အသစ်ထွက်ရှိလာတဲ့ အာဖရိက တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပြပွဲကို ကြည့်ရှုဖို့ ယွမ်ထုံစန်းကို လာကြစို့
2022-11-01 15:40|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) အောက်တိုဘာလ ၂၉ ရက်နေ့တွင် "မင်းနဲ့ငါ နှစ်ယောက်လုံးက သဘာဝပါပဲ-Mkapa အာဖရိက တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပြပွဲ" နှင့် တရုတ်-အာဖရိက ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု (ကူမင်းမြို့ရှိ လှုပ်ရှားမှု)ကို ကူမင်းတိရစ္ဆာန်ဥယျာဉ်၌ စတင်ကျင်းပခဲ့ပါသည်။
ဤဓာတ်ပုံပြပွဲသည် ကူမင်းနှင့် ဘေဂျင်း နေရာနှစ်ခု၌ ကျင်းပသည့် "တရုတ်-အာဖရိက ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ"ထဲမှ ပထမဆုံးလှုပ်ရှားမှု (ကူမင်းမြို့ရှိ လှုပ်ရှားမှု) ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ ဓာတ်ပုံဆရာများ၏ ပါဝင်ယှဉ်ပြိုင်သည့် ဓာတ်ပုံလက်ရာ အချပ် ၉၀၀၀ ကျော်မှ အကဲဖြတ်ရွေးချယ်ထားသော၊ ၂၀၂၁ ခုနှစ် ပထမအကြိမ် "Mkapa အာဖရိက တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြပွဲ"မှ ဆုရသူများ၏ ဓာတ်ပုံလက်ရာပေါင်း ၇၉ ချပ်ကို ပြသ၍ တုန်လှုပ်ဖွယ်ရာ ကောင်းလှပါသည်။
အဆိုပါလက်ရာများသည် အာဖရိကကျားသစ်များမှ ဂေါ်ရီလာမျောက်ဝံများအထိ၊ ကီလီမန်ဂျာရိုမှ တောင်အာဖရိကပင်လယ်အထိ၊ ထိန်းသိမ်းစောင့်ရှောက်ရေး သူရဲကောင်းများမှ စေတနာ့ဝန်ထမ်းများအထိ၊ အာဖရိကမှ တရုတ်နိုင်ငံအထိ ရှိသော သဘာဝအလှနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအလှများဖြင့် သဘာဝလောကကြီး၏ အခမ်းနားဆုံးသော တစ်ဖက်ခြမ်းကို လူတွေသို့ ပြသမည်။
"မင်းနဲ့ငါ နှစ်ယောက်လုံးက သဘာဝပါပဲ" ဟူသော ခေါင်းစဉ်ဖြင့် ဤဓာတ်ပုံပြပွဲသည် တောရိုင်းတိရိစ္ဆာန်နှင့် ကမ္ဘာမြေကြီးများကို ကာကွယ်သည့် စိတ်ဓာတ်အယူအဆကို အဆိုပြုပါသည်။
ပြပွဲကျင်းပရာတွင် တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြပွဲအပြင် ရှင်းလင်းရေးနှင့် သင်ကြားလေ့လာရေး လှုပ်ရှားမှုများ စသည့် ပုံစံအမျိုးမျိုးဖြင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး အသိပညာပေးမည် ဖြစ်၍ အများပြည်သူတို့၏ တောရိုင်းတိရိစ္ဆာန်များဆိုင်ရာ သိပ္ပံနည်းကျ အသိပညာများကို မြှင့်တင်ကာ ဇီဝမျိုးစုံမျိုးကွဲများကို လူများ အတူတူကာကွယ်စေရန် အဆိုပြုမည်။
ပြပွဲအချိန်။။ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ
နေရာ။။ ကူမင်းတိရစ္ဆာန်ဥယျာဉ်ရှိ ချယ်ရီပန်းစိုက်ဧရိယာ (ပြင်ဘက်)၊ ဘာကျောင်ဇရပ် (အခန်းတွင်း)
10月29日,“你我皆自然:姆卡帕·非洲野生动物摄影作品展”暨中非生物多样性保护科普宣传活动(昆明站)在昆明动物园拉开序幕。
本次摄影展是在昆明、北京两地举办的“中非生物多样性保护科普宣传活动”系列中的第一站(昆明站)。展出了来自全球50多个国家摄影师的9000多幅参赛作品中评选出来的、2021年首届“姆卡帕·非洲野生动物摄影大赛”获奖者的摄影作品79幅,极具冲击力和震撼感。
作品呈现了从非洲豹到大猩猩;从乞力马扎罗到南非外海;从保护英雄到志愿者;从非洲到中国的自然之美,保护之美,将向人们展现出自然最波澜壮阔的一面。
本次摄影展以“你我皆自然”为主题,倡导保护野生动物、保护地球的精神理念。
整个展览期间除了野生动物摄影图片展,还将通过讲解、研学活动等多种形式,进行野生动物保护科普宣传,提升公众对野生动物的科学认知,倡导大家共同保护生物多样性。
展览时间:2022年10月29日—12月31日
地点:昆明动物园樱花区(室外)、八角亭(室内)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား