသော သောက်သုံးရေရှိရာ ဖြစ်ပါသည်။

图片

မာလျောက်ဟယ်ဥယျာဉ်

မာလျောက်ဟယ်ဥယျာဉ်သည် ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်၌ တည်ရှိနေ၍ ဤဥယျာဉ်ကို လူသိနည်းသော်လည်း ရှုခင်းများသည် အလွန်လှပပါသည်။

မာလျောက်ဟယ်ဥယျာဉ်ရှိ မြစ်ကမ်း၌ မူလအတိုင်း ပေါက်လာသည့် အနီရောင်ဖြစ်သော မက်တာစီကွိုင်ယာပင်တစ်ကွက်ကြီး ရှိပါသည်။

ဆောင်းကူးရာသီနှင့် ဆောင်းရာသီတို့ထဲမှ မက်တာစီကွိုင်ယာပင်များသည် နီရဲရဲဖြစ်၍ တောက်ပရွှန်းတင့်သော အနီရောင်ဖြင့် လူများအား လှပသော ရှုခင်းတစ်ကွက် ပေးပါသည်။

图片

လောင်ယူမြစ်ဥယျာဉ်

ချမ်ကုမ်ရပ်ကွက်ရှိ လောင်ယူမြစ်ဥယျာဉ်ထဲမှ မက်တာစီကွိုင်ယာပင်တောသည် မာလျောက်ဟယ်ဥယျာဉ်နှင့် ယှဉ်ပြိုင်လျှင် နည်းနည်းမှမညံ့ဖျင်း။

လောင်ယူမြစ်ဥယျာဉ်၌ ရုက္ခပင်၏ အမျိုးအစားသည် အလွန်ပေါများကြွယ်ဝ၍ မက်တာစီကွိုင်ယာပင်တောသည် ၄င်းအနက်တွင် လွန်းထိုးထားပါသည်။

မတူသော သစ်ပင်များသည် ထူးခြားသော အရောင်ကို ဖွဲ့စည်းဖြစ်လာ၍ အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်များ အချင်းချင်းအလှဆင်၍ ရောင်စုံတောက်ပပါသည်။

图片

စိုင်လျန်မြစ်

စိုင်လျန်မြစ်ကမ်းတစ်လျှောက်မှ မက်တာစီကွိုင်ယာပင်များသည် ကြေးမုံကဲ့သို့ ပွင့်လင်းသော ရေပေါ်တွင် ရောင်ပြန်ဟပ်၍ ရောင်စုံလှပသော ဆီဆေးပန်းချီကားကဲ့သို့ ဖြစ်ပါသည်။

ဤနေရာ၌ ခေါင်းနီစင်ရော်များသည် ပါလာသည့် အားမာန်နှင့် သက်ဝင်အားများလည်း ရှိကြပါသည်

တံတားနီကလေးသည် စိုင်လျန်မြစ်ကို အလှဆင်ပြီး အလွန်လှပပါသည်၊ တံတား၏ ရွှန်းတင့်သော အနီရောင်နှင့် မက်တာစီကွိုင်ယာပင်များ၏ နက်ရှိုင်းသောအနီရောင်၊ ခေါင်းနီစင်ရော်များ၏ ချစ်ဖွယ်ကောင်းသော အဖြူရောင်၊ မြက်ခင်း၏ အစိမ်းရောင်၊ ကောင်းကင်၏အပြာရောင်တို့သည် ဤဆောင်းရာသီအစပိုင်း၏ အလှဆုံးသော အရောင်အဆင်းကို ဖွဲ့စည်းဖြစ်လာပါသည်။

图片


如果说在冬天有哪个城市能和彩虹比一比颜色,那昆明一定能有一席之地。

昆明周边的水杉林即将进入最美状态。一起看看这6个绝美水杉观赏地,你最想去哪里?

图片

三家村水库

虽已立冬,但昆明仍然处于深秋时节,三家村这里的景致就更美了,扑面而来的是一排排的红杉。

笔直挺拔的树型,因为秋色染成的火红树叶,倒影在蓝色的水面。

每年11月开始,就是三家村这片水杉林的颜值巅峰。

好似遗落人间的调色盘,深红、绯红、金黄、浅绿...与天空之蓝、湖水之绿交融,倒映在湖面。

不远处便是棋盘山,山、湖、水杉围合成一个人间秘境。

在林木苍翠的棋盘山怀抱中,三家村水库像极了一块通透的翡翠,蓝天白云,青山绿水,如梦如幻。

如火如荼的秋色里,随着秋风簌簌落下的红杉叶,铺成火红的地毯。

旁边是悠闲宁静的村子,若有机会,听听村里的老人讲故事,时间也仿佛在这里静止下来。

图片

海洪湿地

树在水中长,舟从林间过,鸟站枝头鸣,人行画卷中。这便是海洪湿地此时的景致!

海洪湿地与滇池相望,公园里水杉成片相连,秋冬之前低调存在,入冬后则摇身一变。

呈现着不同程度的红色,浅红、深红、橘红……相互交织,红艳动人!宛如树上结花,按季绽放。

走在公园内,高原上的阳光,穿过树叶间的缝隙直射下来,接着在水中反射出的光源,打亮了这一片的色彩。

透明的小船可以看到湖面上落叶滑过,阳光透过树影洒下,小船左右晃动,这是冬日午后的浪漫。

图片

甸尾村

甸尾村是昆明周边规模最大的观赏水杉胜地,16252棵水杉迎风伫立,枝叶渐渐转为赭红色。

秋冬的水杉湿地,笼罩在一片飘渺水雾中,宛如仙境。

无人机拍摄下的湿地,红水杉与碧水、蓝天交织,色彩斑斓,不可言喻。

行走在水杉林间,泛黄的树叶一层层地晕染上红色,在阳光的照射下,纤细秀美的枝叶的色彩显得更加明艳。

甸尾村位于滇池上游,昆明松华坝水源保护区内,松华坝水源保护区是昆明市的重要饮用水源地。

图片

马料河公园

马料河公园位于经开区,这个公园鲜有人知,风景优美。

在马料河公园的河畔,有一大片土生土长的红水杉。

秋冬的水杉红红火火,用鲜艳的红色给予人们一片绚丽的景色。

图片

捞渔河公园

不止是马料河,呈贡捞渔河的水杉林也毫不逊色。

在捞渔河,各色植物种类资源很是丰富,水杉林穿梭其中。

不同的树构成了别样的色块,红黄相间,又有绿色包裹,色彩斑斓,绚丽多姿。

图片

采莲河

采莲河沿岸的水杉倒映在明亮如镜的水面上,宛如一幅浓艳斑斓的油画。

这里还有红嘴鸥带来的生气和活力。

小红桥把采莲河装点得格外美丽,桥艳丽的红,配上水杉深邃的红嘴鸥可爱的白,草地的翠绿,天空的湛蓝,构成这个初冬最美的色彩。(图片来自彩龙社区)

图片

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်